抖阴社区

arc-8:3????????

1.3K 61 0
                                        

<Unicode>

သူ့ရဲ့စိတ်စွမ်းအားကAအဆင့်သာရှိကာအသုံးပြုနိုင်နှုန်းကအကန့်အသတ်ရှိသည်။
အလွန်အကျွံသုံးစွဲးမိပါကခေါင်းကိုက်တာခေါင်းမူးတာအော့အန်ချင်တာနဲ့တခြားဘေးထွက်ဆိုးကြိုးတွေများစွာရှိသည်။

ထိုတော့ဘဲလူကိုယ်တိုင်ငါးဖမ်းရန်အတွက်အဝတ်အစားတွေချွတ်ကာဘောင်းဘီရှည်ကိုသာချန်ထားခဲ့ကာရေထဲပြေးဆင်းလာခဲ့လိုက်သည်။

.......
အချိန်အတော်ကြာငါးဖမ်းလာခဲ့ပြီးနောက်ငါး၄ကောင်ဖမ်းမိကာငါးတွေကိုသူ့မှာပါလာတဲ့ဓားလေးနဲ့သန့်ရှင်းလိုက်ကာငါးခန္တာကိုယ်ထဲကမကောင်းတဲ့အရာတွေကိုဖယ်ထုပ်လိုက်ကာမြက်ပင်ကြိုးနဲ့ပူးတွဲးချီလို့အဝတ်အစားတွေကိုပြန်ဝတ်လိုက်သည်။

အဝတ်အစားဝတ်နေရင်းနဲ့မှအတိတ်ကအဖြစ်အပျက်တွေကိုပြန်သတိရမိသွားကာလီယွန်မျက်နှာပေါ်ကတောက်ပနေတဲ့အပြုံးကပျောက်ကွယ်သွားရသည်

သူကမေဗ့်အင်ပါယာရဲ့တော်ဝင်နန်းတော်ကကျောင်းသားကောင်းတစ်ယောက်ဖြစ်ကာလူပေါင်းမှားသွားလို့သာအခုလိုထွက်ပြေးနေရတဲ့လူတစ်ယောက်ဖြစ်သွားခဲ့ရသည်။

ဒါပေမယ့်သူ့သူငယ်ချင်းကိုသူအပြစ်မတင်ပါလူတိုင်းမှာလောဘ၊ဒေါသတွေရှိတာပဲထိုအရာတွေပြည့်နှက်နေစဉ်ခဏတော့အမြင်ကအမှောင်ဖုံးလွှမ်းနေကာအမှားအမှန်သိရှိနိုင်ကြမှာမဟုတ်ဘူးလေ...

သူ့သူငယ်ချင်းမလေးတစ်နေ့တော့ပြန်ပြီးအရင်လိုဖြစ်နိုင်ပါစေလို့သူမျှော်လင့်ရတာပဲ
သူ့ကိုဒဏ်ရာရစေပြီးအခုလိုထွက်ပြေးရအောင်လုပ်တဲ့အဓိကတရားခံကသူသဘောကျရတဲ့သူဖြစ်နေတဲ့အချက်သိပ်ပြီးအဆင်ပြေမနေပါ....

ဒါပေမယ့်ထိုအရာတွေကသူရူးမိုက်တုန်းကပြုလုပ်ခဲ့တဲ့အရာတွေချည်းသာအမှန်တော့သူကဗယ်လန်တီနိုကိုသဘောကျသည်ဆိုတာထက်အထင်ကြီးလေးစားစိတ်ဖြစ်မိချင်းသာ...
ထိုအရာကိုမှားယွင်းစွာသဘောကျခြင်းဟုခေါင်းစဉ်တပ်ခဲ့မိပြီး...
နောက်ထပ်အကြီးအကျယ်ဆုံးသူ့ရဲ့အမှားကသူမပြောတဲ့အတိုင်းတသွေမတိမ်းလိုက်လုပ်ခဲ့မိခြင်းသာ

system?????????????????Where stories live. Discover now