နောက်ရက်တွေမှာ Dew နဲ့ Tee တို့ဟာ ကျောင်းဝင်းထဲမှာ မကြာခဏ ဆုံတွေ့ဖြစ်လာကြတယ်။ အတန်းချိန်မတိုင်ခင် စင်္ကြံမှာပဲဖြစ်ဖြစ်၊ ကန်တင်းမှာ ထမင်းအတူတူစားရင်းပဲဖြစ်ဖြစ် သူတို့ စကားပြောချိန်တွေ ပိုများလာတယ်။ Dew ဟာ Tee ရဲ့ ပွင့်လင်းပြီး ဖော်ရွေတဲ့ စရိုက်ကို တဖြည်းဖြည်း သဘောကျလာတယ်။ ပိုပြီးလည်း ရင်းနှီးလာခဲ့တယ်။
Tee က လူတိုင်းနဲ့ လွယ်လွယ်ကူကူ ရောရောနှောနှော နေနိုင်ပေမဲ့ Dew နဲ့ စကားပြောတဲ့အခါမှာတော့ ပိုပြီး နူးညံ့ပြီး ဂရုတစိုက် ရှိတာကို Dew သတိထားမိတယ်။
Tee လည်း Dew နဲ့ အချိန်ဖြုန်းရတာကို ပျော်ရွှင်နေတယ်။ Dew က စကားသိပ်မပြောပေမဲ့ ပြောတဲ့စကားတိုင်းမှာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတတ်တယ်။ Tee ဟာ Dew ရဲ့ တခါတလေ ပြုံးလိုက်တဲ့အခါ ပေါ်လာတတ်တဲ့ ပါးချိုင့်လေးကို သတိထားမိပြီး အဲဒီအပြုံးလေးကို သူ တဖြည်းဖြည်း ကြိုက်လာတယ်။
Sky ကတော့ သူ့သူငယ်ချင်း Dew ရဲ့ ထူးခြားတဲ့ အပြုအမူတွေကို စိတ်ဝင်စားနေတယ်။ အရင်ကဆိုရင် လူတွေကို ရှောင်ဖယ်တတ်တဲ့ Dew က အခုနောက်ပိုင်း Tee နဲ့ဆို ပိုပြီး ပေါင်းသင်းဆက်ဆံနေတာကို သူ သတိထားမိတယ်။
Sky: "ဟေ့ Dew! မင်း အခုနောက်ပိုင်း အဲဒီ Tee ဆိုတဲ့ကောင်လေးနဲ့ တော်တော် ရင်းနှီးနေပါလား?" Sky က မျက်စိတစ်မှိတ်တစ်မှိတ်နဲ့ စနောက်ရင်း မေးလိုက်တယ်။
Dew: (အနည်းငယ် ရှက်သွားရင်း) "သူက... သူက ငါ့ကို ကူညီဖူးတယ်။ ပြီးတော့ သူနဲ့ စကားပြောရတာ သက်တောင့်သက်သာ ရှိလို့ပါ။"
Sky: "ေအာ်.. တကယ်လား? ငါ့တုန်းကတော့ ဘာလို့ အဲလို မပြောတာလဲ?" Sky က ဟန်ဆောင်ပြီး ညည်းညူတယ်။
Dew: (Sky ရဲ့ ပခုံးကို ပုတ်ရင်း) "မင်းက ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပဲ Sky ရာ။ အဲဒါနဲ့တော့ မတူဘူးလေ။"
တစ်နေ့မှာတော့ Dew နဲ့ Tee တို့ စာကြည့်တိုက်မှာ စာအတူတူဖတ်နေကြတယ်။ သူတို့နှစ်ယောက် တိတ်တဆိတ်နဲ့ ကိုယ့်စာအုပ်ကို အာရုံစိုက်နေပေမဲ့ တခါတလေ မျက်လုံးချင်း ဆုံမိတဲ့အခါ အပြုံးလေးတွေ ဖလှယ်ဖြစ်ကြတယ်။
