🎶 Love, love
I need somebody to love 🎶မနက်ခင်းရဲ့ နွေးထွေးတဲ့ နေရောင်ခြည်က Tee ရဲ့ မျက်လုံးတွေကို ဖြည်းညင်းစွာ ထိတွေ့လိုက်တယ်။ တချိန်တည်းမှာပဲ ဖုန်းမြည်သံကြောင့် သူ အိပ်ရာက နိုးလာခဲ့တယ်။
သူ မျက်လုံးမပွင့်တပွင့်နဲ့ ဖုန်းကို ကောက်ကိုင်လိုက်တော့ ဖန်သားပြင်မှာ သူ့ရဲ့ "Hia" ဆီက ဖုန်းဝင်နေတာ တွေ့လိုက်ရတယ်။
Nani: "tee! အိပ်ရာထပြီလား ညီလေးရဲ့?"
Tee: "ဟုတ် Hia... အခုလေးတင် နိုးတာ။ Hia အသံကြားလို့ ပိုတောင် လန်းဆန်းသွားသလိုပဲ။"
Nani: "နေကောင်းရဲ့လား? အိမ်မှာ အားလုံး အဆင်ပြေကြရဲ့လား? မေမေရော၊ ဖေဖေရော ကျန်းမာရဲ့လား?"
Tee: "အားလုံး အဆင်ပြေပါတယ် Hia ရဲ့။ Hia ရော Canada မှာ အဆင်ပြေရဲ့လား? ကျောင်းစာတွေကကော ဘယ်လိုနေလဲ?"
Nani: "အဆင်ပြေပါတယ် ညီလေး။ စာတွေကတော့ နည်းနည်းများတာပေါ့။ ဒါပေမဲ့ Hia ကြိုးစားနေပါတယ်။ မင်းရော ကျောင်းမှာ စာတွေ လိုက်နိုင်ရဲ့လား? ဒီရက်ပိုင်း Assignment တွေ များတယ်ဆို?"
Tee: "ဟုတ် Hia... ဒီနေ့လည်း Assignment အသစ် ထပ်ရဦးမယ်။ ဒါကြောင့် စောစော နိုးလာတာ။ Hia ကို လွမ်းနေတာ သိလား?"
Nani: "Hia လည်း မင်းကို လွမ်းတာပေါ့ tee ရဲ့။ နောက်လတော့ Hia ပြန်လာဖို့ စီစဉ်နေတယ်။ အဲ့ကျမှ တွေ့ကြတာပေါ့။ မင်း ဂရုစိုက်ဦးနော်။ စောစောအိပ်၊ စောစောထ။ ပြီးတော့ အိမ်က လူကြီးတွေကိုလည်း ဂရုစိုက်ပေးဦး။"
Tee: "ဟုတ် Hia... Hia လည်း ကျန်းမာရေး ဂရုစိုက်နော်။ စာကျက်ရင်း အနားယူဖို့လည်း မမေ့နဲ့ဦး။ လွမ်းတယ် Hia!"
Hia: "အင်းပါ ညီလေး။ Hia လည်း လွမ်းတယ်။ ဒါပဲနော်။ နောက်မှ ဖုန်းထပ်ဆက်မယ်။"
ဖုန်းပြောပြီးတော့ Tee တစ်ယောက် ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုးလိုက်တယ်။ ပြီးတာနဲ့ ကျောင်းဝင်းထဲမှာပဲ နေတာဆိုတော့ လမ်းလျှောက်ပြီး ကျောင်းကို ထွက်လာခဲ့တယ်။ ဒီနေ့ ကျောင်းမှာ Assignment အသစ်တွေ ထပ်ရမှာမို့ သူ စောစော ရောက်ချင်နေတာ။
အော်မေ့နေတာ ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိတယ် ။haiကသိပ်တော်တာ အခုသူက Canadaမှာ environmental scienceကို phDတက်နေတာလေ ကျွတ်တော်ထက်၃နှစ်ပဲကြီးတယ်။
