<Unicode>
ဒါပေမယ့်သူချစ်ရတဲ့လူကသူ့ကိုလုပ်ကြံကာသတ်ဖြတ်ရန်ပင်လုပ်ခဲ့တာကတော့သူ့ကိုအတော်ထိချက်ပြင်းစေသည်။
သူကဦးတည်ရာမဲ့ထွက်ပြေးနေရင်းလူတစ်ယောက်ကိုကယ်တင်ခဲ့သည်။
သေချာပြုစုစောင့်ရှောက်ပေးခဲ့ကာသူ့ရင်ထဲကသိမ်းဆည်းထားတဲ့အကြောင်းအရာတွေကိုဖွင့်ဟခဲ့မိသည်။ထိုအရာကထိုလူကိုသေဆုံးစေမယ်မှန်းသာသိခဲ့ပါကသူဖွင့်ပြောဖြစ်ခဲ့မှာမဟုတ်ပေ
ထိုလူကဇာ့ဂ်ဘုရင်ဆိုတာနဲ့ထိုလူသေဆုံးသွားပြီဆိုတာသိလိုက်ရတော့နောင်တတွေရကာထိုလူ့ကိုသူချစ်နေခဲ့ပြီမှန်းသိသွားခဲ့ကာနောင်တတွေတသီကြီးနဲ့အသက်မရှင်ချင်တာမလို့သေမယ်မှန်းသိလျှက်နှင့်တောင်ဇာတ်လိုက်တွေကိုလုပ်ကြံခဲ့သည်။ဇာတ်လိုက်တွေကိုအနည်းငယ်လေးဒဏ်ရာရရင်တောင်သူသေရတာတန်သည်ဆိုတဲ့စိတ်နဲ့ပေါ့...
ဝမ်းနည်းစရာကဇာတ်လိုက်တွေကိုလက်ဖျားလေးနဲ့တောင်မထိနိုင်ခဲ့တာပင်...."အဲ့တော့ငါကဘယ်သူလဲ?"
"hostကဇာ့ဂ်ဘုရင်Ryker(ရွိုက်ခါ)ပါ..."
"ဪ....အေး..အခုကဘယ်အချိန်ရှိပြီးလဲ?"
"အခုကလီယွန်ကဇာ့ဂ်ဘုရင်ကို
တွေ့ပြီးကယ်တင်မယ့်အခန်းကိုရောက်နေပါပြီခဏနေရောက်လာပါလိမ့်မယ်"ရွိုက်ခါအစိမ်းလုံးစကားကြောင့်မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေကိုကြည့်ကြည့်လိုက်တော့မူလပိုင်ရှင်ရဲ့စိတ်စွမ်းအားကအနိမ့်ဆုံးအဆင့်ဖြစ်တဲ့Fအဆင့်သာရှိပြီးထိုစွမ်းအားကြောင့်ပဲဇာ့ဂ်စစ်တပ်ကိုကောင်းစွာမအုပ်ချုပ်နိုင်ပဲနောက်ဆုံးလူသားတွေနဲ့တိုက်ပွဲးမှာဒဏ်ရာအပြင်းအထန်ရကာအပျက်အစီးပုံထဲသတိလစ်မေ့မျောကာနေခဲ့ခြင်းဖြစ်သည်။
"......"?
အော်...တယ်တော်ပါလားFအဆင့်စိတ်စွမ်းအားလေးနဲ့သူရဲကောင်းဝင်လုပ်ပြီးလီယွန်အတွက်လက်စားချေပေးလိုက်သေးတယ်ဒီကမ္ဘာမှာစိတ်စွမ်းအားတွေရဲ့အဆင့်သတ်မှတ်ချက်တွေကသူတို့မွေးကတည်းကပါဝင်လာခြင်းဖြစ်ကာထပ်မံအဆင့်တက်လို့မရနိုင်ပေ
Fအဆင့်ကိုနိုးထနိုင်တဲ့သူကထာဝရထိုအဆင့်မှာပဲရှိနေမှာဖြစ်ပြီးအဆင့်မတက်နိုင်ပေ
ဒါပေမယ့်အဆင့်တက်နိုင်ရန်အတွက်တနည်းလည်းရှိသေးသည်။
ထိုအရာကSSSအဆင့်စိတ်စွမ်းအားရှင်နဲ့ပေါင်းစည်းနိုင်တဲ့စိတ်စွမ်းအားရှင်တွေကတော့အဆင့်တက်နိုင်မှာဖြစ်ကာအနာဂတ်မှာSSအဆင့်ထိအဆင့်တက်နိုင်နှုန်းပိုမိုများပြားသည်။
