抖阴社区

part(9)

326 24 0
                                    

အတန်းတွေပြီးတော့ ပုံမှန်အတိုင်း သူတို့ သုံးယောက်သား ကန်တင်းမှာ နေ့လည်စာ အတူတူထိုင်စားနေကြတယ်။ Sky က စကားစလာတာပေါ့။
မျက်လုံးတွေ အရောင်တောက်လို့ "ဟေ့ကောင်တွေ ဒီညနေ ငါတို့ ကလပ်သွားရအောင်ကွာ။ ငါကြားလာတာ အဲ့ဒီကလပ်မှာ အလန်းစား ကောင်မလေးတွေ အများကြီးပဲတဲ့" လို့ သူ့ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ ပြောလိုက်တယ်။

Dew ကတော့ ချက်ချင်း ခေါင်းခါပြီး "မင်းလုပ်ပြန်ပြီ Sky ရာ။ မင်း မနေ့ညက ဘယ်လိုဖြစ်ခဲ့လဲ မှတ်မိသေးရဲ့လား။ သောက်လိုက်မူးလိုက်နဲ့ အိမ်ကိုတောင် ပြန်မရောက်နိုင်ဘူး။ ဒီညနေလည်း အဲ့လိုဖြစ်ရင် မင်းအမေ မင်းကို သေချာပေါက် ဆူတော့မှာ" လို့ နဲ့ ပြောတယ်။

Tee ကတော့ သူတို့နှစ်ယောက်ရဲ့ စကားတွေကို နားထောင်ရင်း ပြုံးစိစိနဲ့ ဘာမှ ဝင်မပြောဘူး။ သူ့အပြုံးမှာ ဘာကို ဆိုလိုနေလဲတော့ မသိဘူး။

Sky က မျက်နှာငယ်လေးနဲ့ "အာ... Dew ရာ မင်းကလည်း လုပ်ပါကွာ။ ငါ့အမေက ငါ့ကို တကယ်လည်းစိတ်မဆိုးပါဘူး စိတ်ဆိုးလည်းခဏပဲ။ ဒါပေမဲ့ ခဏလေးပါကွာ။ ငါကငါ့အဖေ အလုပ်ကိစ္စနဲ့ နိုင်ငံခြား ရောက်နေတုန်းပဲကဲရတာ ။ ငါ့အဖေ ပြန်လာရင်တော့ ငါက စာအိမ်ထဲမှာ အလုံပိတ်မိနေတဲ့ စာကလေးလို ဖြစ်သွားတော့မှာ" လို့ ညည်းညူပြောရှာတယ်။

skyပြောရင်လည်းပြောချင်စရာပါ သူ့အဖေကအရမ်းကိုစည်းကမ်းကြီးတာ။ ဒါမယ့်လည်း သူ့အဖေရဲ့စည်းကမ်းတွေကြားထဲကတောင် skyကပွေရှုပ်နေတာပဲ။ကောင်မ​ေတွေတစ်ပတ်ကိုတစ်ယောက်နှုန်းနဲ့တွဲနေတာ ဒီကောင်မလွယ်ဘူး။

Tee က ရုတ်တရက် စကားဝင်ပြောလိုက်တယ်။ "ငါလိုက်မယ်လေ ဒီည။ ငါဒီနေ့ ဘာမှ လုပ်စရာမှ မရှိတာ" လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်တော့ Dew က Tee ကို အံ့သြတဲ့ မျက်လုံးနဲ့ တစ်ချက် လှမ်းကြည့်တယ်။ ပြီးမှ သက်ပြင်းချပြီး "အင်း... ငါလည်း လိုက်မယ်လေ" လို့ ပြန်ဖြေလိုက်တယ်။

Sky က သူတို့နှစ်ယောက်ကို ကြည့်ပြီး "ဟား... မင်းတို့ နှစ်ယောက်ကတော့လေ။ သွားပြန်တော့လည်း အတွဲလိုက်ကြီးပဲ။ အဲ့ဒါကြောင့် ကျောင်းက ကောင်မလေးတွေ မင်းတို့ကို အမြဲ Ship နေကြတာ" လို့ စနောက်တော့ Dew က "ဘာ Ship တာတုန်း" လို့ နားမလည်သလို ပြန်မေးတယ်။

Between the linesWhere stories live. Discover now