ယနေ့ အရှေ့တောင်အရပ်တည့်တည့်သို့
ခရီးထွက်ပါက ဖူးစာရှင်နှင့်တွေ့ဆုံကိန်းရှိသည်။ဟုတ်ဟုတ် မဟုတ်ဟုတ်
ဒီနေ့ ငါလည်း တောင်အရပ်တည့်တည့်က ဒုဌ၀တီမြစ်ဘေး သွားစရာရှိတယ်။ဖူးစာရှင် နဲ့ တွေ့မတွေ့ မသိဘူး
မြေရှင်နဲ့တော့ သွားတွေ့ရမှာပဲ။" ငါပြောထားတဲ့ ဈေး လေးနဲ့အဆင်ပြေပါစေ။"
ဒါမှ ငါ များများမြတ်မှာ။
"ဝေ့"
"အားလား"
"နိုး"
"ဝေ့' ကြူ အားလား"
"ဆောရီး "
"ဒီနေ့အကုန်လုံးက ဘာလို့မအားနေရတာလဲ။ မြေက လမ်းဘေး လည်းဖြစ်တယ်။ မြစ်ဘေးလည်း ဖြစ်တယ်။
လျှပ်စီးမီးကလည်း အကုန်အဆင်သင့်။ သူများလက်ထဲ အပါခံလို့မဖြစ်ဘူး။ ရူပ်တယ်ကွာတစ်ယောက်တည်းသွားမယ်။
"ဪ ၊ ယုယုနှင်း.. ယု ဆိုတဲ့ ငါလေးဟာလေ မားမား နဲ့ သာ မတည့်တာ။
အခုတော့ လည်း ငါရဲ့ ၀မ်းစာအတွက် မားမား လို အရောင်းအ၀ယ် လုပ်ပြီး ငွေရှာချင်နေပြီ။
အင်း.. ၀မ်းစာရယ်လိုတော့မဟုတ်ပါဘူး။ ဝါသနာအရ။ သွားလိုက်ပါအုံးမယ်။
တစ်ယောက်တည်း လည်း ဘာဖြစ်လဲ။ ဖူးစာရှင်နဲ့တွေ့ ကိန်း ရှိသည် ဆိုမှတော့ မြေ မရ လည်း လင်ရပေါ့။
နောက်တစ်ပိုင်း ကျောင်းတက်ပြီးရင် ဘွဲ့လည်းရ။ အဆင်ကိုပြေနေတာပဲ။
ဘာပဲဖြစ်ဖြစ် ဒီနေ့ငါ့ခံစားချက်တွေကောင်းနေတယ်။
ဒီအိမ်ကြီးထဲ တစ်ယောက်တည်း နေရတာ ပျင်း လှပါပြီ။
အပြောကောင်း၊ မနော ကောင်း ၊ ရုပ်ဖြောင့်ဖြောင့် လေးတစ်ယောက်နဲ့ဆုံဆည်းရအောင် လမ်းပြပေးပါ ကွမ်ရင်မယ်မယ်။
>>>>>>>>>
"အမယ်လေး ရွာထဲက ဇော်ကြီးတို့များ ကံတက်နေချက်တော်။မြေပွဲစားခ ကို ဆယ်သိန်းရသတဲ့။
"ဘယ်သူ့ခြံရောင်းတာလဲ"
" အမယ်လေး မိချို ပေါ့အေ။ နှစ်လုံး ကြွေး တွေတင်လို့ မဖြစ်မနေ ရောင်းဆပ်လိုက်ရတာ"
