အချိန်မှာကား ည၉နာရီဖြစ်နေပါသော်လည်း ဟန်ဘင်းမှာ ယခုထိ အလုပ်စားပွဲကနေ ဖင်မကြွရသေးပေ။ ထိုနေရာမှာ ထိုင်လာခဲ့တာ ညနေ၅နာရီ အစည်းအဝေးပြီးကတည်းကပင် ဖြစ်သည်။ ဒါကြောင့်မို့ ကုမ္ပဏီသွားဖို့ဆိုရင် ဆောင်းဟန်ဘင်းတို့ တအားတွန့်ဆုတ်နေတာ။ ဘာဘဲဖြစ်ဖြစ်ပါ ဟာအို့ပါးဖောင်းဖောင်းလေးကို နမ်းခဲ့ပြီးကတည်းက သူ့မှာ အားအင်အပြည့်ရှိခဲ့တာပင်။ ဒီတော့ ဒီလောက်အလုပ်တွေမနည်းမနောကိုလုပ်ရလည်း ဘာမှမဖြစ်ပါဘူး လုပ်နိုင်ပါတယ် ဟင်းဟင်း။
"ဟော ဟန်ဘင်း မပြန်သေးဘူးလား၊ ငါကပြန်သွားပြီတောင် မှတ်နေတာ"
CEOရုံးခန်းတံခါးအား သူ့အိမ်က တံခါးအတိုင်းအားကြီးနဲ့ ဆောင့်တွန်းဖွင့်ပြီး ဝင်လာတဲ့ သူ၏ အတွင်းရေးမှူး ဂျီဝန်းဟျောင်းကြောင့် ဟန်ဘင်းရင်လေးမိသည်။ ဘယ့်နှယ် သူတောင် ရုံးကရှိတဲ့ ပစ္စည်းတွေကို အသာအယာလေးကိုင် အသာအယာလေးလုပ်တာကို သူ့ဟျောင်းကတော့ အသာယာမကိုင်ပါဘဲ အကြမ်းပတမ်းနဲ့။ ဒါကြောင့်လည်း လူပျိုကြီး ဖြစ်နေတာ။
"ဟျောင်းရယ် ဖြည်းဖြည်းသက်သာ ဖွင့်ဝင်ပါဗျာ၊ အဲ့တံခါးသာ ပျက်စီးသွားရင် အသစ်ဝယ်ဖို့က အများကြီး ကုန်မှာဗျ"
"အေးပါကွာ ငါလည်း အားနည်းနည်းလေးပါသွားလို့ပါဟ"
အားနည်းနည်းလေးမို့လို့သာပေါ့ အားများများသာဆို တံခါးနဲ့အတူ ဟန်ဘင်းပါ လွင့်ထွက်သွားမလားဘဲ။ ဒါပေမယ့်လေ သိလား ဂျီဝန်းဟျောင်းလို ဗလတောင့်တောင့်ကြီးရှိတာလည်း တကယ်မဆိုးဘူး။ ချစ်သူရှိရင် ခါးလေးကိုကိုင်ပြီး မွေ့ရမ်းလို့ရတယ်။ မဖြစ်သေးဘူး သူလည်း ဂျီဝန်းဟျောင်းလို ကြက်ဥအကြီးကြီးရအောင် gymဆော့ပြီး ဟာအို့ခါးသေးသေးလေးကိုကိုင်ပြီ လေပေါ်မြှောက်ပစ်မယ်။ ဟိဟိ အတွေးနဲ့တင် ပျော်စရာကောင်းနေပြီ။
"ညရောက်ပြီဆိုတော့ ဆောင်းဟန်ဘင်းတစ်ယောက် ဝက်ရူးပြန်နေပြီထင်ပါ့"
"ဟ ဂျီဝန်းဟျောင်း လစာအဖြတ်ခံချင်နေတာလား"
စာရင်းစာရွက်ကိုကြည့်ပြီး ဂျီဝန်းကို replyမပြန်ဘာမပြန်နဲ့ ပြုံးစိပြုံးစိလုပ်နေတဲ့ ဆောင်းဟန်ဘင်းအား အမြင်ကပ်ကပ်နဲ့ ပြောလိုက်တော့ ဘာတဲ့ လစာအဖြတ်ခံချင်လို့လားတဲ့။ အမလေး ကင်မ်ဂျီဝန်းကလည်း သူဌေးသားပါနော်။ အဖေဖြစ်သူရဲ့ လုပ်ငန်းတွေကို လုပ်ဖို့ပျင်းနေသေးလို့ CEOကြိုဖြစ်နေတဲ့ ဆောင်းဟန်ဘင်းဆီမှာ အတွင်းရေးမှူးလုပ်ရင် အေးဆေးများနေရမလားဆိုပြီး လာလုပ်ပါတယ်။ အလုပ်မှန်သမျှ ဆောင်းဟန်ဘင်း ခေါင်းပေါ်မကျဘဲ ဂျီဝန်းခေါင်းပေါ်ပဲပုံကျနေတာ။
ဒါတောင် သူ့ရည်းစားဟောင်းလေးကြောင့် ခေါင်းကွဲသွားလို့ သနားစာနာတတ်တဲ့သူကပဲ အလုပ်တွေဒိုင်ခံလုပ်ပေးနေတာကို သကောင့်သားက ကျေးဇူးကိုကန်းတယ်။
"no problem, as u like bro"
"ဟုတ်ပါပြီ ဟမ့်~~~ဒါနဲ့ မပြန်သေးဘူးလား ဘာလုပ်နေတာလဲ ပြန်ပါတော့ သူဌေးသားရယ်၊ ကျွန်တော်မျိုးကတော့ သူဌေးသားမဟုတ်တော့ အလုပ်လုပ်နေရတာ၊ မနှောင့်ယှက်ပါနဲ့ဗျာ"
"ဒီကောင် ငါလုပ်လိုက်ရ၊ သူဌေးသားလည်း အလုပ်လုပ်မှ ထမင်းစားရတာကွ၊ ကဲပါ ဘာတွေကျန်သေးလဲ ငါ့ကိုလည်းပေး ငါလုပ်ပေးမယ်"
"အဟဲ ဒါဆိုလည်း ဒါလေးကို စစ်ပေး၊ ကျွန်တော် မျက်စိညောင်းနေလို့"
ခိုင်းစရာလေးရှိရင်တော့ တဟဲဟဲနဲ့ ဆောင်းဟန်ဘင်းက ထိပ်ခေါက်ချင်စရာ။ အဲ့တာကြောင့်လည်း သူ့ရည်းစားဟောင်းကောင်လေးက မကြည်တာ။ အခုလည်း ဖုန်းကိုင်ပြီး အပြင်ဘက်ထွက်သွားပြန်ပြီ။ ခါတိုင်းလို မအိပ်သေးတဲ့ သူ့ရည်းစားဟောင်းလေးကို သွားကြူတာဖြစ်မယ်။
~~~~~~
တတူတူမြည်လိုက်၊ မအားသေးပါလို့ မြည်လိုက်ဖြစ်နေတဲ့ ဖုန်းလေးကိုကြည့်ပြီး ဟန်ဘင်းမျက်နှာမှာ မိုးပြိုတော့မလို။ အသံလေးကြားချင်လို့ ခေါ်တာကို အဆိုးလေးကမကိုင်ဘူး။ နောက်တစ်ခါ ထပ်ဆက်ကြည့်တော့ ကိုင်သွားပြီ။ ဟူး တော်ပါသေးရဲ့။
"ဟယ်လို ဟာအိုလား"
"မဟုတ်ဘူး မဟုတ်ဘူး"
"ဟင် ဒီဖုန်းနံပါတ်က ဟာအို့ဖုန်းနံပါတ်ပါ၊ အသံကလည်း ဟာအို့အသံပဲဟာကို"
"အော် ဒီအရူး! ဟုတ်တယ် ငါ ကျန်းဟာအို၊ စာဖတ်နေပါတယ်ဆို ဘာမှန်းမသိ"
ကိုယ်ကဖြင့် အလုပ်တွေအများကြီးလုပ်ရပြီး ပင်ပန်းနေတာကို သူလေးကတော့ အေးဆေးစာဖတ်နေတယ်။ ဖုန်းလေးခေါ်ပြန်တော့လည်း ဆူအောင့်အောင့်နဲ့ပြန်ပြောတယ်။ ဆောင်းဟန်ဘင်းက သနားစရာကောင်းလိုက်တာ အဟင့်။
"ကိုယ်က လွမ်းလို့ပါ ဟာအိုရယ်၊ မအားရင်လည်း ထားလိုက်ပါတော့နော်"
ဒီလိုကျတော့ ဆောင်းဟန်ဘင်းက အရမ်းသနားစရာကောင်းလွန်းနေလို့ ကျန်းဟာအိုမှာ ဖတ်လက်စ စာအုပ်ကို ပစ်ချပြီး ဆောင်းဟန်ဘင်းရဲ့ အာလာပသာလာပတွေကို ထိုင်နားထောင်ဖို့ပြင်ရတော့သည်။
"သနားစရာကောင်းအောင်လို့ လုပ်ပြမနေနဲ့၊ ပြောစရာရှိတာပြော"
"ဟီးဟီး အဲ့တာကြောင့်မို့ ကိုယ်က ကျန်းဟာအိုလေးကို ချစ်နေရတာ"
"ငါ့ကိုချစ်ရအောင် ငါက မင်းချစ်သူလား"
အယ် ဟုတ်တယ်ပြောရအောင်လည်း သူတို့နှစ်ယောက်က ချစ်သူမှမဟုတ်တာ။ မဟုတ်ဘူးလို့ ပြောရအောင်လည်း လုံးလုံးချစ်သူမဟုတ်တော့တာမှ မဟုတ်တာ။ တစ်ချိန်ကျရင် ပြန်တွဲမယ့်သူတွေ မဟုတ်ဘူးလား။
"မကြာခင်မှာ ပြန်တွဲတော့မယ့်သူတွေလေ ဟီးဟီး"
"ရူးနေလို့ မင်းကို ငါကပြန်တွဲရမှာလား၊ မျက်နှာရူး ကပ်စီးနှဲကောင်ကို ကျန်းဟာအိုတို့က ပြန်မတွဲပါဘူးနော် အိပ်မက်မက်မနေနဲ့"
ဘုဆက်ဆက်နဲ့ပြန်ပြောနေတဲ့ ကောင်လေးအား ဆောင်းဟန်ဘင်းက ထိုသို့မေးလိုက်ချင်ပါသေးသည်။ ကိုယ်နဲ့ မင်းနဲ့သာ ပြန်တွဲရင် ကိုယ်မင်းကို ဘာလုပ်ရမလဲလို့။ အဲ့လိုပြောရင် ဖုန်းချပစ်မလားမသိ။
"ဟုတ်ပါပြီ မတွဲရင်လည်း ထားပါတော့၊ ကိုယ်လည်း တခြားတစ်ယောက်နဲ့ပဲတွဲလိုက်ပါတော့မယ် မင်းအစား"
"တွဲပေါ့ ဘာလို့ ငါ့ကိုလာပြောနေတာလဲ"
"စတာပါ စတာပါဗျာ၊ ဒေါသထွက်နေတဲ့ အသံကြီးနဲ့ မပြောပါနဲ့"
"ဆောင်းဟန်ဘင်း! မင်း အရည်မအဖတ်မရပြောနေမယ်ဆိုရင် ငါဖုန်းချတော့မယ်"
မြင်လား မြင်လား။ အဲ့တာလေးပြောမိတာကို စိတ်ဆိုးမာန်ဆိုးနဲ့ ဖုန်းချမယ်တဲ့။ ဟန်ဘင်းကိုကျ တခြားသူနဲ့လည်း မတွဲစေချင်၊ ကိုယ်တိုင်ကျတော့လည်း ချစ်နေရဲ့သားနဲ့ ဟန်ဘင်းကို မသိကျေးကျွန်ပြုပြီး လျစ်လျူရှုထားတယ်။ ကျန်းဟာအိုငဆိုးလေး။ သဝန်တော့တိုတတ်တယ် ချစ်တော့မချစ်ဘူးပုံစံနဲ့။ ဆောင်းဟန်ဘင်းကို ဒါမျိုးလာမလုပ်နဲ့မရဘူး။ သဝန်လည်းတိုရမယ်၊ ချစ်လည်းချစ်ရမယ်၊ ပြန်လည်းတွဲရမယ် ဟွန်း။
ခုတော့ ဒီကိစ္စထားလိုက်ပါဦး။ တကယ်ဖုန်းချနေခါမှ ဆောင်းဟန်ဘင်းတို့ အလွမ်းမပြေဘဲ ဆွေးနေရဦးမယ်။ သူလေး အလိုကျ စကားလမ်းကြောင်းလွှဲပေးရမည်။
"ဖုန်းတော့မချလိုက်ပါနဲ့ ကိုယ်တို့ တခြားအကြောင်းပြောကြတာပေါ့နော်"
"အင်း မင်းပြော မင်းဆက်တာဆိုတော့၊ ငါ့မှာက ဘာမှပြောစရာမရှိဘူး"
တကယ်တမ်းကတော့ ဟန်ဘင်းက ဟာအို့အသံလေးကို မကြားရမနေနိုင်သူမို့ ဒီတိုင်းဆက်လိုက်တာဖြစ်သည်။ ပြောစရာစကားရယ်လို့က မယ်မယ်ရရမရှိ။ သူတို့နှစ်ယောက် စကားပြောပြီဆိုရင် ရန်ဖြစ်လိုက်စလိုက်ပဲမို့ အခုလို အတည်စကားပြောမယ်ဆိုလျှင် ဘာပြောရမှန်းမသိပေ။
"ဟယ်လို ဆောင်းဟန်ဘင်း ဘာလဲ အိပ်ပျော်သွားတာလား"
"မဟုတ် မဟုတ်ဘူး ဟာအို၊ ကိုယ် ဘာပြောရင်ကောင်းမလဲလို့ စဉ်းစားနေတာပါ"
ပြောစရာစကားမရှိဘဲနဲ့များ ငါ့ကိုလာဆက်နေသေးတယ်။ ဒီဆောင်းဟန်ဘင်းကတော့ သူ့ကိုဆို အေးအေးဆေးဆေး ပေးမနေပေ။ တစ်ခုခုတော့ အနှောင့်အယှက်ပေးလိုက်ရမှ။ ဘယ်ကတည်းက မကျေနပ်ချက်တွေနဲ့ ဟာအို့အပေါ်အငြိုးထားပြီး စိတ်ဒုက္ခပေးနေလဲမသိ။
"ပြောစရာမရှိရင် ငါချမှာလို့ ပြောပြီးသားနော် ဆောင်းဟန်ဘင်း"
"ရှိပြီ ရှိပြီ ပြောမယ် ကိုယ်ပြောမယ်~~~ကိုယ်တို့ ကုမ္ပဏီမှာ ပိတ်ရက်ရှည်ပိတ်ဖို့ စီစဉ်ထားတယ် အဲ့တာ ရုံးကဝန်ထမ်းတွေနဲ့အတူ ခရီးတိုလေးထွက်မလို့၊ ဟာအိုလိုက်ခဲ့ချင်လား"
"မလိုက်ချင်ပါဘူး ရှုပ်ရှုပ်ရှက်ရှက်၊ မင်းတို့ဘာသာသွား ငါ့ဟာငါ အိမ်မှာပဲအေးဆေးနေမှာ"
ငိ နည်းနည်းပါးပါးလေးတောင် စဉ်းစားမပြောဘူး၊ ချက်ချင်းကို တန်းငြင်းတော့တာပဲ။ မဖြစ်သေးပါဘူး။ ကျန်းဟာအိုလေး မလိုက်လိုက်အောင် သူတစ်ခုခုနဲ့တော့ မျှားခေါ်မှဖြစ်မည်။ သူစီစဉ်ထားတဲ့ အကြံကလည်း ရှိသေးသည်မလား။ အဲ့တာကြောင့် ဒီခရီးစဉ်ကို ကျန်းဟာအိုလေးသာ မလိုက်ရင် သူစီစဉ်ထားသမျှ အကုန် သဲထဲရေသွန်ဖြစ်ကုန်လိမ့်မည်။
"ဟာအိုကလဲကွာ လိုက်ခဲ့ပါ၊ အခုသွားမယ့်နေရာက ဟာအိုသွားချင်နေတဲ့ ဂျယ်ဂျူလေ၊ ပင်လယ်စာလည်း အရမ်းပေါတော့ ကြိုက်သလောက်စားလို့ရတယ်သိလား"
"အမ်း စဉ်းစားလိုက်ဦးမယ်၊ ငါလည်း အခုတလော ပင်လယ်စာစားချင်နေတာဆိုတော့"
ဟုတ်တယ်။ အခုတလော ဟာအိုပင်လယ်စာအရမ်းစားချင်နေတာ။ ဆိုးလ်မှာက ဈေးကြီးတော့ ဆောင်းဟန်ဘင်းလို ကုမ္ပဏီCEOကြီးမဟုတ်ဘဲ incomeမရှိတဲ့ ဟာအို့မှာ ဝယ်၍မစားနိုင်ပေ။ သူဌေးသားရှန်ချွမ်းရွေ့ကလည်း ဘယ်ကမ္ဘာရောက်လို့နေလဲမသိ၊ ဖုန်းလည်းမဆက်ပါဘဲ ပျောက်တော်မူနေတာ။
ဘယ်လိုလုပ်လိုက်ရမလဲ။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဆောင်းဟန်ဘင်းနဲ့အတူ လိုက်သွားရင်ကောင်းမလား။ ဒါပေမယ့် ဆောင်းဟန်ဘင်းကို သိပ်တော့လည်းမယုံချင်။ တော်ကြာ ဉာဏ်နီဉာဏ်နက်နဲ့ ဟာအို့ကို တစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ။ မဖြစ်သေးပါဘူး။
ဒါပေမယ့် ပင်လယ်စာကိုလည်း အရမ်းစားချင်နေပြီး ဂျယ်ဂျူကိုလည်း အခုထိ နှံ့နှံ့စပ်စပ်မရောက်ဖူးတာကြောင့် သွားတော့သွားချင်သား။ ဟာအို့ပိုက်ဆံသာ မကုန်ရင် လိုက်သွားလိုက်မယ်။ ကုန်မယ်ဆိုရင်တော့ ဒိုးလိုက်တော့ ဘယ်တော့မှ မလိုက်ဘူး။
"ဆောင်းဟန်ဘင်း ငါသာလိုက်မယ်ဆိုရင် ငါ့စရိတ်နဲ့ငါလား ဒါမှမဟုတ်~~"
"ဟာ မဟုတ်ဘူး မဟုတ်ဘူး၊ ကိုယ်ပေးမှာ ဟာအိုသွားချင်တဲ့နေရာသွား၊ စားချင်တာစား အကုန်ကိုယ်ရှင်းပေးမှာ"
"အယ် အဲ့လိုလား ဒါဆိုရင် လိုက်မယ်၊ ကတိနော် ဆောင်းဟန်ဘင်း ပြီးခါကျမှ ပိုက်ဆံမလောက်လို့တို့ ဘာတို့ လာမလုပ်နဲ့နော်"
"ဟုတ်ပါပြီကွာ ကိုယ်ကတိပေးပါတယ်၊ ကိုယ်ကဒ်ထဲ ပိုက်ဆံအပြည့်ထည့်လာပါ့မယ်"
"ဟမ့် ပြီးတာပဲ~~~ဒါဆိုရင် ချလိုက်တော့မယ် စာအုပ်ဆက်ဖတ်တော့မလို့"
"ဟုတ်ကဲ့ပါဗျာ အိပ်မက်လှလှမက်ပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ်"
ချစ်သောရယ်လို့တော့ ဟန်ဘင်းမပြောလိုက်ပါဘူး။ ကြားမှာလည်းမဟုတ်ဘူးလေ။ အခုတောင် စကားမဆုံးသေးဘူး ဖုန်းကိုချပစ်တာ။ တော်တော်ကိုဆိုးတဲ့ အဆိုးလေးပါ။ ဘာဘဲဖြစ်ဖြစ် အကြံတစ်ခုတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီလို့ ဟီးဟီး။
နောက်အကြံ အောင်မြင်ဖို့အတွက်ကတော့ ဂျီဝန်းဟျောင်းကို အပူကပ်ရမည်။
"ဟျောင်း ကျွန်တော် နောက်အပတ်ကို ပိတ်ရက်အဖြစ်သတ်မှတ်လိုက်တယ်၊ နောက်ပြီး ဝန်ထမ်းတွေနဲ့အတူ ခရီးတိုထွက်ဖို့ရှိတယ်"
"ဟေ ရုတ်တရက်ကြီး ဘာကိုပိတ်ရက်တုန်း၊ နောက်ပြီး ခရီးကကော ဘယ်ကိုထွက်မှာ"
"ဂျယ်ဂျူကို~~~ကျွန်တော်ပြောတဲ့အတိုင်းသာ လုပ်စမ်းပါဗျာ၊ ဝန်ထမ်းတွေလည်း အဆင်ပြေအောင် နောက်ပြီး ကျွန်တော်လည်း အဆင်ပြေဖို့အတွက် လုပ်တာ"
"ဝန်ထမ်းတွေက ထားပါ မင်းက ဘာကို အဆင်ပြေဖို့အတွက်လဲ"
"ဟျောင်းကလည်း တအားစပ်စုတာပဲ၊ ကျွန်တော် ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ~~~သွားတော့မယ် ဟျောင်းလည်း အိမ်ပြန်တော့"
ဂျီဝန်းကို ငေါက်ဆက်ဆက်ပြောပြီး ထွက်သွားတဲ့ ဆောင်းဟန်ဘင်းကို အနောက်ကနေ ဖနောင့်နဲ့ပြေးပေါက်လိုက်ချင်သည်။ ဘာအကြံအစည်တွေရှိလို့ ကုမ္ပဏီတောင် ပိတ်ရလဲဆိုတာကို ဂျီဝန်းမသိဘူးများထင်နေလားမသိ။ အဲ့လိုကြပ်ကြပ်လုပ်နေ ဆောင်းဟန်ဘင်းရေ။ မင်းရဲ့ ကုမ္ပဏီတော့ ဒေဝါလီခံရမှာ ငါမြင်ယောင်နေတယ်။
~TBC~