မကြားချင်ယောင်ဆောင် ဘာမျှ ပြန်မပြောပဲ အိမ်ထဲ ၀င်သွားတဲ့ယုကြောင့်
မီးဖိုက မီးကို အမြန်ငြှိမ်းသတ်လိုက်တယ်။ ပြီးတာနဲ့ ဉာဏ်လည်းအိမ်ထဲအမြန် လိုက်၀င်သွားတယ်။
အိပ်ရာပေါ်ရောက်နှင့်နေတဲ့ မိန်းမက ကျောပေးပြီး အိပ်နေတယ်။
>>>>
နှစ်ယောက်အတူအိပ်တဲ့ စောင်ထဲ ကျွန်တော်ပါ အတူခြုံလိုက်ပြီး ကွယ်မထားတဲ့ သူမပါးလေးကို နမ်းလိုက်တယ်။လက်တွေက သူမခါးလေးကို တွယ်ဖက်ထားရင်း
“ မိန်းမ ဘာဖြစ် ...”“ဘာမှဖြစ်ဘူး.. အိပ်တော့မယ်”
“ဖြစ်နေပါတယ်။ ကောက်နေတာမို့လား”
“သိရင်လည်းငြိမ်ငြိမ်နေပါလား။ လာမေးနေသေးတယ်”
“မေးမှအကောက်ပြေမှာ မဟုတ်ဘူးလား”
“မဟုတ်ဘူး... ကောက်စရာလည်းမလိုဘူး။ကောက်လည်းမကောက် ချင်ဘူး...သွား”
“ဟောဗျာ.. ညကြီး ချမ်းကချမ်းနဲ့ ဘယ်သွားရမှာလဲ”
“မသိဘူး... မသိဘူး....”
“ယု...မိန်းမ “ မောင့်ဖက် လှည့်ပါအုံး"
“တော်ပြီ... အိပ်တော့မယ်လို့”
“ယု .. မောင့်ကို..” ဉာဏ်ရဲ့စကားကို အဆုံးမသတ်စေဘဲ ယုက ဉာဏ် ဖက်ကို မျက်နှာ လှည့်ပြီးအော်လိုက်တယ်။
“မောင်_”
သူမရဲ့လက် ချောင်း လေး တွေနဲ့ဉာဏ်ရဲ့ ပါးစပ်ကို အတင်းပိတ်လိုက်ပြီး။
“သိတယ် ဆက်မပြောနဲ့တော့။ မောင်က ယုကိုအရမ်းချစ်မှန်းလည်း သိတယ်။
မောင့်အချစ်က ယုစိတ်ကို လုံခြုံစေမှန်းလည်းသိတယ်။
ယုနဲ့မဆုံခင်အတိတ်မှာ ဘယ်သူ့ကိုပဲချစ်ခဲ့ဖူးပါစေ။ အခုပစ္စုပ္ပန်နဲ့ နောင် အနာဂတ်မှာ ယု တစ်ယောက်တည်းကို ပဲ မောင်ချစ်ရင်ရပြီ”
ယုရဲ့ အစက လေသံစွာစွာ လေးကနေ တဖြည်းဖြည်း လေးနက်စွာ အဆုံးသတ်သွားတဲ့ အသံလေးကို ကျေနပ်စွာ နားထောင်နေမိတယ်။
ယုရဲ့ မျက်နှာ အမူအရာလေးတွေအပါအ၀င်ပေါ့။
သူမခါးလေးပေါ်ကကျွန်တော့် လက်တွေက ပိုပြီးပိုင်စိုးပိုင်နင်း လုပ် ဖို့ ရဲတင်းလာတယ်။

???????????????????????(??)
Start from the beginning