မင်းနဲ့မှချစ်တတ်ပြီပေါ့ [အခန်း -၂၆]
" တစ်နေ့လုံး အိမ်ပြန်မလာဘဲ
ဘယ်တွေလျှောက်သွားနေတာလဲ ပေါက်စရာ ...
ဖုန်းဆက်တော့လဲမကိုင်ဘူး
ဆိုင်လာကြည့်တော့လဲ မတွေ့နဲ့
ကိုယ်ဖြင့် စိတ်ပူရလွန်းလို့ရူးပြီထင်တာ "ဒါဟာ မှန်သောစကားကိုဆိုခြင်းဖြစ်၏။
နီးစပ်ရာ နေရာအနှံ့လိုက်ရှာခဲ့သော်လည်း
သတင်းအစအနလေးတောင် မရသည်ဖြစ်ရာ
နောက်ဆုံး ဘယ်လိုမှရှာမတွေ့တဲ့အဆုံးမှာတော့
သူမဓာတ်ပုံလေးပြကာ တွေ့သမျှလူတိုင်း
လိုက်မေးမိတဲ့သူ့မှာ ယောက်ျားကြီးတန်မဲ့နှင့်
ငိုသံတောင်ပါသည်။ဒါတွေကိုသိပုံမရတဲ့ ပေါက်စကတော့
သူ့အား ခပ်စူးစူးလေးစိုက်ကြည့်ကာ
လေစိမ်းတွေသာ ဇွတ်တိုက်နေ၏။
ဒီကောင်မလေး ဘာကိုစိတ်မကြည်နေပြန်တာလဲ။အတွေးနဲ့အတူ သူမလက်ဖဝါးပြင်လေးကို
လွတ်ထွက်သွားမှာစိုးရိမ်သည့်အလား
သူ့လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်း
ဆုပ်ကိုင်လိုက်၏။" မနေ့က ဘယ်တွေသွားနေတာလဲပြောပါအုံး "
" မနေ့က ... "
" အင်း "
" ဦးမင်းမြတ် မသိတာဖြစ်မှာပါ ...
ရိုး မနေ့ကအိမ်ပြန်လာခဲ့တယ်ရယ် "" မဟုတ်တာ ... ပေါက်စသာပြန်လာရင်
ကိုယ်သိမှာပေါ့ "" တခြားကိစ္စတစ်ခုကို အာရုံအစိုက်လွန်သွားလို့
ပတ်၀န်းကျင်ကို သတိလွတ်သွားတာမျိုးလည်း
ဖြစ်နိုင်တာပဲလေ ... "ခပ်တင်းတင်း ဆုပ်ကိုင်ထားမိတဲ့
သူ့လက်တွေ အနည်းငယ်ပြေလျော့သွား၏။ရိုးရှင်းမယောင်နဲ့ တိမ်နက်သော
စကားတို့ကို ပြောလာခဲ့သည့်
နှုတ်ခမ်းဖူးလေးကို စိုက်ကြည့်လိုက်မိလျှင်
မနေ့က ခြံထဲမှာတွေ့ခဲ့သည့်
သွေးစတို့ ရောယှက်နေသော
ခြေရာသေးသေးလေးတို့ကပါ
တစ်ဆက်တည်းဆိုသလို သူ့အတွေးထဲ
ချင်းနင်း၀င်ရောက်လာသည်။ဒါဆို ဒီကောင်မလေးတကယ်ပဲ
ပြန်လာခဲ့တာလား။" မနေ့က ရိုးပြန်လာတဲ့အချိန်
ဦးမင်းမြတ်က အန်တီမေရီနဲ့
စကားပြောနေတယ်လေ ... နားထောင်ဖို့
မရည်ရွယ်ခဲ့ပေမယ့် တိုက်ဆိုင်စွာနဲ့ပဲ
ရိုးအကြောင်းဖြစ်နေတော့ ... အဟင်း
နားထောင်မိသွားတယ် "

YOU ARE READING
????????? ?????????????? (Completed)
Romance????? ????????????? ?????? ????????????????????? ?????? !! ????????????????????????