“မကြည့်ချင်ပါဘူး ကိုယ့် ကိုကိုယ်အကုသိုလ်အဖြစ်ခံလို့။ ဘွားဘွား ပြောသလို ပြောရမယ်။
သူ့အကျိုး သူပေး။ ကိုယ့်အကျိုး ကိုယ့်ပေးလိမ့်မယ်။
ဟွင့် ...ဒါနဲ့ဆက် ပြောရပါအုံးမယ်။
အဲ့ဒီ အန်တီကြီး ယု ကို အခုလို အမြင်စောင်းတဖက်စောင်းနင်း ရန်လုပ်နေတာ မောင့် ကြောင့် လို့ ပြောနေကြတာ ကြားခဲ့တယ်သိလား”
“မောင်နဲ့ ဘာမှမဆိုင်ဘူးကွာ ချဲ့ကားပြီး လျှောက်ပြောနေကြတာ”
“ဆိုင်မဆိုင်တော့မသိဘူး။ သူ့သမီး နဲ့မောင်က အတန်းတူ ကျောင်းနေဖက်တွေဆို။ ဟိုးငယ်ငယ်လေးတုန်းက”
“ အဟက်...ဟုတယ်လေ ယုရဲ့၊ အဲ့တာ နဲ့ဘာ ဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲ။ မောင်က အရင်တုန်းက သူ့သမီး နဲ့ ရင်းနှီးပြီးညားတော့ ယုနဲ့ ညားလို့ မကျေနပ်တာနေမှာပေါ့”
“ဪ မိန်းမရယ်၊ ရွာက စာသင်ကျောင်း လေ။မရင်းနှီးပဲ နေပါ့မလား။
တစ်ကျောင်းလုံးပေါင်းကြည့် မှ ရာဂဏန်းမပြည့်တဲ့ မူလတန်းကျောင်းလေး။
သူ့သမီးတင်မကဘူး တစ်ရွာလုံးက သမီးတွေနဲ့ရင်းနှီးတယ်”
“ဟုတ်လား... ဪ... ဟုတ်မှာပေါ့... ဟုတ်မှာပေါ့ ...ဒါကြောင့် ရွာထဲကသမီးရှင်မှန်သမျှ
ယုကို လာပြီး ခပ်ထေ့ထေ့ လုပ်နေကြတာကိုး”လေသံ ရောစကားလုံးရောပါ ပြောင်းသွားတဲ့ သူ့မိန်းမ ကိုကြည့်ပြီး ဖိုးဉာဏ်တစ်ယောက်မျက်ခုံးလူပ်သွားရတယ်။
ကိုယ့်ဘာသာ ဖော်ကောင် လုပ်ပြီး ချောက်ထဲ
ဒိုင်းဗင်း ခုန်ဆင်း ဖြစ်မည်စိုးရိမ်တာကြောင့် ပါးစပ် ဘရိတ်အုပ်ပြီး နောက်ပြန် ဆုတ် လမ်းကြောင်းပြောင်းလိုက်တယ်။“မိန်းမ ခြေထောက်နာ နေသေးတယ်မို့လား။ မောင်ထပ်နှိပ်ပေးမယ်လေ”
“တော်ပါပြီ ...”
ဆိုပြီး မီးဖို ဘေးကနေ ချက်ချင်း ထ သွားတယ်။
“ယု... မိန်းမ .ခြေဖျားတွေ နွေး သွားအောင် မီးလူံပြီးမှ အိပ်ရာ၀င်လေ"

???????????????????????(??)
Start from the beginning