[Zawgyi]
"ထျန်းရွှီ...သူက ထျန်းရွှီ?"
လော့ရှန်း လော့မုဖုန်း၏ရင်ခွင်ထဲမှ ကလေးငယ်ကိုကြည့်ပြီး မေးလိုက်သည်။ နှစ်တွေအများကြီးကြာသွားသည့်တိုင် တစ်စုံတစ်ယောက်သောသူ၏ပုံရိပ်များက သူ့မှတ်ဥာဏ်တွင် ရှင်းလင်းပီသစွာနေရာယူနေဆဲ။ လော့မုဖုန်းနှင့်သူက အချင်းချင်းဆက်နွယ်နေတာကြောင့် လော့မုဖုန်းမြင်သမျှကြားသမျှကို သူလည်းမြင်နိုင်ကြားနိုင်သည်လေ။
"သူသာတစ်ခုခုဖြစ်သွားရင် မင်းလွယ်မယ်မထင်နဲ့!"
လော့မုဖုန်းက ခပ်တင်းတင်းပြန်ပြောသည်။ လော့ရှန်းသာ သူ့ကို သူဖမ်းချုပ်ခံထားရတဲ့နေရာမှာ သုံးရက်လောက်ပိတ်မထားဘူးဆိုရင် ထျန်းရွှီက ဆိုးရွားနေတဲ့ရာသီဥတုဒဏ်ကိုခံရင်း ဒူးထောက်နေစရာလိုပါ့မလား။ လော့ရှန်းကလည်း သူ့အမှားသူသိနေဟန်ဖြင့် တိတ်ဆိတ်နေ၏။ သူတို့နှစ်ယောက်လုံးတစ်ယောက်နှင့်တစ်ယောက်အမြင်မကြည်သော်ငြား ထိုလူသားအပေါ်မြတ်နိုးသောစိတ်ကတော့ အတူတူပင်။
လော့မုဖုန်း ချူ မင်ထျန်းအား ကုတင်ပေါ်တွင်ချပေးကာ နှင်းရည်များရွှဲစိုနေသောအဝတ်အား လဲပေးမည်ပြင်ပြီးမှ စိတ်ပြောင်းလိုက်ကာ စွမ်းအားနှင့်သာခြောက်အောင်လုပ်လိုက်သည်။ သက်စောင့်ဆေးတစ်လုံးကိုယူကာ တိုက်လိုက်ပြီး ခန္ဓာကိုယ်ထဲစွမ်းအားများလွှဲပြောင်းပေးနေမိသည်။ နွေးထွေးသောစွမ်းအင်များ လှည့်ပတ်စီးဆင်းသွားသည့်အလျောက် ချူ မင်ထျန်းဆီမှာ သက်တောင့်သက်သာဖြစ်သွားသည့် ညည်းသံသဲ့သဲ့ထွက်ပေါ်လာသည်။
သည်တော့မှ လော့မုဖုန်းလည်း စိတ်သက်သာရာရသွားကာ စွမ်းအင်လွှဲပြောင်းပေးနေခြင်းကိုရပ်လိုက်သည်။ သူ့စွမ်းအားတွေက ပြင်းထန်လွန်းတာမို့ အများကြီးလွှဲပြောင်းလိုက်မိလျှင် ဘာကျင့်ကြံမှုကိုမှမလုပ်ရသေးသော ထျန်းရွှီအတွက် သိပ်မကောင်း။
လော့မုဖုန်း ကူတင်ထက်တွင် သက်တောင့်သက်သာဖြင့်အိပ်ပျော်နေဟန်ရှိသောသူကိုတစ်ချက်မျှကြည့်ပြီးနောက် ပို၍နွေးထွေးသွားစေရန် စောင်ထူထူခြုံပေးကာ စားစရာတစ်ခုခုပြင်ပေးရန် စားဖိုဆောင်ဘက်ကိုထွက်လာလိုက်သည်။ သုံးရက်လုံးလုံး ခြံရှေ့မှာပဲဒူးထောက်နေခဲ့တာဆို ဘာမှလည်းစားရမည်မဟုတ်။ နိုးလာလျှင် ဗိုက်ဆာနေမည်မှာအသေအချာ။

YOU ARE READING
Who Dare Touch My Disciple!?[Completed]
FantasyName : Who Dare Touch My Disciple!? [Notice : Not written in English.] Genre : historical, bl, fantasy, romance Start date : 19.7.2020 End date : 19.12.2020