抖阴社区

arc-3:11???????????? end

2K 107 0
                                        

<Unicode>

ကျိုးရှရန်ပြောသည့်အတိုင်းပင်ကျိုးမိသားစုကချွမ်လုကိုပြန်တွေ့သည့်အထိန်းအမှတ်အနေနဲ့ပါတီပွဲးတစ်ခုကိုကျိုးမိသားစုခြံဝင်းထဲမှာကျင်းပကြသည်။
နာမည်ကြီးထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့နယ်ပယ်ပေါင်းစုံမှာအောင်မြင်နေတဲ့ထိပ်သီးပုဂ္ဂိုလ်တွေအပြင်နာမည်ကြီးသတင်းမီဒီယာအများစုကလည်းလာရောက်ကာသတင်းထူးသတင်းဦးကိုယူနိုင်ရန်လာရောက်ကြသည်။

ကျိုးမိသားစုခြံဝင်းထဲများစွာသောလူတွေနဲ့ပြည့်နှက်နေကြသည်။
လူစုံခေါင်းဆောင်ကခြံဝင်းထဲမှာအသစ်ဆောက်ထားတဲ့စင်မြင့်ထက်တက်လှမ်းလိုက်သည်။

ကျိုးမိသားစုခေါင်းဆောင်စင်ပေါ်တတ်သွားတာတွေ့သည်နှင့်အားလုံးကတိတ်ဆိတ်သွားကြကာကျိုးခေါင်းဆောင်ပြောမည့်စကားတွေကိုအာရုံစိုက်နားထောင်လိုက်သည်။

*အဟမ်း....အဟမ်း....အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်အခုလိုအလောတကြီးပါတီပွဲးပြင်ဆင်လိုက်ရတဲ့အကြောင်းကကျွန်တော်ကြေညာ
စရာလေးရှိလို့ပါ......အဲ့ဒါကတော့ကျွန်တော့်သားအရင်းကငယ်ငယ်ကတည်းကပြန်ပေးစွဲးခံရပြီးပျောက်သွားတာကိုအားလုံးသိကြမှာပါ...*

*ကျိုးရှရန်ကိုကျွန်တော့တို့သားအရင်းထင်ခဲ့ကြ‌ေပမယ့်တကယ်‌ေတာ့မဟုတ်ခဲ့ပါဘူးသူကကျွန်တော့်သားနေရာမှအယောင်ဆောင်ပြီးကျိုးမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုလိုချင်လို့အခုလိုလိမ်ညာဇာတ်ထွင်ခဲ့တာပါ....အခုတော့ကျွန်တော်ရဲ့တကယ့်သားအရင်းကိုတွေ့ခဲ့ပါပြီး...သူ့ကိုတော့အားလုံးကရင်းနိးကြမယ်ထင်တယ်.....သားချွမ်လုစင်ပေါ်တက်ပြီးကိုယ့်ကိုကိုယ်မိတ်ဆက်ပေးပါဦးကွယ်*

ကျိုးပါးရဲ့စကားအဆုံးအားလုံးရဲ့အကြည့်တွေကကျိုးအိမ်တော်ထဲကနေထွက်လာသောလူငယ်‌ေလးထံရောက်ရှိသွားကာတချို့လူတွေရဲ့မျက်နှာထက်အံ့ဩရိပ်တို့ကပြည့်နှက်လာသည်။

*သူ....သူကကျင်းမိသားစုရဲ့လက်ရှိခေါင်းဆောင်ကျင်းချွမ်လုမဟုတ်ဘူးလား...*

*ဟုတ်တယ်ငါလည်းသူ့ကိုတွေ့ဖူးတယ်အရင်တစ်ခါကကားမတော်တဆဖြစ်ပြီးအောက်ပိုင်းယာယီသေသွားတယ်လိုတောင်ကြားလိုက်သေးတယ်....အခုကျအကောင်းကြီးပါပဲ...*

system?????????????????Where stories live. Discover now