"မင်းတို့ကောင်တွေ အဲ့လို မပြောနဲ့။ ဟိုတနေ့ကကျ ငါ့ဆိုင်ကယ် ယူမောင်းပြီး ဆီ မထည့်ပေးကြဘူး ..
-ုိမသားတွေ မင်းတို့ ဆီမထည့်လို့ ဆီဖိုးအစား ငါ ဖဲ ဖိုး အင်္ကျီ ပေါင် လိုက်ရတာ"အုပ်စု လိုက် ငြင်းခုံနေချိန် အဆောင်ရှေ့ ရေချိုးခန်းက အားရပါးရ အော်ဆဲ သံကြားလိုက်ရတယ်။
"နှာဆီ" ချီးထုပ် မင်း ငါ့ဆပ်ပြာဘူး ယူသုံးသေးတယ်မို့လား။
"_လခွီး တဲ့လား ကွာ။
ကောင်မလေး နဲ့ လျှောက်လည်ဖို့ ကြ
ပိုက်ဆံရှိပြီးဆပ်ပြာ ၀ယ်သုံးဖို့ကြ ပိုက်ဆံမရှိတဲ့ကောင်တွေ"ေ-ာက်မွဲကောင်။
အဆောင်ရှေ့က ရေချိုးကန်ကနေ
သူ့ လှမ်းဆဲနေတာတောင်အပြုံးမပျက် စပ်ဖြီးဖြီးလုပ်နေတဲ့
"နှာဆီ"- အ_ပေးလေး။"ဒီကောင်က အမှတ်မရှိဘူး"
ဟို ဇီဇာကြောင်ဖိုးဉာဏ် ဆပ်ပြာ ခွက် နိူက်တာနိူက်တာပဲ။
"ဟာ ၊မင်းတို့က ဘာသိလို့လဲ"
အဲ့ကောင် ဉာဏ်လင်းအောင် က
ဘုရားဖြစ်မယ့် အုတ်နီခဲလေး ဗျ။ဘယ်လောက်စိတ်တိုတို အမေတွေ
အစ်မတွေ နှမတွေ ကြီးတော်တွေ ထည့်မဆဲဘူးကွ။_ျီးထုပ်ဆိုတဲ့ တစ်လုံးကလွဲလို့ မဆဲဘူးကွ။
အဲ့တာကြောင့်ငါက သူ့အခွက်နိူက် သုံးရတာ။
"အင်း... မင်းတို့ကောင်တွေ မွဲတာလည်းပါတာပေါ.လေ။"
"သူတောင်းစား..
မင်းမွဲတာကြထည့်မပြောဘူး။
ဘောလုံးပွဲလောင်းဖို့၊ _ဆော်နဲ့ တွေ့ဖို့ကြ ပိုက်ဆံရှိတယ်။
>>>>>>
"ယု .. သမီးရေ အားငယ် မနေနဲ့
အန်တီ သူ တစ်ယောက်လုံး ရှိတယ်။
ပျင်းရင် အန်တီ သူ ဆိုင်လာထိုင် ပြီး
စကားလေးဘာလေးလာပြောနော်။
အိမ်ထဲမှာပဲ အောင်းမနေနဲ့""ဟုတ်ဟုတ် အန်တီသူ"
ဖုန်းချ ပြီးတာနဲ့ တိတ်ဆိတ်နေတဲ့အိမ်ရဲ့အပေါ်ထပ်ကနေမန္တလေး မြို့ရဲ့ မြို့သစ်
အလှကို ခံစားကြည့်မိတယ်။တရုတ်အများစုနေကြလို့ တရုတ်ရပ်ကွက်
လို့အများ ခေါ် ကြတဲ့ ဒီနေရာကြီးက ယု
အတွက် ပျော်စရာဆို၍ ရှာမတွေ့။ယု ရဲ့ ဘ၀ အချို့အကွေ့ အပြောင်းအလဲ
တိုင်းမှာ လိုက်ပြီး အဖော်ပြုပေးခဲ့တဲ့
အဘွား မရှိတော့ ပိုပြီးအထီကျန်ဆန်လာတယ်။***"/////"အဘွားမရှိတော့ ရင် မားမား
စိတ်တိုင်းကျမနေတတ်တဲ့ ယု ဘယ်လိုလုပ်ရမလဲဟင်။"
"သမီး မားမား စိတ်တိုင်းကျ လိုက်နေစရာမလိုပါဘူး။
သမီး စိတ်တိုင်းကျပဲနေပါ။သမီးက သမီးမားမားထက်ပိုပြီး
လက်တွေ့ဆန်တဲ့ဘ၀မျိုးမှာ နေတတ်သွားမှာ။
***
"ဟုတယ်။ အဘွားသင်ပေးခဲ့ ၊ပြောပြခဲ့တဲ့ ပျော်ရွှင်မူ့မျိုးကို ငါ
ရအောင်ရှာပြီး နေထိုင်သွားနိုင်ရမယ်"
