" နွေလယ်ညရဲ့အတိတ်လေညှင်း "

By KhayayKhat

1.4K 61 10

" လီမေရုံ " တစ်ခါက ဟန်တိုင်းပြည်ရဲ့ မိဖုရား၊ ရှန်ခယ်ဖုန်းနှင့် အိမ်ထောင်သက်ဆယ်နှစ်သက်တမ်းရှိခဲ့သော်လည်း နန်း... More

Intro (မိတ်ဆက်)
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၁)
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၂)
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၃)
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၄)
နွေလယ်ညရဲ့အတိတ်လေညှင်း "(၅)
နွေလယ်ညရဲ့အတိတ်လေညှင်း "(၆)
နွေလယ်ညရဲ့အတိတ်လေညှင်း "(၇)
နွေလယ်ညရဲ့အတိတ်လေညှင်း "(၈)
နွေလယ်ညရဲ့အတိတ်လေညှင်း "(၉)
နွေလယ်ညရဲ့အတိတ်လေညှင်း "(၁၀)
နွေလယ်ညရဲ့အတိတ်လေညှင်း "(၁၁)
နွေလယ်ညရဲ့အတိတ်လေညှင်း "(၁၂)
နွေလယ်ညရဲ့အတိတ်လေညှင်း "(၁၃)
နွေလယ်ညရဲ့အတိတ်လေညှင်း "(၁၄/
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၁၆)
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၁၇)
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၁၈)
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၁၉)
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၂၀)
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၂၁)
" နွေလယ်ညရဲ့အတိတ်လေညှင်း "(၂၂)

" နွေလယ်ညရဲ့အတိတ်လေညှင်း "(၁၅)

21 1 0
By KhayayKhat


Unicode

အခန်း_(၁၅)မင်းရှိရင် ငါ့ဘဝကတောင်ပံမဲ့တဲ့ငှက်လိုပဲ မလှုပ်ရှားနိုင်တော့ဘူး

မနက်ခင်းနေရောင်အောက်တွင်
တာ့ဟန်နန်းတော် ညီလာခံခန်းမကြီးအတွင်း  ချူနှင့်မဟာမိတ်လက်အခမ်းအနားအတွက် စီစဉ်သတ်မှတ်ထားသည့် နန်းဆောင်ကျယ်ကြီး၌ ဟန်တိုင်းပြည်၏ တော်ဝင်အမှူ့ထမ်းအဖွဲ့များ စုပေါင်းရပ်နေကြသည်။
မင်းသား၄)သည် တော်ဝင်မင်းသားတစ်ပါး၏အဆောင်အယောင်အပြည့်
တန်ဖိုးမြင့်သော ပိုးနုအဝတ်များဝတ်
ဆင်၍ ချူသံတမန်အဖွဲ့အား ခေါင်း
ဆောင်ကာ နန်းရင်ပြင်မှတစ်ဆင့် ညီ
လာခံခန်းမထဲသို့ တည်ငြိမ်ရဲရင့်စွာဝင်ရောက်လာသည်။
ချူအန်းနှင့် ချူမှ နန်းတွင်းအပျိုတော်၊ ကချေသည်မိန်းမပျိုတို့ကိုမြင်သည်နှင့် ရှန်ဇီကျင်း(ချင်ဝမ်)က ခပ်တိုးတိုးဆိုလာသည်။

" သူမတို့ တကယ်လှလိုက်တာကွာ
နော် ညီတော်၂)..!
" သူမတို့က လှပါတယ်
ဒါပေမဲ့ ညီတော့်မျက်လုံးထဲမှာတော့
တစ်စုံတစ်ယောက်သာလျင် အလှဆုံးပဲ ''

ရှန်ခယ်ဖုန်းကား သူ့ကို မသိမမြင်ချင်ယောင်ဆောင်နေသော.လီမေရုံကိုကြည့်ရင်းပြောလိုက်လေသည်။

" ချူမင်းသား(၄)လီယော
အရှင်မင်းကြီးကိုနှုတ်ခွန်းဆက်ပါတယ်
သက်တော်ရာကျော်ရှည်ပါစေ "

လီယောမှ စတင်ဦးဆောင်ကာ ဂါဝရပြုနှုတ်ဆက်လိုက်လျင် ချူအန်းအပါအဝင် လီမေရုံတို့သံတမန်အဖွဲ့သားတွေမှာလည်း သံပြိုင်ညီညာစွာ ဂါဝရပြုနှုတ်ဆက်လိုက်ကြသည်။
" အရှင်မင်းကြီးကို ဂါဝရပြုနှုတ်ခွန်း
ဆက်သပါတယ် သက်တော်ရာကျော်ရှည်ပါစေ "

_" အားလုံးပဲထကြပါ သက်သာသလိုနေကြပါ"
_" ကျေးဇူးတင်ပါတယ် မင်းကြီး "

ချူမင်းသား(၄)လီယောက လက်နှစ်ဖက်ယှက်လျက် တလေးတစားဆိုသည်။

" ချူပြည်သည် တာ့ဟန်နှင့် ငြိမ်းချမ်းရေးအတွက် အစဉ်မျှော်လင့်ပြီးအထောက်အကူကောင်းအဖြစ် လက်ဆောင်ပဏ္ဍာဆက်သမှုကို နှစ်စဉ်ဆက်သလာခဲ့သည်မှာ ခြောက်နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။ ယခုအခါ ကျွန်ုပ်အနေဖြင့် ချူတိုင်းပြည်ကိုယ်စား မဟာမိတ်ချစ်ကြည်ရေးသစ် တည်ဆောက်ရေးအတွက် ချူကိုယ်စားပြုကာ လာရောက်ဆွေးနွေးခြင်းဖြစ်ပါသည်

" ချူမင်းသား လျှောက်တင်ပါ "

တာ့ဟန်မင်းကြီးမိန့်တော်မူသည်နှင့် နှစ်ဖက်တိုင်းပြည်မှ မှတ်တမ်းတင်ကြမည့် မှတ်တမ်းစာရေးတို့မှာ အသင့်ပြင်လိုက်ကြလေသည်။

" ကျွန်ုပ်တို့ချူပြည်သည် တာ့ဟန်အပေါ် သစ္စာတရားနှင့် ဂုဏ်သိက္ခာကိုအခြေခံပြီး ချူအန်းမင်းသမီးနဲ့ မဟာ
မိတ်လက်ဆက်ခြင်းတစ်ခု တောင်းဆို
လိုပါတယ်။ မဟာမိတ်လက်ဆက်ပွဲအတွက် ကျွန်ုပ်တို့ချူတိုင်းပြည်ဘက်က အရှင်မင်းကြီး နဲ့ တာ့ဟန်မင်းသားတွေအတွက်လည်း နန်းတွင်းအပျို
တော်၊ ဂီတ၊အက ပညာရှင်များကို မင်္ဂလာလက်ဖွဲ့အဖြစ်ဆက်သလိုပါတယ် "

" မဟာမိတ်လက်ဆက်ပွဲတဲ့လား
အသင်တို့က ဘယ်သူနဲ့များ တောင်းဆိုလိုတာပါလဲ "

" အရှင်မင်းကြီးရဲ့သားတော်ကြီး
ချင်ဝမ်နဲ့ပါ "

ချင်ဝမ်ဟူသည့်စကားကြောင့် ရှန်ဇီကျင်းမှာ ငါလားဟု တအံ့တဩဖြင့် သူ့နံဘေးရပ်နေသော ရှန်ခယ်ဖုန်းအား လက်တို့၍ မေးလိုက်လေတော့သည်။

" ငါကိုယ်တော့်သားကြီးချင်ဝမ်က အမှန်တကယ်လက်ဆက်ဖို့သင့်တော်တံ့အရွယ်ကောင်းပါပဲ
ဒါပေမယ့် သူ့အတွက် ပထမ ကြင်ယာတော်သတ်မှတ်ပြီးသားဖြစ်လို့
ချူအန်းမင်းသမီးကို ကြင်ယာတော်အနေနဲ့တော့ လက်ဆက်နိုင်မယ်ထင်ဘူး။ ကိုယ်လုပ်တော်အဖြစ်နဲ့ဆိုရင်တော့ ငါကိုယ်တော်ဘက်က ကန့်ကွက်စရာရှိပါဘူး "

တာ့ဟန်မင်းကြီး၏စကားအဆုံး၌ ချူအန်းသည်မျက်နှာတစ်ချက်ပျက်သွားသလို လီမေရုံမှာစိတ်တိုသွားရလေသည်။ လီယောမှာမူ ကြိုတင်မှန်းဆထားသည့်အလား မချိပြုံးပြုံးလျက် ပြောဆိုလာလေသည်။

" ချူဘုရင့်သမီးတော်ကြီးကတောင် ပထမ ကြင်ယာတော်ဖြစ်ဖို့ထိုက်တန်ဘူးတဲ့လား
မင်းကြီးအနေနဲ့ ဘယ်လိုမိန်းကလေးမျိုးက ချင်ဝမ်မင်းသားရဲ့ကြင်ယာတော်ဖြစ်ဖို့ထိုက်တန်တာပါလဲ "

" အချက်တစ်ချက်ထဲပါပဲ အဲ့တာက
ငါကိုယ်တော့်သားတွေအတွက် ကြင်ယာတော်မိန်းကလေးဟာ တာ့ဟန်က မျိုးရိုးမြင့်င်းမှု့ထမ်းမိသားစုက တရားဝင်သမီးဖြစ်မယ်
ပြည်သူမဖြစ်ရဘူး ဒါပါပဲ "

ထိုစကားကိုကြားသည်နှင့် လီမေရုံတစ်ယောက် နှုတ်ခမ်းတစ်ချက်မဲ့လိုက်ကာမျက်စောင်းထိုးရင်း စိတ်ထဲမှကြိတ်၍မေတ္တာပို့တော့သည်။

(" ဟက်..! ဒီဘိုးကြီးကတော့လေရင်ဘဝတုန်းကလည်း ငါ့ကို ဒီလိုပြောဆိုခဲ့ဖူးတာ အခုလဲ ဒီစကားကိုထပ်ပြောပြန်ပြီ ")

လီမေရုံအား မျက်စိမလွှဲပဲအကဲခတ်နေသော ရှန်ခယ်ဖုန်းသည် သူမ၏အမူအယာတွေကြောင့် ရယ်ချင်စိတ်ကိုချိုးနှိမ်ထားရရှာသည်။

လီ‌ယောသည်လည်း တာ့ဟန်မင်းကြီ
၏စကားကြောင့် ပြုံးလိုက်လေသည်။
(" အဲ့ဒီခင်ဗျားသားတော်တွေထဲက အချစ်ဆုံးသားတော်ဆိုတဲ့လူက ကျူပ်ညီမငယ်ကို ပထမကြင်ယာတော်အဖြစ်လက်ထပ်ယူချင်နေတယ်ဆိုတာ ခင်ဗျားသိရင် ဘယ်လိုဖြစ်လဲ အရမ်းစိတ်ဝင်စားမိတယ် ") ဟူ၍လည်း သူ၏စိတ်ထဲ၌လည်း လှောင်ပြောင်လျက်ရှိသည်။
လီယောက ထပ်မံ၍လျှောက်တင်ရန်ပြင်လိုက်စဉ်မှာပင် ချူအန်းသည် ရှေ့ထွက်လာကာပြောဆိုလိုက်လေသည်။

" ကျွန်တော်မျိုးလီကျီယင်း
သဘောတူလက်ခံပါတယ် "

" အစ်မတော်..!
လီမေရုံက တအံ့တဩခေါ်လိုက်လေသည်

လက်ဆောင်ပဏ္ဍာဆက်သပွဲနှင့် မဟာ
မိတ်လက်ထပ်ပွဲအကြောင်း ဆွေးနွေးအထမြောက်အပြီးမှာတော့ တာ့ဟန်ဘုရင်က သံတမန်အဖွဲ့သားများအား
ချွင်ချိုးနန်းဆောင်၌ နေ့လည်စာဖြင့်တည်းခင်းဧည့်ခံသည်။စားသောက်ပွဲပြင်ဆင်နေတုန်း သူမတို့ ခေတ္တခဏနားနေသည့် နန်းဆောင်အရောက် လီမေရုံကပြောဆိုလိုက်လေသည်။

" အမတော် ဒီလက်ထပ်ပွဲကို ဘာလို့
လက်ခံလိုက်ရတာလဲ
အမတော်က ချင်ဝမ်မင်းသားကို
သဘောကျဘူးမလား "

" ဟုတ်တယ် "

လီမေရုံက နားမလည်နိုင်စွာဖြင့်မေးသည်။

" ဒါဆို ဒီအရှက်ခွဲမှုကို ဘာလို့လက်ခံလိုက်ရတာလဲ "

"ဟက်..! လက်မခံရင်ရော
ချူတိုင်းပြည်ကိုပြန်တဲ့အခါ ငါ့အတွက်ပိုပြီးအရှက်ရစရာဖြစ်မယ်
ငါသဘောကျတဲ့လူက ငါကိုသဘောကျဘူးလေ အဲ့ဒီတော့ ဒီမင်းသားကိုပဲလက်ထပ်ပြီးဖြစ်ဖြစ် ငါ့တိုင်းပြည်အတွက်ပေးဆပ်တာက ပိုပြီးကောင်းဘူးလား "

ထိုစကားကြောင့် လီမေရုံသည် စိတ်မကောင်းဖြစ်သွားရကား ဤနှယ်ဆုံးဖြတ်ချက်ချလျက်ပြောဆိုလိုက်လေသည်။

" အစ်မတော်သာ တကယ်လက်မထပ်ချင်ရင် ညီမကူညီမယ်
ရှန်ယ်ဖုန်းကိုပြောပြီး ဒီလက်ထပ်ပွဲကို တားပေးမယ် "

" ဘာလဲ နင်ကငါ့အစားလက်ထပ်ပေးမှာလား "

ချူအန်း၏ခပ်ရွဲ့ရွဲ့အမေးကို လီမေရုံက မျက်လုံးဝိုင်းလျက်အံ့ဩစွာဖြင့်တုံ့ပြန်သည်။ ထို့နောက် သူမကတည်ငြိမ်စွာဖြင့်ပြောလာလေသည်။

" အမတော်ကိုတော့အားနာပါတယ်
ညီမက ဒီရှုပ်ထွေးလှတဲ့ နန်းတော်ရဲ့ အာဏာလုမှုတွေ ပြိုင်ဆိုင်မှုတွေနဲ့ အဝေးဆုံးမှာ နေချင်တယ် "

ထို့စကားကြောင့် ချူအန်းက ခပ်ဟဟရယ်မောရင်း ပြောဆိုလိုက်သည်။

" အဲ့ကိစ္စက နင့်ဆန္ဒအတိုင်းဖြစ်ပါ့မလား '

ချူအန်း၏စကားကြောင့် လီမေရုံက နားမလည်ဟန်ဖြင့်မေးမြန်းလိုက်လေသည်။

" အစ်မတော်က ဘာကိုဆိုလိုတာလဲ "

" ငါတွေ့မြင်ရသလောက်
မင်းသား(၂)ဆိုတဲ့လူ၊ သူကနင့်ကို သဘောကျနေပုံရတယ် "

လီမေရုံက ထိတ်ကနဲဖြစ်သွားပြီးနောက် အလျင်အမြန်ငြင်းဆိုလိုက်လေသည်။

" မဟူတ်တာပါ "

ချူအန်းကလည်း ပိုင်နိုင်သေချာနေသောလေသံဖြင့်ဆိုသည်။

" ဟုတ်နေရင်ရော "

" ဟုတ်နေရင်လည်း ညီမတော့
သူ့ကိုသဘောကျပါဘူး
သူ့ကိုမုန်းတယ် ဒီနန်းတော်ကိုလည်းမုန်းတယ် "

" ဒါဖြင့်နင်က အစ်ကိုယွင်ကိုသဘောကျတာလား။ သူနဲ့လက်ထပ်မှာလား "

လီမေရုံသည် ထိုစကားကြောင့် ပို၍ပင်ထိတ်လန့်သွားရလေသည်။
သူမ၏စိတ်ထဲ၌လည်း အစ်မတော်အား သံသယစိတ်ဝင်လာရသည်။
အစ်မတော်က သူမအား မကျေမနပ်ဖြစ်နေသည်ဟူသောသံသယစိတ်၊
ထို့ကြောင့် လီမေရုံက အပြတ်သားဆုံးဖြေဆိုလိုက်သည်။

" ဟင့်အင်
အကိုကြီးကို ညီမက အစ်ကိုတစ်ယောက်လိုပဲသဘောထားတာ
ယောင်္ကျားတစ်ယောက်လို ခင်ပွန်းတစ်ယောက်လိုသဘောကျဖို့ တစ်ခါမှတွေးဖူးဘူး
ညီမက ဒီဘဝမှာအိမ်ထောင်ပြုဘဲလွတ်လွတ်လပ်လပ်လျှောက်သွားမှာ "

"'ကောင်းလိုက်တာင့်ကိုတကယ်အား
ကျမိပါတယ်
ငါကတော့ တော်ဝင်မိသားစုမှာ မွေးဖွားလာလို့ ငါလွတ်လပ်ခွင့်ကိုဆုံးရှုံးခဲ့ရတယ်။ ထားလိုက်ပါတော့
ဒါက ငါကံကြမ္မာပဲလေ
ငါလက်ခံပါတယ် "

ချူအန်းသည် အပြင်ဘက်တွင်အပြုံးမပျက်ထိုသို့ပြောဆိုလိုက်ပေမယ့် သူမ၏အတွင်းစိတ်ထဲ၌မူ ဤသို့ရေရွတ်လျက်ရှိသည်။

(" စိတ်ကောင်းပါဘူး။ လီမေရုံ
နင်က ငါ့အပေါ်စေတနာထားပေမယ့်
ငါကတော့ နင့်ကိုမုန်းတယ်။
အားကျပြီးနာလို့လည်းဖြစ်တယ်။
ဒီအတွက် နင့်ကိုငါ့လိုပဲ မပျော်ရွှင်ဖြစ်စေချင်တယ် ")

____________________

ဟန်တိုင်းပြည် ချွင်ချိုးနန်းတော်ထဲကနေ့လည်စာစားပွဲဟာ သာမန်မဟုတ်ဘဲ တော်ဝင်ဓလေ့အတိုင်း အလှဆင်ထားပြီး၊ မြောက်ဘက်နှင့် အလယ်ပိုင်းဒေသထွက်ဟင်းလျာအမျိုးမျိုး၊ သေရည်အမျိုးမျိုးတို့ဖြင့် ပြည့်နေသည်။
ယနေ့တွင် ရှန်ခယ်ဖုန်းသည်လည်း တော်ဝင်မင်းသားဝတ်စုံဖြင့် ထည်ဝါစွာ တည်ကြည်ခန့်ငြားနေသည်။
သူ့ရဲ့မျက်လုံးကတော့ တစ်စုံတစ်ဦးကို ရှာဖွေရန်သာ အာရုံစိုက်ထားသည်။
တခဏအကြာ၌ သူအာရုံစိုက်ရှာနေသည့် လီမေရုံမှာ ချူအန်း၏လက်ကိုတွဲလျက် ခန်းမထဲဝင်လာကာ ချူအန်းအတွက်ပြင်ဆင်ပေးထားသော ထိုင်ခုံဘေးသို့အတူသွားနေသည်ကိုမြင်သော်

" လီဝမ်ရုံ.! မင်းကတော့လေ
အမျိုးသမီးတွေနား ဘာသွားလုပ်တာလဲဒီမှာ ငါနဲ့အတူလာထိုင်လှည့် "

ရှန်ခယ်ဖုန်းက အသံကျယ်ကျယ်ဖြင့်ပင် မိသားစုထဲကတစ်ယောက်လိုမျိုး ပြုံးရယ်ကာ သူ၏နံဘေးထိုင်ခုံနားကိုပုတ်ပြလျက် ခပ်တည်တည်ပင်ဖိတ်ခေါ်လာသည်။ လီမေရုံသည်လည်း ဘာလဲ ဘာဖြစ်နေတာလဲဟု မျက်နှာ
ရိပ်မျက်နှာကဲပြကာ ငြင်းလေသည်။
သို့သော် အားလုံးပင် သူမအားဝိုင်းကြည့်နေကြသဖြင့် မတတ်သာသည့်အဆုံး ထိုနေရာသို့သွားကာ တိတ်တ
ဆိတ်ဝင်ထိုင်လိုက်ရသည်။
သူမဝင်ထိုင်လိုက်မှပဲ ရှယ်ခယ်ဖုန်းတစ်ယောက် ကျေနပ်သွားပုံရသည်။
သူမမှာ သူမအား လှောင်ပြောင်သရော်နေသော အကြည်တို့ဖြင့် ငါဘာပြောလဲဟု အမူအယာပြလျက်ရှိသော ချူအန်းကြောင့် သူမ၏ဒေါသတို့ကို ရှန်ခယ်ဖုန်းထံပုံချမိတော့သည်။

တကယ်ပါပဲ ခင်ဗျား ဘာဖြစ်နေတာလဲ လူတွေကြည့်နေကြတာကို "

လီမေရုံက ထိုင်ပြီးလျင်ပြီးခြင်း အသံခပ်အုပ်အုပ်ဖြင့်ဆူပူလိုက်လေသည်။

သူတို့မှာ မျက်လုံးပါနေတော့ကြည့်မှာပေါ့ကွ ကြည့်ပါစေပေါ့
ငါက ရိုးရိုးသားသား အတူစားသောက်ဖို့ခေါ်တာကို မင်းဟာမင်း မရိုးမသားနဲ့ စိတ်မလုံဖြစ်နေတာလေ "

" ခင်ဗျား.!

လီမေရုံတစ်ယောက် ရန်တွေ့နေတုန်းမှာပင် တာ့ဟန်ဘုရင်ကြွချီလာသဖြင့် အားလုံးပင် ထိုင်ရာမှထရပ်ကာကြိုဆိုလိုက်ရလေသည်။

" မင်းကြီးကိုဂါဝရပြုပါတယ် "

" အားလုံးပဲသက်တောင့်သက်သာထိုင်ကြပါ "

တာ့ဟန်ဘုရင်က နေရာ၌ထိုင်ပြီးသည်နှင့် အောင်မြင်ခံ့ငြားသောအသံဖြင့်မိန့်တော်မူလာလေသည်။

"ငါကိုယ်တော်တို့ နှစ်နိုင်ငံအကြား
မဟာမိတ်လက်ဆက်ခြင်းက စစ်ရေး
ဖြေရှင်းမှုထက်လှပပါတယ်။
ငါကိုယ်တော်ရဲ့ဘဝသက်တမ်းမှာ ချူနဲ့အတူ စဉ်ဆက်မပြတ် ရင်းနှီးချစ်ကြည်သွားမယ် "

ထို့နောက် ၎င်းက သေရည်ခွက်ကိုမြောက်ကာ သောက်လိုက်လေသည်။

ထိုအခါ ထိုဧည့်ခန်းမနန်းဆောင်ထဲရှိ
လူအားလုံးပင်မတ်တပ်ထရပ်လျက်သေရည်ခွက်ကိုယ်စီကိုင်မြောက်ကာ သံပြိုင်ကြွေးကြော်လိုက်ကြသည်။

" မင်းကြီးရဲ့ကျေးဇူးတော်ကြီးမားလှပါတယ် "

ထို့နောက်တွင်တော့ ချူကချေသည်များဝင်ရောက်လာကာ ဖျော်ဖြေရေးအစီအစဉ်စတင်တော့သည်။

ချင်ဝမ်သည် ကချေသည်များ၏
ဖျော်ဖြေမှုကိုစိတ်မဝင်စားပဲ သူထိုင်
နေသည့်နေရာကနေ မျက်စိမခွာပဲ ချူအန်းကိုကြည့်နေသည်။  ၎င်းက တော်ဝင်မင်းသာတစ်ပါး၏ဂုဏ်သိက္ခာပင် မငဲ့နိုင်တော့ပဲ သူမအပေါ် စိတ်ဝင်
စားမှုကိုဖော်ပြလာသည်။ ချူအန်းသည်လည်း သူမအားကြည့်နေသည့် ချင်ဝမ်၏ရှေ့တော်တွင် ထိုင်နေရခြင်းက သူမအတွက် အနေခက်စိတ်လှုပ်ရှားဖွယ်ဖြစ်ရသော်လည်းအပြင်ဘက်တွင်မူသူမမှာ ထူးဆန်းစွာပင် တည်ငြိမ်နေလျက်ရှိသည်။

အဲ့ဒီ ဝတ်စုံအနီနဲ့က... ချူအန်းလား ”

မိဖုရားခေါင်းကြီးဆီက တိတ်တိတ်လေးမေးမြန်းသံထွက်လာသည်။ထိုအခါ သူမ၏အပါး၌ရပ်နေသော အထိန်းတော်အမျိုးသမီးကြီးကလည်း ခပ်တိုးတိုးအဖြေပေးသည်။

" ဟုတ်ပါတယ်  မယ်‌မယ်မိဖုရား ”

ရှန်ခယ်ဖုန်း၏မိခင်က နူးညံ့သိမ်မွေ့တဲ့အသံနဲ့ ထပ်မံ၍မေးပြန်သည်။

" ခယ်ဖုန်းဘေးက မိန်းမချောချောတဲ့
လူငယ်လေးကရော ဘယ်သူလဲ
ငါ့သားတော်က သူ့ကိုတော်တော်ဂရုစိုက်ပုံရတယ် "

မိဖုရားခေါင်းကြီက လီမေရုံ စားသောက်ရန် ဟင်းအမည်မှစ၍ အသီးအနှံတွေအထိ ဂရုတစိုက်ထည့်ပေးနေသော သူမ၏သားတော်အားကြည့်ကာမေးလေသည်။

" ချူအန်းမင်းသမီးရဲ့ မောင်ငယ်လေးလို့သိရပါတယ် နာမည်က လီဝမ်ရုံတဲ့
ချူဝမ်ရယ်ရဲ့သားတော်ပါ
မင်းသား ချူမှာရှိတုန်းက ဒီလူငယ်လေးက ကူညီပေးခဲ့တာပါတဲ့ "

ထိုအထိန်းတော်အမျိုးသမီးမှာ ဟူထယ်၏အဒေါ်တော်စပ်ပေရာ သူမသည် ထိုအကြောင်းအား ဟူထယ်၏
ပြောပြချက်အရသိရှိထားပြီဖြစ်သည်။
ထို့နောက်တွင်တော့ မိဖုရားခေါင်းကြီးသည် လီမေရုံအား တခြားလူတွေကို ကြည့်ဖူးသလိုမဟုတ်ဘဲ တစိမ့်စိမ့်ကြည့်ရှု့နေသည်။ ထိုအကြည့်ထဲတွင် စူးစမ်းခြင်း၊ သံသယစိတ်နည်းနည်းနှင့်အတူ သတိထားမှုတစ်ခုပါဝင်သည်။
သို့သော် ထိုသတိထားမှုသည် မုန်းတီးမှုမဟုတ်ပဲ စိတ်ဝင်စားသည့်သဘောဘက်သက်ရောက်သည်။

" ဪ တော်တော်ချောတာပဲ
ငါ့သားခယ်ဖုန်းထက်ချောတဲ့လူကို ပထမဆုံးမြင်ဖူးတာပဲ "

ထိုစကားကို မိုဖုရားခေါင်းကြီးသည် အနည်းငယ်ပြုံးယောင်သမ်းနေသော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်လေတော့သည်။

ရှန်ဇီကျင်း(ချင်ဝမ်)


________________________

ဒီရက်တွေ အိမ်မှာအလှူရှိတာရယ် အလှူပြီးတော့ ပင်ပန်းပြီးသွေးပေါင်ကျနေတာရယ်ကြောင့် updateတွေ နောက်ကျသွားတာပါ
Ongoing လိုက်နေတဲ့ စာဖတ်သူလေးတွေကိုတောင်းပန်ပါတယ်နော်🙏

#_________________________#

အပိုင်း(၁၆)မျှော်
15 May 2025
8:45PM
#CherryRay 🐦

Continue Reading

You'll Also Like

53.5K 2.4K 66
Paid gp COMPLETED ✔️ ( ၉၄ ) ပိုင်း
175K 7.7K 187
ကံကြမ္မာရဲ့ ကျီစယ်မှုကိုပဲ အပြစ်တင်ရမလားမသိဘူး , ကျမဟာ မိမိဆန္ဒမပါဘဲ အင်မတန်မှအနိုင်ကျင့်တတ်တဲ့ သဝန်တိုတတ်တဲ့ သရဲတစ်ကောင်နဲ့ လက်ထပ်ခဲ့ရပါတယ် အဲ့ဒီ့လ...
905 50 46
Me You the Ghost & Her
1.8M 149K 56
Professor Abhimanyu age 32 teaching Architectural design in renowned university, a smart and hardworking professor who loves his work but also keeps...