抖阴社区

part(3)

472 38 0
                                    

အဆောင်ကို ပြန်ရောက်တော့ Dew တံခါးပိတ်ပြီး အနည်းငယ် ပရမ်းပတာဖြစ်နေတဲ့ သူ့အခန်းကို တစ်ချက် ကြည့်လိုက်တယ်။
သူ အရင်ဆုံး ရေချိုးခန်းထဲဝင်ပြီး တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ရေနဲ့အတူ ဆေးကြောလိုက်တယ်။

ရေချိုးပြီးတော့ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားလဲပြီး စာကြည့်စားပွဲမှာ ထိုင်ကာ ဒီနေ့ သင်ခဲ့တဲ့ မှတ်စုတွေကို ပြန်ဖတ်ဖို့ ပြင်လိုက်တယ်။

စာအုပ်ကို ဖွင့်ပြီး စာကြောင်းအနည်းငယ် ဖတ်ပြီးတဲ့အချိန်မှာ Dew ရဲ့ အတွေးတွေက လွင့်စင်သွားတယ်။ သူ့ခေါင်းထဲကို ရောက်လာတာက စင်္ကြံမှာ သူနဲ့ စကားပြောခဲ့တဲ့ Tee ရဲ့ မျက်နှာနဲ့ နွေးထွေးတဲ့ အပြုံးလေးပဲ။ ဘာကြောင့် ရုတ်တရက် Tee ကို မြင်ယောင်မိလဲ Dew လည်း နားမလည်ဘူး။ ဒါပေမဲ့ အဲဒီပုံရိပ်က သူ့ရဲ့ အာရုံကို ဖမ်းစားထားသလိုပဲ။ သူ စာဖတ်ဖို့ ဘယ်လိုမှ အာရုံမစိုက်နိုင်တော့ဘူး။

"တော်ပြီ... မနက်မှ ဆက်လုပ်တော့မယ်" Dew တိုးတိုးလေး ပြောပြီး စာအုပ်ကို ပိတ်လိုက်တယ်။

ညနေပိုင်းရဲ့ ငြိမ်သက်မှုမှာ သူ့ရဲ့ အတွေးတွေက Tee ဆီကိုပဲ ဦးတည်နေတယ်။ မနက်ဖြန်မှ Tee နဲ့ ထပ်တွေ့မယ်ဆိုတဲ့ အတွေးက သူ့ရင်ထဲမှာ အနည်းငယ် လှုပ်ရှားမှုကို ဖြစ်စေတယ်။

ပုံမှန်ဆိုရင် လူရှုပ်တဲ့ နေရာတွေကို ရှောင်ဖယ်တတ်ပေမဲ့ မနက်ဖြန် ကျောင်းမှာ Tee နဲ့ တွေ့ဖို့ကိုတော့ သူ မျှော်လင့်နေမိတယ်။နောက်ဆုံးတော့ Dew မျက်လုံးတွေကို မှိတ်ပြီး အိပ်စက်ခြင်းဆီ လျှောကျသွားတယ်။

နောက်တစ်နေ့ မိုးလင်းတော့ Dew ဟာ အရင်နေ့တွေထက် စောစော နိုးလာတယ်။ ဒီနေ့ နေ့ခင်းမှ အတန်းရှိတာကြောင့် သူ အပြင်ထွက်ပြီး နားနားနေနေနဲ့ မနက်စာစားရင်း စာဖတ်ဖို့ စိတ်ကူးလိုက်တယ်။
မနေ့ကနေ့ခင်းပိုင်း မတက်ချင်လို့  ပျက်ထားတဲ့အတန်း စာကိုလည်းကူးရအုန်းမယ်။အမောင် Dewတို့ဘ၀များလုပ်စရာတွေကိုပုံလို့။

သူ့အဆောင်နဲ့ မနီးမဝေးမှာ ကျောင်းသားတွေ အများအပြား လာထိုင်တတ်တဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်ရဲ့ ပြတင်းဘေးမှာ နေရောင်နုနုလေးတွေ ကျရောက်နေပြီး ကော်ဖီရနံ့သင်းသင်းလေးက စိတ်ကို လန်းဆန်းစေတယ်။

Between the linesWhere stories live. Discover now