[အခန်း-၂၀]
ကုမ္ပဏီကနေ ညနေစောင်းမှ
ပြန်လာခဲ့သည့်အဖြစ်မှာ နှစ်ယောက်သားက
၀စီပိတ်ကျင့်သလို တိတ်တဆိတ်အနေအထားဖြင့်
ကားပေါ်ပါလာခဲ့၏။ကားမောင်းပေးရသည့် အလင်းမှာ
ထိုမြင်ကွင်းကိုကြည့်ပြီး ခေါင်းခါယမ်းမိရုံသာ
တတ်နိုင်လေသည်။" အရှေ့ကမုန့်ဈေးတန်းမှာ ရိုးကို
ကားခနရပ်ပေးနော် "" ဟုတ်ကဲ့ဗျ "
တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက
သူမဖြစ်သော်လည်း ထိုသို့လေနုအေးလေးနှင့်
ပြောခံရသူမှာ သူ,မဟုတ်ဘဲအလင်းဖြစ်နေသဖြင့်
မင်းမြတ်ဗျူဟာ ကလေးဆိုးကြီးတစ်ယောက်လို
မျက်မှောင်ကြုတ်သွားရ၏။" ကားရပ်ခိုင်းပြီး မင်းကဘာလုပ်မလို့လဲ "
" ၀င်ကစားမလို့လေ "
" မုန့်ဈေးတန်းပါဆို ကစားလို့ရမလားကွ "
" သိရင် ဘာလို့မေးနေသေးသလဲ "
ပြောပြီး ငွေမှင်ရောင်စလင်းဘတ်ခ်လေး
ကောက်လွယ်ကာ ကားပေါ်ကဆင်းသွားသည့်
သူမကတော့ မုန့်ဈေးတန်းထဲရောက်ကာ
မုန့်ဘူးလေးတွေတောင် ရွေးလို့နေပါပြီ။ကျန်ရစ်ခဲ့တဲ့ သူ့မှာသာ
ပါးစပ်အဟောင်းသားနှင့်
ဘာလုပ်လို့ဘာကိုင်ရမှန်းလဲမသိ။ဘ၀မှာ ပက်ခနဲပက်ခနဲပြန်ပြောခံရခြင်းဆိုတာ
ဒီကောင်မလေးနဲ့ တွေ့ပြီးနောက်ပိုင်းမှဘဲဖြစ်ကာ
အချိန်ကြာလာတာနဲ့အမျှ သိလာရတာတစ်ခုက
ပေါက်စဟာ သူ့ထက် မပိုတောင်သူ့လောက်နီးနီး
ခေါင်းကြောမာတယ်ဆိုတဲ့အကြောင်း။နောက်ဆုံး မနေနိုင်တဲ့သူကဘဲ
ကားပေါ်ကဆင်းကာ သူမလေးနောက်
လိုက်ရလေသည်။" ဘာမုန့်တွေ ရွေးနေတာလဲ "
" ဒီတိုင်း ခံတွင်းတွေ့မယ်ထင်တာလေးတွေ "
" ဘူးအပြာလေးကို ပြန်ထားလိုက်၊
အချိုများလွန်းတယ် "" အချိုစားချင်လို့မှ ရွေးထားပါတယ်ဆို "
" တော်သင့်ရုံဆို ကိုယ်ကပြောပါ့မလား။
ဒါက တစ်ဘူးလုံးချိစ်တွေချည်းပဲလေ "

YOU ARE READING
????????? ?????????????? (Completed)
Romance????? ????????????? ?????? ????????????????????? ?????? !! ????????????????????????