တရုတ်မလေးနှင့် ဒုဌ၀တီသား (၃၄)
ဘုန်းကြီးကျောင်းမှာ ကုသိုလ် ယူ နေတုန်း
သောက်ဖို့ အတွက် ဖိုးဉာဏ်ခြံထဲ ရောက်
နေတဲ့ဟိုနှစ်ကောင်က ဖုန်းခဏခဏ ဆက်နေတယ်။“မင်းတို့ က မလာကြသေးဘူး လားဟ ။ မလာကြသေးဘူးလား”
ကျော်မျိုး ဆီဆက်လိုက် ၊ဖိုးဉာဏ်ဆီ ဆက်လိုက်နဲ့ ။ ဘုန်းကြီးကျောင်း လိုက်ခဲ့ ဆိုတော့ လည်း
လိုက်မလာကြဘူး။“ကုသိုလ် ရမှာတွေ တော်တော်ကြောက် နေတယ် “
“ကျော်မျိုး ရော့ မင်းသော့ ယူပြီး တောင်ခြံ ထဲ သွားနှင့် လိုက်ကွာ။
ငါက မေကြီး ၊အမေ နဲ့ အဖေကို ဘုန်းကြီးကျောင်းကအပြန် ကန်တော့ အုံးမှာ “
>>>
စိတ်ထဲကအတိုင်း ဆို ကျော်မျိုး လည်း ဖိုးဉာဏ် နဲ့အတူ အားလုံးပြီးစီးသည်အထိကူလုပ် ပေးရင်း ရွာ ထဲက သူ့အဘွားအိမ်ထိ လိုက်လည် ချင်တာ။အခုတော့ ဟို ကောင်နာ နှစ်ကောင် ကြောင့် သူ့အတွေးတွေ ပျက်ရတယ်။
ဖိုးဉာဏ် တို့နေတဲ့ ခြံထဲ ထိုင်နေခဲ့တဲ့ ဟို နှစ်ကောင် ဆီရောက်တော့ ကျော်မျိုး ကြိမ်းပြီးလေ။
“ုိးမသား ချီးထုပ် တွေ လိုက်လာပါဆိုတော့ မလိုက်လာဘူး။
ဖုန်းတွေ ခဏ ခဏ လျှောက်ဆက်နေတာ ။ အဲ့လောက်တောင် ငတ်နေရင်လည်း သောက်နှင့်ကြပါလား “
“ဟာ မင်းကလည်း ငါတို့က အဲ့လောက် သစ္စာမမဲ့ပါဘူး။ သောက်မယ့်သောက် အတူတူစ သောက်မှာပေါ့။
မင်းတို့နှစ်ကောင်ကသာ အပြောတခြား အလုပ်တခြား လုပ်နေတာ”
အရက်သောက်ဖို့ ခေါ်ထားတဲ့အကောင်တွေက ဘုန်းကြီးကျောင်း အရင်ဒိုးတာ ။ မင်းတို့ကိုက မမိုက်တာ သိလား “
တစ်ခါမှ အတိုင်းဖောက်မညီ ဖူးတဲ့ ချစ်သဲ နဲ့ နှာဆီ က အခုတော့ ညီလို့။
ဘယ်အချိန် ထဖောက်ကြမလဲ မသိတဲ့ နှစ်ယောက် ကို ခြံ တံခါးသော့ပိတ်ခိုင်းပြီး တောင် ဖက် အရပ်တည့်တည့်ကို ထွက်လာကြသည်။
နာရီ၀က် ကျော်ကြာ တော့မှ ဖိုးဉာဏ်လည်း ရောက်ချလာတယ်။
“မင်းတို့ကောင်တွေ လမ်း မှတ်မိသားပဲ “
