抖阴社区

?????(??)

3.2K 583 7
                                        

[Zawgyi]

အမှန်တော့ လော့ရှန်း ထွက်သွားဖို့ပင်။ သို့သော်လည်း နောက်ဘက်ဆီမှ လှုပ်ရှားသံအချို့ကြားလိုက်ရပြီး ပြန်လဲကျသွားသည့်အသံများကြောင့်ရယ်၊ အာရုံထဲပေါ်လာသည့် နွေးထွေးကြည်လင်နေသောမျက်ဝန်းတစ်စုံရယ်ကြောင့် သက်ပြင်းချကာ နောက်ပြန်လှည့်လိုက်သည်။

ဤနှစ်များအတွင်း သူ မည်သူတစ်ဦးတစ်ယောက်ကိုမှ မကူညီဖူးသလို သနားစိတ်လည်းမဝင်ခဲ့။ လော့ရှန်းစိတ်ထဲမှတ်ယူထားသည်က လူဆိုသည်မှာ ကူညီရန်မထိုက်တန်သောသူများ။ မင်းက သူတို့နိမ့်ကျနေချိန်မှာကူညီခဲ့ပေမယ့် သူတို့ကတော့ မင်းနိမ့်ကျနေချိန်မှာ ကူညီချင်မှကူညီပေလိမ့်မည်။ ထိုကဲ့သို့သောအဖြစ်များကို ဤနှစ်များအတွင်း သူအကြိမ်ကြိမ်မြင်တွေ့ခဲ့ရပြီးပြီ။

ထို့ကြောင့်ပင် သူ့နှလုံးသားသည် ကြင်နာသနားစိတ်အလျင်းမရှိ။ ဒါပေမယ့် ဒီကောင်လေးကျမှ ဘာကြောင့်ရယ်မသိ ကူညီချင်နေမိပြန်၏။ ဖြစ်နိုင်သည်က တစ်စုံတစ်ဦးမှာရှိသော မျက်ဝန်းကလေးများ သူ့ထံတွင်ရှိနေခြင်းကြောင့်။ အတွေးစတို့နှင့်အတူ လော့ရှန်းတစ်ယောက် လဲကျနေသောကောင်လေးရှေ့ ထိုင်ချမိရပြီ။

"ခြေထောက်က ဘာဖြစ်သွားတာလဲ?"

"မ...မသိဘူး။"

ထိတ်လန့်စွာပြန်ဖြေလာသည့်အသံကြောင့် လော့ရှန်း မျက်မှောင်ကုတ်သွားသည်။ ထို့နောက် ဘာစကားမှမဆိုဘဲ နီရဲယောင်ကိုင်းနေသောခြေထောက်ဆီလက်လှမ်းမိတော့ ကောင်လေးက အထိမခံချင်သည့်အလား။

"ပြစမ်းပါ။"

သူ့ရဲ့စိတ်မရှည်သည့်အသံကြောင့် ထိုကောင်လေး ငြိမ်သွားသည်။ ဖိနပ်တို့ကလည်း ပေရေစုတ်ပြတ်လို့။

"ကျွန်တော့်ဘာသာ လုပ်ပါ့မယ်။"

ထိုကောင်လေးက လော့ရှန်းကို အားတုန့်အားနာကြည့်ရင်းပြောကာ ဖိနပ်ကိုချွတ်လိုက်သည်။ ဖြူ ဖွေးသန့်စင်နေသောခြေချောင်းကလေးများက ကုပ်လို့။ လော့ရှန်းသည်ပင်အံ့သြသွားရသည်။ နီရဲနေသောခြေကျင်းဝတ်အနားကိုထိမိတော့ နာကျင်၍ညည်းညူ သံသဲ့သဲ့က ကောင်ကလေးထံမှထွက်ကျလာ၏။

Who Dare Touch My Disciple!?[Completed]Where stories live. Discover now