抖阴社区

Part -5(Zawgyi)

6K 64 3
                                    

[ အခန်း-၅ ]

" ရှင် ရရဲ့လား "

" အင်း ကိုယ်အသက်ရှုရတာမ၀သလိုပဲ "

ွကီးမားလွန်းတဲ့ ကိုယ်ထည်ွကီးကို
ကူတွဲခေါ်လာရတဲ့ သူမကိုယ်လုံးလေးမှာ
ဗျူဟာ့ရင်ခွင်ကျယ်ွကီးထဲ စုန်းစုန်းမြုပ်မတတ်
ွဖစ်နေရှာ၏။နှစ်ယောက်သား လုံးထွေး
လဲမကျသွားအောင် အတတ်နိုင်ဆုံးထိန်းရင်း
ရိုွးကည့်မရပါဘူးဆိုတဲ့သူ့ကို ဆိုင်ထဲထိ
တွဲခေါ်လာခဲ့ရသည်။

ဆိုင်မှာက ဆေးဝါးစုံလှတယ်မဟုတ်ပေမဲ့
ထိခိုက်ရှနာလောက်ကိုတော့
ဆေးရုံသွားစရာမလိုအောင် ဆေးပစ်စည်း
အနည်းငယ် ၀ယ်စုထားတာမို့
တော်သေးတယ် ပြောရမည်။

" ရှင် ဒီအတိုင်းပဲနေနေနော် "

သူ့ကိုယ်ွကီးကို ဆိုဖာပေါ်လှဲခိုင်းကာ
ရိုး မတ်တပ်ရပ်ဖို့ပြင်လိုက်တော့
သူက ရိုးလက်ကောက်ဝတ်မွှဖတ်ခနဲပြန်ဆွဲကိုင်၏။

" မင်းကဘယ်သွားမလို့လဲ ပေါက်စ "

" ရှင့်အတွက် ဆေးသွားယူမလို့လေ။
ရှင်လက်မောင်းမှာလဲ ဒဏ်ရာရထားတယ် "

" ကိုယ့်အတွက် ဆေးတွေမလိုပါဘူး
ဒီဒဏ်ရာလောက်နဲ့လဲ ကိုယ်မသေဘူး။
ကိုယ်အခု ဒီကိုလာခဲ့တယ်ဆိုတာလည်း
မင်းအနားမှာ ရှိချင်ရုံသက်သက်ပဲ "

ဒီလောက်ထိ ခေါင်းမာတဲ့သူကို ရိုးမ‌တွေ့ဖူးသေး။
လူကွဖင့် သွေးထွက်လွန်ပြီး
နှုတ်ခမ်းတွေတောင်ွဖူဖျော့နေပြီဟာကို
တော်ကီက လာပြစ်ချင်နေသေးသည်။

" ဒီမှာ ... ရှင်တော်ကီပြစ်ချင်‌ရင်လည်း
အရင်လို မိုက်တိမိုက်ကန်းလုပ်နိုင်တဲ့အချိန်မှပြန်
ပြစ်။ အခုတော့ အေးဆေးလှဲနေပေး "

အပြောနဲ့အညီ သူ့လက်ွကီးကိုဆွဲချပစ်ကာ
ဆေးဘူးထားတဲ့ဘီရိုအနား ရိုး လျှောက်လာခဲ့သည်။
ပြီးတော့မှဆေးဘူးယူကာ သူ့အနား
ခပ်သွက်သွက်လျှောက်သွား၍
ထိုင်ခုံအပုလေးယူကာ ထိုင်ချလိုက်၏။

လဲလျောင်းနေတဲ့ သူ့ကိုယ်ွကီးကို
မနိုင်မနင်းမ,ကာ ဆိုဖာပေါ်ခပ်လျှောလျှော
မှီထိုင်စေတဲ့သူမက လောင်းကုတ်ရှည်ွကီးကိုလည်း
ခက်ခက်ခဲခဲ ချွတ်ပေးရှာသည်။

????????? ?????????????? (Completed)Where stories live. Discover now