抖阴社区

?????(??)

2K 372 6
                                        

[Zawgyi]

"အိုက်ယား၊ ရှစ်ဇွင်းကလည်း ဘာလို့လူထပ်သတ်နေဦးမှာလဲ? ထားလိုက်ပါတော့။ တပည့်လည်း ဘာမှမဖြစ်ပါဘူး။"

ချူ မင်ထျန်းက သူ့ရှစ်ဇွင်းကို နားချစကားဆိုသည်။ သို့ပေသည့် လော့ရှန်းက မတက်မှောင်ကုတ်ကာပြောသည်။

"ငါရောက်တာမြန်လို့လေ။ မဟုတ်ရင် မင်းအခုလိုတောင်ရပ်နေနိုင်ပါဦးမလား? မင်းကိုထိရဲတဲ့အကျိုးဆက်ကို သူတို့သေချာရှင်းရှင်းလင်းလင်းသိနေမှဖြစ်မယ်။"

"ဘာဖြစ်ဖြစ် သူတို့က အပြစ်မရှိဘူးလေ။ လုပ်တဲ့လူတွေလည်း သေကုန်ပြီပဲဟာ။ ဒီအတိုင်းထားလိုက်ပါတော့နော် ရှစ်ဇွင်း။ ရတယ်မလား?"

ချူ မင်ထျန်းက မျက်နှာလေးငယ်ကာဆို၏။ အပြင်ပန်းတွင်မည်မျှမျက်နှာငယ်နေပါစေ အတွင်းစိတ်၌ကား သူမည်မျှဝမ်းသာအူမြူးနေသည်ကို ချူ မင်ထျန်းသာသိပေလိမ့်မည်။

အဖမ်းခံရပြီး သေမလိုဖြစ်သွားတာလည်း ကောင်းသားပဲ။ ရှစ်ဇွင်း ငါ့ကိုအရမ်းအလေးထားတာသိသွားပြီ။

လော့ရှန်းက ချူ မင်ထျန်းကိုငုံ့ကြည့်သည်။ ထို့နောက်တွင်မတော့ သူက မျက်နှာထားတင်းတင်းကိုဖြေလျှော့လိုက်ရင်းဆိုလာ၏။

"ရတာက ရပါတယ်။ ဒါပေမယ့်..."

တစ်ဝက်တစ်ပျက်နှင့်ရပ်သွားသောစကားကြောင့် ချူ မင်ထျန်းက မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်လုပ်ကာမေးသည်။

"ဒါပေမယ့် ဘာဖြစ်လဲ ရှစ်ဇွင်း?"

လော့ရှန်းက ရယ်သည်။

"တပည့်လေးက ဒီဆရာ့ကို ဘယ်လိုဖြောင်းဖျမလဲဆိုတာကြည့်မယ်လေ။"

ချူ မင်ထျန်းက ခဏမျှစဉ်းစားနေသည့်ဟန်ဖြင့် ငြိမ်သွား၏။ ထို့နောက်တွင်မူ ပလီပလာဥာဏ်ရောင်စုံတို့က သူ့အာရုံထဲကွန့်မြူးလာပေ၏။

"ဒါက လွယ်ပါတယ်။ ရှစ်ဇွင်း...တပည့်ကိုချီ။"

"ကောင်းပြီလေ။"

လော့ရှန်းက ချူ မင်ထျန်းကိုကောက်ပွေ့လိုက်သည်။

"မျက်လုံးမှိတ်ထား။"

Who Dare Touch My Disciple!?[Completed]Where stories live. Discover now