[ အခန်း ၁၃ ]
ခပ်သွက်သွက်ပြင်ဆင်ကာ
လေယာဉ်ကွင်းအထိ လိုက်လာခဲ့တာမို့
သုရဲ့ပုံစံလေးက ဘယ်လိုတောင်
ဖြစ်နေတယ်မသိ !!တက္ကစီသမားဦးလေးကြီးကို
ပိုက်ဆံထုတ်ပေးလိုက်ကာ
ကားမှန်ကိုကြည့်၍
ပွယောင်းယောင်းဖြစ်နေတဲ့ ကိုယ်ဆံပင်လေးကို
သေချာသပ်လိုက်ကာ
လေဆိပ်ထဲသို့ ခပ်သွက်သွက်လေး
ပြေးတော့သည်။" သုသု "
" ဟင် "
အသံလာရာကိုလှည့်ကြည့်လိုက်တော့
သုကိုလက်ပြကာ
သူရှိတဲ့နေရာလှမ်းခေါ်နေတဲ့
အမရာ့ကို တွေ့လိုက်ရသည်။သုလည်း အမရာရှိရာဘက်သို့
ခပ်မြန်မြန်လေးလျှောက်သွားလိုက်ကာ
အမရာ့ကိုတွေ့တာနဲ့ ဖက်ထားလိုက်၏။" ခါတိုင်းလဲ ရှော့ပင်အတူထွက်နေတာ
ဆိုပြီး
ဒီနေ့အမရာပြန်မှာကို စိတ်ထဲသွင်းမရ
ဖြစ်သွားတာ "" ရပါတယ်ရှင် ကျွန်မက
ရှင်လေးရောက်မလာမှာကိုသာ စိတ်ပူနေတာ "တွေ့ခဲ့ရတာက အချိန်ခနလေးဆိုပေမဲ့
အဲ့ဒီအချိန်ခနလေးမှာပဲ
အမရာနဲ့သူမလေးဟာ အတော်လေး
သံယောဇဉ်တွယ်သွားကြတာဖြစ်သည်။ရှော့ပင်အတူထွက် မုန့်အတူပတ်စားကြနဲ့
နှစ်ယောက်သားဟာ
အတော်လေး တွဲဖက်ညီခဲ့ကြတာ
မဟုတ်လား ..." အမရာ ဟိုရောက်တာနဲ့
ဖုန်းတန်းဆက်မယ်သိလား
သုတစ်ယောက်တည်း ကျန်တော့တာဆိုပြီး
စိတ်ညစ်မနေနဲ့နော် "" အမရာက ပြန်သွားပြီဆိုမှတော့
သုက လက်တစ်ဖက်ပြုတ်ပြီပဲသိလား "နှုတ်ခမ်းလေးဆူကာ ချွဲနေပုံလေးက
မသိရင်ဘဲ ရည်းစားကပြန်တော့မှာမို့
စိတ်မကောင်းဖြစ်နေတဲ့ပုံစံလေး
ဖြစ်နေတော့သည်။" အမရာမရှိလဲ ဘာဖြစ်လဲသုရယ်
အမရာ့ကိုကို ရှိနေတာပဲ
သုအားလို့ အပြင်ထွက်ချင်တဲ့အချိန်တိုင်း
ကိုကို့ကို အဖော်ခေါ်သွားလေ "" အမယ်လေး သူ့ကိုခေါ်သွားမဲ့အစား
ကျားမြီးပဲပြေးဆွဲလိုက်ချင်တယ်
မျက်နှာကြီးက တည်တင်းမှုန်ကုပ်နေတယ်
ဆိုတာများ
မသိရင်ပဲ တလောကလုံးသူ့လုပ်စာ
ထိုင်စားနေတဲ့ရုပ် "

YOU ARE READING
????????? ?????????????? (Completed)
Romance????? ????????????? ?????? ????????????????????? ?????? !! ????????????????????????