抖阴社区

                                    

Sky က "မင်းတို့ တကယ် မသိဘူးလား။ ခဏလေး ငါပြမယ်" ဆိုပြီး သူ့ဖုန်းကို ထုတ်ကာ igကို ဖွင့်လိုက်တယ်။ ပြီးတော့ Post တစ်ခုကို သူတို့နှစ်ယောက်ကို ပြတယ်။ ပုံထဲမှာ Tee နဲ့ Dew ဘေးချင်းယှဉ်ရပ်နေတဲ့ ပုံကို နောက်ကျောဘက်ကနေ ရိုက်ထားတာ။

Caption မှာရေးထားတာက "ကျမ အိမ်က အတွဲလေးက နောက်ဘက်ကနေ ကြည့်တာတောင် လိုက်ဖက်နေတာမျိုး..." တဲ့။

အဲ့ဒီ Account မှာ သူတို့နှစ်ယောက်ရဲ့ တခြားပုံလေးတွေလည်း အများကြီး တင်ထားတာ တွေ့ရတယ်။

Dew ရော Tee ရော အံ့သြသွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိတယ်။ 'ဒါတွေ ဘယ်အချိန်က ဘယ်လို ရိုက်ပြီး တင်ထားကြတာပါလိမ့်' လို့ သူတို့ စိတ်ထဲမှာ တွေးနေမိတယ်။ သူတို့ နှစ်ယောက်လုံး မျက်နှာတွေ ပူလာသလို ခံစားလိုက်ရတယ်။

Sky က သူတို့နှစ်ယောက်ကို သေချာကြည့်ပြီး "မင်းတို့ နှစ်ယောက်က တကယ်ကို လိုက်ဖက်တာဟ။ နှစ်ယောက်လုံး အရပ်ရော Body တည်ဆောက်ပုံရော သိပ်မကွာဘူး။ ဘေးချင်းယှဉ်ရပ်လိုက်ရင် တော်တော်လေး ကြည့်လို့ကောင်းတာ" လို့ မှတ်ချက်ပေးတယ်။
(ကျွန်တော်တို့ နှစ်ယောက်လုံးထက်စာရင် Sky က နည်းနည်း အရပ်ပုတာတော့ အမှန်ပဲလေ)

Dew က ရှေ့မှာ ချထားတဲ့ အအေးခွက်ကို ကောက်ယူပြီး "ဟေ့ကောင် Sky! ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ ငါ အတန်းသွားတက်တော့မယ်။ မင်း မလိုက်ရင်နေခဲ့ " လို့ ပြောပြီး ထွက်သွားတယ်။

Sky ကလည်း နောက်ကနေ "အချစ်လေး... ကိုယ့်ကို ခဏလေး စောင့်ဦးလေ" လို့ အော်ရင်း ပြေးလိုက်သွားတယ်။

Tee ကတော့ သူ့ရှေ့မှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ဆူညံနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို ကြည့်ပြီး ခပ်ပါးပါးလေး ပြုံးနေမိတယ်။ Sky ရဲ့ "မင်းတို့နှစ်ယောက်က လိုက်တယ်" ဆိုတဲ့ စကားသံက သူ့ရဲ့ နားထဲမှာ ခပ်တိုးတိုးလေး ပြန်ကြားယောင်နေတယ်။ ရင်ထဲမှာ နွေးထွေးတဲ့ ခံစားချက်လေးတစ်မျိုး ဖြတ်ပြေးသွားတာကို သူ သတိထားမိလိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်ကို ခဏတာ ငေးကြည့်နေပြီးမှ Tee လည်း သူ့ရဲ့ ကျောပိုးအိတ်ကို ဆွဲယူလိုက်တယ်။

ကန်တင်းရဲ့ ဆူညံသံတွေကြားထဲမှာ သူ ဖြည်းညင်းစွာ လျှောက်လာခဲ့တယ်။ နေရောင်ခြည်နုနုက သူ့ရဲ့ မျက်နှာပေါ်ကို လာရောက်ထိတွေ့လို့ နွေးထွေးမှုကို ခံစားလိုက်ရတယ်။ သူ့ရဲ့ ခြေလှမ်းတွေဟာ ဦးတည်ရာမဲ့စွာ လျှောက်နေသလိုပဲ။ ဒါပေမဲ့ သူ့ရဲ့ အတွေးထဲမှာတော့ ခုနက မြင်ခဲ့ရတဲ့ ပုံရိပ်လေးနဲ့ ကြားခဲ့ရတဲ့ စကားသံလေးတွေကသာ လည်ပတ်နေတယ်။
'ငါတို့နှစ်ယောက် လိုက်တယ်တဲ့လား...' ဆိုတဲ့ အတွေးနဲ့အတူ သူ့ရဲ့ နှုတ်ခမ်းမှာ အလိုလို အပြုံးရိပ်လေးတစ်ခု ပေါ်လာတယ်။ အတန်းထဲကို ဘယ်အချိန်က ရောက်သွားလဲဆိုတာ သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘူး။ သူ့ရဲ့ စိတ်အာရုံတွေက အခုလေးတင် ကန်တင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေဆီမှာပဲ ရစ်ဝဲနေဆဲ...။

တစ်စုံတစ်teeကတော့ရင်တွေခုန်နေပြီနော်🤭

Between the linesWhere stories live. Discover now