抖阴社区

arc-10:4???????????

1.3K 63 0
                                        

<Unicode>

ကြောင်တောင်တောင်‌ေလးဖြစ်သွားသည့်လျန်ရှင်းမှာမျက်လုံးအပြူးသားနဲ့အရှင့်ကိုမော့ကြည့်လိုက်မိသည်။
ဖန်စုံရှင်းကထိုအမူအယာလေးကြောင့်သဘောကျစွာပြုံးလိုက်တဲ့အချိန်နဲ့တိုက်ဆိုင်သွားကာအရှင်ရဲ့အပြုံးတွေကိုမမြင်ရတာကြာပြီဖြစ်တဲ့သူ့အဖို့အရှင့်ရဲ့အပြုံးတွေကလှပကာအသက်ဝင်လွန်းကာအသက်ရှူဖို့ပင်မေ့လျော့နေကာငေးမောနေမိသည်။

အရှင့်ရဲ့အပြုံးတွေကဖြည်းညင်းစွာပျောက်ကွယ်သွားပြီပြောလာတဲ့စကားတွေကြားကာမှသတိပြန်ဝင်လာသည့်သူ့အဖြစ်ကအရှင့်ရဲ့စကားကြောင့်ကြောင်အသွားရပြန်သည်။
*ကိုယ့်ကိုဆန်ပြုတ်ခွံ့မကျွေးတော့ဘူးလား....ကိုယ့်လက်တွေနာနေလို့*

ရေနစ်တဲ့သူကလက်နာလို့ဆိုကာသနာစဖွယ်ကောင်းအောင်ကြည့်လာပြီးပြောလာတာကြောင့်လျန်ရှင်းမှာကြောင်အသွားရသော်လည်းမျက်လုံးလေးတွေတောက်ပသွားကာခေါင်းတဆက်ဆက်ညိမ့်ပြလိုက်ကာသူ့ရဲ့ဆန်ပြုတ်ပန်ကန်လေးကိုယူကာအရှင်လက်ပုတ်ပြတဲ့ကုတင်ပေါ်တင်ပါးလွှဲးဝင်ထိုင်ကာသေချာမှုတ်ကာတစ်ဇွန်းစီခွံ့တိုက်လိုက်သည်။

..............

*ကျိုချန်း...*

*ဘာလည်းဝေ့ရင်း*

*ဟိုကောင်ကဘာလို့အကိုတော်ရဲ့နောက်ဆုံးကမ္ဘာမှာရောက်နေရတာလဲ?...သူကကောင်းကင်အကျဉ်းထောင်ထဲမှာမဟုတ်ဘူးလား?*

*သူထွက်ပြေးသွားတာဝေ့ရင်း*

*ဒါဆိုဘာလို့အချိန်မှီပြန်မဖမ်းရတာလဲအခုသူကအကိုတော်နဲ့မရီးကိုနှောက်ယှက်ရင်ဘယ်လိုလုပ်မလဲ?*

ကျိုချန်းက‌သူ့ကိုလာကောနေတဲ့ဝေ့ဝူရှန့်ကိုတုံးလိုက်ရန်ကောဟူသည့်အကြည့်နဲ့ကြည့်ကာ...

*ဘာလို့ပြန်မဖမ်းရတာလဲဆိုတော့မင်းအကိုတော်ရဲ့အချစ်ကိုစမ်းသပ်ချင်လို့ပေါ့...အကယ်၍ရှောင်း
ကျန့်သာမှားယွင်းပြီးသူ့ကိုရွေးချယ်ခဲ့ရင်တော့ငါလည်းမတက်နိုင်ဘူး*

*အဲ့ဒီလိုတကယ်ဖြစ်ခဲ့ရင်မရီးတော်ဘာဖြစ်သွားမှာလဲ?*

*ဟင်း...ဝမ်ရိပေါ်ကတော့ရှောင်းကျန့်ရဲ့ရွေးချယ်ခြင်းကိုမခံခဲ့ရရင်သူ့ရဲ့ဝိဉာဉ်ပါပျောက်ကွယ်သွားမှာအရာအားလုံးကရှောင်းကျန့်ရဲ့ရွေးချယ်မှုအပေါ်မူတည်တယ်*

system?????????????????Where stories live. Discover now