တရုတ်မလေးနှင့်ဒုဌ၀တီသား (၄၃)
“ယုက မုန့်ရေပါး ကြော် စားချင်တာမို့လား”
“အင်း.. ဟုတယ်လေ..
အပြားကြီးကြီးနဲ့ သူ့ပေါ်မှာ
နံနံပင်၊ပဲပင်ပေါက်၊ခရမ်ချဉ်သီး မှည့်၊မုန်လာဥနီ လေးတွေပါတဲ့ဟာလေ။ဟုတ်တယ်မို့လား”“အင်း၊ ငုံဥ ထည့်ချင်လည်းရတယ်။ကြက်ဥ ထည့်ချင်လည်းရတယ်”
“ဘွားဘွားအတွက် တစ်ခု အမေနဲ့ အဖေ အတွက် တစ်ယောက်တစ်ခု၊ ရန်လေးအတွက်တစ်ခု၊ မမသူဇာ အတွက် တစ်ခု ၊ ယုအတွက်ရယ် မောင့်အတွက်ရယ်ပါ ဆိုတော့ ခုနှစ်ခု ၀ယ်ခဲ့နော် “
“ဟုတ်..ကဲ့ ပါ ဗျာ ၊ ဟုတ်”
မုန့်၀ယ်တိုင်း မိသားစု ဝေပုံကျ ၀ယ်ရမှ ကျေနပ်တဲ့ ကျွန်တော့်မိန်းမ။
မိန်းမက ကျွန်တော့်မိသားစု အပေါ်သိတတ်ချက်ကတော့ တစ်ရွာလုံးမှာ နံပါတ်တစ် ပြေးတယ်။
ဒါတောင် ကျွန်တော်မိန်းမကို အတင်းတုပ်တဲ့သူကရှိသေးတယ်။
>>>
ဒီလို မဟုတ်မဟတ်ပြောတာမျိုး ကျွန်တော်လက်မခံ။
ဖိုးဉာဏ်ဆိုတဲ့ အကောင် ကျွန်တော်က
“ မယားထိ ဓါးကြည့်ပဲ “တောက်…..
“ဪ…မောင်ရယ်”
လူ တွေဆိုတာအဲ့လိုပဲ။ သူတို့ ထင်တာ မြင်တာနဲ့ လျှောက်ပြောနေမှာပဲ။
“လိုက်ပြီး ခံစားမနေပါနဲ့။ ယု နဲ့ မောင် ချစ်နေကြရင်းပြီးတာပဲ”
“လိုက်ခံစားတာတော့ မဟုတ်ပါဘူးကွာ။
တမင်သက်သက်အပြစ်မရှိအပြစ်ရှာ မောင့်မိန်းမ ကို လာပြီး ပြောတာတော့မောင်လည်း သည်းမခံနိုင်ဘူး။
နောက်တစ်ခါ အဲ့ဒီမိန်းမကြီး နဲ့ တွေ့ရင် ဒဲ့ပြောပစ်မယ်။
“တော်ပါ မောင်ရာ.. ပြောတော့လည်းဘာထူးမှာမို့လဲ။ ဟိုးက မောင့်ဆိုရင်း ရွန်းရွန်းကို ဝေလို့။
ယု ကိုသာ မိန်းမသား အချင်းချင်း အမြင်မကြည်သလိုကြည့်တာပါ”
“သူကြည့်သလို ယုလည်း ပြန်ကြည့် ပစ်လိုက် ကွာ။ ဘာမှ အားနာမနေနဲ့”
