抖阴社区

?????(??)

2.1K 357 10
                                    

[Zawgyi]

နောက်ရက်မနက်စာစားချိန်၌ ချူ မင်ထျန်းတွေ့လိုက်ရသူက လော့ရှန်းပင်။ လော့ရှန်းက သူချက်ပြုတ်ထားသည်များကို စားပွဲပေါ်တွင်နေရာချရင်း အခန်းတံခါးဝ၌ရပ်တန့်သွားသော ချူ မင်ထျန်းကိုလှမ်းကြည့်ကာဆို၏။

"ဘာရပ်နေတာလဲ? လာလေ။ ငါမင်းကို ကိုက်မစားပါဘူး။"

သည်တော့မှ ချူ မင်ထျန်းက အထဲဝင်လာကာမေးသည်။

"ရှစ်ဇွင်းရော?"

"လောလောဆယ်တော့ မင်းရှစ်ဇွင်းက ငါပဲ။"

ထို့နောက် သူက အနည်းငယ်မျက်မှောင်ကုတ်သွားသောချူ မင်ထျန်းကိုကြည့်ကာ ရယ်ရင်းမေးသည်။

"ဘာလဲ? လော့မုဖုန်းပဲ မင်းရှစ်ဇွင်းဖြစ်လို့ရပြီး ငါကမရဘူးလား?"

"ဒါပေမယ့်...ရှစ်ဇွင်းက တစ်ယောက်ပဲရှိရမှာလေ။"

ချူ မင်ထျန်းက တုန့်ဆိုင်းစွာဆို၏။

"ဒါဆိုလည်း လော့မုဖုန်းနဲ့ငါ့ကို အတူတူပဲလို့မှတ်လိုက်လေ။"

"ပြောတော့ မတူဘူးဆို။"

"အခုတူသွားပြီ။ သူတောင်မင်းရဲ့ရှစ်ဇွင်းဖြစ်လို့ရရင် ငါလည်းမင်းရှစ်ဇွင်းဖြစ်လို့ ရ,ရမယ်။"

"ဟုတ်ပါပြီ၊ လော့ရှန်းကိုကိုကလည်း ကျွန်တော့်ရှစ်ဇွင်းပါပဲ။ ကျေနပ်ပြီလား?"

လော့ရှန်းက ကျေနပ်စွာပြုံးရင်း ချူ မင်ထျန်း၏ခေါင်းကိုပုတ်သည်။

"လိမ္မာတယ်။"

ချူ မင်ထျန်းသည်ကတော့ လက်ရှိဖြစ်နေသည့်ကိစ္စများကို နားမလည်နိုင်စွာဖြင့် ခေါင်းယမ်းရင်း ထမင်းသာငုံ့စားနေတော့၏။
...

ဖန်းဝမ်ချင်း သူ့အားစာပို့ကာချိန်းဆိုသောနေရာသို့ရောက်လာ၏။ ထိုနေရာ၌ ဝါးခမောက်ကို ခပ်ငိုက်ငိုက်ဆောင်းထားသူတစ်ဦးက သူ့ကိုကျောပေးလျက်ရပ်နေသည်။

"ကျုပ်ကို ဘာကိစ္စတွေ့ချင်ရတာလဲ?"

ဖန်းဝမ်ချင်း မေးလိုက်မိသည်။ ထိုသူက ခပ်တိုးတိုးရယ်၏။

"ခင်ဗျားအတွက် တာဝန်တစ်ခုရှိလို့ပါ အကြီးအကဲဖန်း။ လော့မုဖုန်းက တပည့်တစ်ယောက်လက်ခံလိုက်တယ်။ အဲ့ဒီ့တပည့်က အင်ပါယာအရှင်အလိုရှိနေတဲ့သူပဲ။ ဒီတာဝန်ကိုသာလက်ခံရင် ခင်ဗျားသားအတွက် ကလဲ့စားချေနိုင်မယ့်အပြင် ခင်ဗျားလည်း ဆုလာဘ်တွေအများကြီးရဦးမှာ။"

Who Dare Touch My Disciple!?[Completed]Where stories live. Discover now