抖阴社区

???????????????????????(??)

2.8K 78 0
                                    

တရုတ်မလေး နှင့် ဒုဌ၀တီသား(၂၃)

ဆေးရုံကနေပြန်ရောက်လာတဲ့ သတင်းကြားလို့ ဆိုပြီး ရွာထဲက ယုနဲ့ သိသူခင်သူတွေ၊

စပ်စု ချင်တဲ့သူတွေ၊ ဆွေမျိုးနီးစပ်တွေ က  အဘွားအိမ်ကို သူ၀င် ငါထွက် ရောက်လာကြတယ်။

အဘွားက အရင်ကတည်းက သူမစားပွဲကို လက်ဖက်နဲ့ ဧည့်အပျက်ခံသူမဟုတ်။

အခုလို လူမမာလာ မေးကြသတဲ့ဆိုတော့ပိုပြီးတော့ အားရပါးရ ဧည့်ခံတာ ပေါ့။

သူ့မခြံထဲက ငှက်ပျောသီး အမှည့် ကိုကြော်ပြီး သကြားလေးဖြူးထားတာကတစ်ပွဲ။

ကြက်သွန်ပေါင်း ကြော်တွေဆိုတာကလည်း စတီးလင်ဗန်းတစ်ချပ်။

လက်ဖက်သုပ်ထဲကို ပုစွန်ကွေး ကြီးကြီးတွေက အဖွေးသားထည့်ထားရင်း ရေနွေးကြမ်းနဲ့ ဧည့်ခံနေလျက်။

ယု ကို တော့ သူမထိုင်နေကြ ပက်လက် ထိုင်ခုံပေါ် သက်သောင့်သက်သာထိုင်ရင်းစကားပြောစေတယ်။

ဘယ်လိုဖြစ်ကြတာလဲ၊ ဘာညာ မေးရင်းအိမ်နီးနားချင်းအပျိုကြီး မချော က ဟာသ သဘောမျိုးထပြောလိုက်တယ်။

“ယုယုရယ် တို့ကတော့ နင် မူးလဲ သွားတယ်ဆိုတော့ ...
ဟယ်၊ ငါတို့ တရုတ်ပေါက်လေး ချီရတော့မယ် ထင်ထားပေါ့အေ”

အားလုံးက ပြုံးစိစိ ဝိုင်းရယ် ကြပင်မယ့် မရယ်နိုင်သူက  ယု။

ဧည့်သည် အကုန် မပြန်ခင်ကတည်းက ‌ယောက္ခမကြီးက ယုကိုစိုးရိမ်တကြီးနဲ့

“ယုယု သမီး အအေးပြန် မိ လိမ့်မယ်။ အခန်းထဲ သွားနားတော့”

ဖိုးဉာဏ်  ကလည်း ယုရဲ့မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး နောက်ကနေလိုက်သွားတယ်။


နေကောင်းမှ ခြံထဲပြန်ရမယ်ဆိုပြီး ယောက္ခမတွေရဲ့ စီစဉ်ပေးမူ့နဲ့ အဘွား နှစ်ထပ် တိုက်အိမ်ရဲ့ အောက်ထပ်မှာနေရတယ်။

>>>
နဂိုကတည်းက ကျွန်တော်တို့ နေခဲ့တဲ့ အခန်းဆိုတော့ ယုပစ္စည်း တချို့ တ၀က်ရော သူ့ပစ္စည်းတွေပါ ထားထားတာမို့ထွေထွေထူးထူးပြင်စရာမလို။

?????????????? ????????? (Completed)Where stories live. Discover now