<Unicode>
အနည်းငယ်ချိုမြိန်နေသည့်အရည်တွေကပါစပ်ထဲစီးဝင်လာမှရိပေါ်ကထိုအရာတွေကသွေးတွေမှန်းသိသွားကာပါစပ်ထဲမှာငုံထားလိုက်ပြီးကိုက်နေရာမှဖယ်ရှားလိုက်သည်။
နတ်သူငယ်မျိုးနွယ်ဝင်ဖြစ်တာမလို့သွေးသောက်သည်ဆိုတာသူနဲ့မအပ်စပ်တာကြောင့်သွေးကိုထွေးထုပ်ရန်ပြင်လိုက်သော်လည်းသန်မာသည့်လက်တစ်ဖက်ကခါးသိမ်သိမ်လေးထက်ရောက်လာကာနောက်လက်တဖက်ကလည်တိုင်ကျော့ကျော့ထက်ရောက်ရှိလာကာမျက်နှာကိုမော့ေစလိုက်ပြီးရိပေါ်ရဲ့နှခမ်းတွေထက်ဖိကပ်လာသောရှောင်းကျန့်ရဲ့နှခမ်းပါးတွေ
ချိုမြိန်လွန်းသည့်နှခမ်းသားအိအိတွေကိုဒီတခါတော့အပြည့်အဝသိမ်းပိုက်လိုက်တော့သည်။
ရိေပါ်ရဲ့အာခံတွင်းအနှံ့လျှောက်ပတ်နေသောရှောင်းကျန့်ရဲ့လျှားနွေးနွေးကြီးကြောင့်ရိပေါ်မှာလန့်ကာရှောင်းကျန့်ရဲ့သွေးတွေကိုမြိုချလိုက်မိသည်။ရွှေရောင်နဂါးပုံသဏ္ဍာန်အမှတ်အသားကရိပေါ်နှဖူးထက်ပေါ်လာကာထိုအရာစက္ကန်ပိုင်းမျှသာဖြစ်သော်လည်းရှောင်းကျန့်ကသဘောတကျပြုံးကာပိုတိုးလို့နမ်းရှိုက်လာတော့သည်။
*အွင်း....ပြွတ်....လွှတ်....လွှတ်ပေး...ပြွတ်.....အသက်ရှူ....အင့်....*ရိပေါ်ကအသက်ရှူကျပ်လာတာမလို့ရှောင်းကျန့်ရင်ဘက်ကိုလက်နဲ့တဘုန်းဘုန်းရိုက်ကာလွှတ်ပေးရန်ပြောလာတာမလို့ရှောင်းကျန့်ကသူ့ကြောင့်နီထွေးကာစိုစွတ်နေတဲ့နှခမ်းသားလေးတွေကိုခပ်ဖွဖွကိုက်ကာမလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်ရကာသူ့ပုခုံပေါ်ခေါင်းတင်ကာလေကိုအသည်းအသန်လုရှူနေသူလေးရဲ့နာရွက်ဖျားလေးကိုခပ်ဖွဖွကိုက်ခဲကာဆွဲဆောင်အားကောင်းသောလေသံနဲ့ပြောလိုက်သည်။
*သည်းညှာကိုယ်နဲ့လိုက်မလား.....?*
*ဟင်...ဘယ်ကိုလဲ*
အမေးနဲ့ပြောလာသူကိုနောက်တစ်ယောက်ကလည်းအမေးနဲ့ပင်ပြန်ဖြေလာသည်။
ရှောင်းကျန့်ကသူ့နှဖူးပေါ်ကနတ်ဆိုးအမှတ်အသားကိုလက်ညှိုးထိုးပြကာ.....*စိတ်ဝင်စားစရာကောင်းတဲ့ကစားစရာလေးတစ်ခုတွေ့ထားလို့သည်းညှာလိုက်မလား*
