"ရေစက်ဆိုတာလည်း ပြောရခက်သား။ဆန်းကြယ်တယ်ဗျ။
ဟိုးတောင်ပေါ်က လက်ဖက် နဲ့ အညာက ပဲလှော် တောင် တစ်ပန်းကန်ပြားထဲအတူတူဆုံကြရသေးတာာ။
ဖူးစာပါတော့ ပြောပါတယ်။
"အေး... ဟုတ်သား။ အဲ့လိုစဉ်းစားလိုက်ရင် ငါ့အိမ်က ရေနွေး နဲ့
ဦးကာကာ လက်ဖက်ခြောက်ကလည်း ဖူးစာနေမှာနော်"ဟဲ... ဟဲ.. ဟား...ဟား..
ကဲ ဒါ့ကြောင့်ပြောပါတယ်။ တရုတ်မလေးနဲ့ ဒုဌ၀တီရွာသားညားသွားလို့လည်းဆန်းကြယ်တယ်မထင်ပါနဲ့ဗျာ။
"ဖူးစာပေါ့ ဟုတ်ဖူးလား"
>>>>
ကျွန်တော်တို့ ဆိုတာကလည်း တူတော်မောင် နဲ့စပ်လို့ တော်ကြတဲ့ ဘကြီးအရီး များဆိုပင်မယ့် အစ်မကြီးတို့အတွက်အသိမိတ်ဆွေ တွေလည်းဟုတ်ပါတယ်။
အစ်မကြီးတို့ကလည်း နောက်ကျရင် ခမည်းခမက် နှစ်ဖက်ဆွေမျိုး အိမ်ဆိုတော့ ဒီထက်ပိုပြီး ၀င်ကြပါ ထွက်ကြပါ။
ဧည့်သည်တွေကိုနူတ်ဆက်ပြီး တာနဲ့ သူ့အိမ်က ထိုင်ရှည်ပေါ်မှာ အတူတူထိုင်ရင်း
" သတို့သမီးဖက်က ပွင့်ပွင့်လင်းလင်း အခုလို လာရောက်မေးမြန်းတယ်ဆိုကတည်းက ငါ့တူကိုသဘောကျသွားလို့ပဲဖြစ်မယ်"
"ရိုးပါဘိနဲ့ ကိုချိုရယ်။ တော့တူ ကိုသဘောကျတာထက်
တော့တူကို .. သမက် အထာ ဘယ်လောက်ရှိလဲလာစမ်းတာသိရဲ့လား။ကျုပ်က မိန်းမသားအချင်းချင်း အခြေမြင်ပြီးသား"
"ဘာပဲဖြစ်ဖြစ်ကွာ... ငါ့တူ နဲ့ ပေးစားချင်စိတ်ရှိလို့သာ အခုလိုတကူးတကလာရှာတာ ပေါ့ "
"ကိုင်း တူတော်မောင် ၊မင်း မင်္ဂလာပွဲကြီး ကျင်းပပြီးအောင်မြင်ဖို့သာကျန်တော့တယ် ကွ"
" ဒါနဲ့..ဘ.. ကျွန်တော့် ယောက္ခမ ...ကျွန်တော့်နဲ့သီသန့်လာ တွေ့သွားတယ်ဆိုတာကို အမေတို့ ပြန်ပြောမပြနဲ့နော်"
"အေးပါကွ။ စိတ်ချ ဒီအိမ်ကမင်းအရီး တောင် သေချာမသိပါဘူး။
လမ်းကြုံလို့ ဆုံကြတဲ့သဘော ငါခွင်ဖန်ထားတာပါကွ"
