抖阴社区

arc-5:6?????????

1.6K 81 0
                                        

<Unicode>

*ဟင်အင်း...ကိုယ်ကဆိုးတယ်*

*ဟာ....အကိုဒီနေ့ချက်စရာမဝယ်ရင်အိမ်မှာချက်ဖို့ဘာမှမရှိတော့ဘူးဆိုအကိုအငတ်ခံနိုင်လို့လား*

*ဟွန့်...ပြီးရောပြီးရောလွှတ်ပေးမယ်..*

မဏ္ဏိကနှာခေါင်းရှုံ့ရင်းမကျေမနပ်ရေရွတ်လိုက်ပြီးသူ့စကားအတိုင်းလွှတ်ပေးလိုက်ကာသူပါလိုက်ထလာသည်။

*အကိုဆက်အိပ်ချင်အိပ်လေ...ခရာ့ဘာသာသွားဝယ်လိုက်မယ်*

*ဟင်အင်းကိုယ်လည်းလိုက်ခဲ့မယ်ကိုယ့်အချစ်လေးကဒီလောက်ချစ်စရာကောင်းတာစိတ်မချပါဘူးကွာ*

ခရာရဲ့မျက်နှာကနီမြန်းသွားရကာပိုပြီဆိုသည့်အမူအယာလေးနဲ့မျက်စောင်းထိုးကာကြည့်လာတာမလို့မဏ္ဏိမှာအသည်းယားသွားရကာကိုယ့်အောက်နှခမ်းကိုသာခပ်စပ်စပ်ကိုက်လိုက်သည်။

မျက်နှာသစ်ပြီးတော့အဝတ်အစားလဲကာဈေးကိုထွက်လာခဲ့လိုက်သည်။
ချက်စရာပြုတ်စရာတွေဝယ်ယူပြီးသည်နှင့်အိမ်ကိုပြန်ကာအချက်အပြုတ်တာဝန်ကိုမဏ္ဏိကယူကာချက်ပြုတ်လိုက်သည်။

ချက်ပြုတ်ပြီးသည်နှင့်နေ့လယ်စာစားကာခရာမိဘတွေနေတဲ့အိမ်ကိုဦးတည်သွားကြသည်။
ခရာမှာလွန်းထက်ဝတီဆိုတဲ့အမတစ်ယောက်ရှိကာဒီနေ့ကအမရဲ့သားသူ့တူလေးရဲ့၆နှစ်ပြည့်မွေးနေ့ဖြစ်သည်။

ထိုကြောင့်မွေးနေ့ပွဲးအတွက်သွားဝိုင်းကူညီကြမှာဖြစ်သည်။
သူတို့နည်းတူတချို့လူတွေကလည်းဝိုင်းကူရန်သွားကြသည်။
သူတို့ကခရာတို့ကိုနှုတ်ဆက်ကာအတူတူသွားကြသည်။

ရွာကမွေးနေ့ပွဲးဖြစ်တာမလို့မြို့ပေါ်တွေကလို့ပါတီပွဲးဘာပွဲးညာပွဲးဆိုကာကျင်းပမနေပဲလာသမျှလူတွေကိုဧည့်ခံကျွေးမွေးကာရိုးရှင်းတဲ့မွေးနေ့ပွဲးလေးသာကျင်ပတာများသည်။
ခရာတူလေးရဲ့မွေးနေ့ပွဲးမှာပါမုန့်အုန်းနို့ဆမ်းနဲ့ကိတ်ခွဲးမွေးနေ့သာလုပ်သည်။
မွေးနေ့ကညနေ၄နာရီဖြစ်ကာအခုမှ၁၁ကျော်သာရှိသေးသည်။

ပါမုန့်အုန်းနိုးဆမ်းဖြစ်တာကြောင့်အလုပ်သိပ်မများပဲလူအုပ်လည်း‌‌ေတာင့်တာ‌ေကြာင့်အချိန်ခဏလေးအတွင်းအားလုံးပြင်ဆင်ပြီးသွားသည်
လူကြီးတွေအတွက်ရေနွေးကြမ်းသောက်ရန်းစားလို့ရအောင်လက်ဖက်သုပ်နဲ့မုန့်တချို့ပါပြင်ဆင်ထားကြသည်။

system?????????????????Where stories live. Discover now