အနီးကပ်ဆုံး မြင်နေရတဲ့ သူမ ရဲ့ မျက်လုံး ဝိုင်းဝိုင်း၊မျက်တောင် ကော့ကော့လေးရယ်၊နူးညံ့အိစက်နေတဲ့ နူတ်ခမ်းဖူးလေးပေါ်ကို နူ့ညံ့ညင်သာစွာ အနမ်းခြွေတော့ ငြိမ်သက်သွားတဲ့ ကြက်တူးရွေးမလေး။
“အဲ့ဒီမိန်းမကြီးတွေ အတင်းတုပ်နေတာ ရပ်သွားအောင် မောင့်ကို ကလေးမွေး ပေးပါလားမိန်းမရယ်”
“မောင်ကလည်း… ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ မိန်းမရဲ့။ မောင့်မိန်းမ ယုက အပျိုလုပ်ချင်သေးလို့ ကလေးမမွေးပဲ နဲ့ ယောင်္ကျား ကပ်ချွဲနေတာလို့ အဲ့မိန်းမကြီးက အတင်းတုပ်တာ “
“တုပ်ပေါ့ အပျိုလုပ်ချင်ရင် ယောင်္ကျားယူပါ့မလား။
ဦးနှောက်လည်းမရှိဘူး သူများမကောင်းကြောင်းသာ လှည့်ပြောနေတာ”
“ဦးနှောက်မရှိလို့ သူများမကောင်းကြောင်း ပြောတာပေါ့ မိန်းမရယ်”
ဘာပဲဖြစ်ဖြစ် မောင့်ကို ကလေး မွေးပေးနော် ….. နော် … လို့
>>>>>
နံနက်မိုးလင်းတော့ ပုံမှန်ထက်စောပြီးအိပ်ရာ ထလိုက်တယ်။အလှူ ရှိသည်မို့လား။ နောက်ကျရင် အဆီဖတ်နဲ့ ပဲ တွေ့ရမှာကြောက်လို့ စောစော ဝါတီး သွားဆွဲဖို့ကြံရွယ်ပြီး မျက်နှာသစ်လိုက်တယ်။
“အေးတာ ကွာ ၊ ယု… ထတော့ “
မျက်နှာသစ်ပြီး မိန်းမနိုးတော့
“အင်း..”
“အင်းမလုပ်နဲ့ တော့ ထ.. ပြီးရင် ကြာအုံးမှာရယ်”
အိမ်က မိန်းမကမိတ်ကပ် လိမ်း တာက ပြောသလောက်မကြာဘူး။.
အ၀တ်စားလဲပြီး …. မှန်ထဲကို ဟိုကြည့် ဒီကြည့် ဆယ်ပတ်လောက်ပတ်တာကကြာတာ။“အေး နေတာမို့လား”
“အေးတော့ အေးတယ်။ ရေတိုင်ရေက နွေးတယ်။
အခုလေးတင်မောင် ရေငင်ထားတာ။ ထတော့ မျက်နှာသစ်”>>>>>>
“မောင်…. မောင် ၀တ်ဖို့ ပုဆိုးရော အင်္ကျီ ရော ထုတ်ပြီးပြီးလား”
မျက်နှာသစ်ပြီး ဟို cream လူး ဒီ cream လူးရင် မိန်းမကမေးလိုက်သည်။
“မထုတ်ရသေးဘူး”
မနေ့ညနေက ယု ယူလာတဲ့ အိတ် လိမ္မော်ရောင်ထဲမှာ ထည့်ထားတာလေ။
“အင်း”
မှန်ရှေ့မှာ ခေါင်းဖြီးနေတဲ့ သူ့ကို တစ်ချက်လှည့်ကြည့်ပြီး
“မောင်… ယု နားအရင် လာခဲ့အုံး “
သူမနားရောက်တာနဲ့ ကျွန်တော့်မျက်နှာပေါ် အနံ့သင်းသင်း လေးနဲ့မွှေးတဲ့Cream လူးပေးသည်။
သူမလက်ချောင်းလေးတွေနဲ့ မျက်နှာပေါ် နေရာအနှံ့လိမ်းပေးပြီးတာနဲ့ ကျွန်တော့် နှာခေါင်း ချွန်ချွန်လေးကို ဆွဲညှစ်လိုက်သေးသည်။
“မောင်က လေ လှချင်တုန်း ခဏပဲ။ နေတိုင်းပုံမှန်လိမ်းပါဆို မလိမ်းဘူး။
မျက်နှာအသားရေက ဆောင်းတွင်းမှာပိုပြီး ထိန်းသိမ်းရတယ်သိလား”
“ဟုတ်”
“ဘာ ဟုတ်လဲ။ ကလေးကျနေတာပဲ။
နေတိုင်းလိမ်းပေးတာပဲ စောင့်နေတာ”ပြီးရင် ယုနဲ့ မောင့်ကို
“ ကျီးကန်းနဲ့ ဘဲဥ ကြနေတာပဲ “ရွာထဲက လူတွေက စရင် စမှန်းသိရက်နဲ့မခံမရပ်နိုင် အဖြစ်ဆုံးကမောင်ပဲ။
“ကြက်တွေကို အစာ အရင်ကျွေး ခဲ့လိုက်အုံးမယ်”
“အင်း.ပါ .. လုလု ကို ပိုကျွေးခဲ့နော် မောင် “
>>>>ဆက်ရန်
စနေ ၊တနင်္ဂနွေ နှစ်ရက် စာမတင်ဖြစ်ပါ💙
#Skykyiphyu

???????????????????????(??)
Start from the beginning