抖阴社区

Part -16

11.8K 268 9
                                    

[အခန်း -၁၆]

ဘာလို့ အေးချမ်းနေတဲ့ကိုယ့်ဘ၀ထဲ
၀င်လာခဲ့တာလဲ ...
ဘာလို့ ကိုယ့်ကိုချစ်ပေးခဲ့တာလဲ ...
ဘာလို့ မချစ်တော့တာလဲ ...
တွေးမိလေလေ အသဲထဲကဆတ်ဆတ်ခါနာလေ။

" တောက် !"

" ခွမ်း!"

တက်ခေါက်သံနှင့် ပြိုင်တူထွက်ပေါ်လာသည့်
ဖန်ခွက်ကွဲသံကြောင့် သူမအနားအပြေးလေး
ရောက်လာခဲ့သည့်နုနုမှာ မြင်လိုက်ရသည့်
မြင်ကွင်းကြောင့် မျက်၀န်းအိမ်တွေ
ပြူးကျယ်သွားရလေသည်။

" မမရယ် ဘယ်လိုဖြစ်ရတာလဲ "

" ဟင် "

နုနုအသံကြားတော့မှ စိတ်နဲ့လူနဲ့ကပ်နိုင်တဲ့ရိုး
ကိုယ့်လက်ကိုယ် ပြန်ငုံ့ကြည့်မိသည်။

ဆေးသောက်ဖို့ကိုင်ထားတဲ့ ရေခွက်က
ဖန်ကွဲစအဖြစ်ကွဲကြေကုန်ကာ လက်ဖဝါးမှာ
လာစိုက်တဲ့ဖန်စအချို့ကြောင့် ထွက်လာသည့်
သွေးတို့မှာလည်း မြင်ရက်စရာတောင်မရှိ။

" ကြည့်ပါအုံး .... ဖန်ကွဲစတွေက အတွင်းထဲ
စိုက်၀င်သွားပြီ။ သွေးတွေဆိုတာလည်း
မြင်မကောင်းအောင်ပဲ "

အလုပ်ကြမ်းမလုပ်ရသည့် လက်ဖ၀ါးပြင်မှာ
အိစက်နုဖပ်လို့နေ၏။နုနုက ထိုလက်ကလေးကို
လက်ကောက်၀တ်မှ ဆုပ်ကိုင်ရင်း
ဒဏ်ရာကိုကြည့်လိုက်မိလျှင် စိုးရိမ်မှုများစွာ
ဖြစ်ထွန်းသွားသည်။

" မမ အရမ်းနာနေတယ်မလား "

" ဟင့်အင်း "

နံဘေးကမြင်ရတဲ့သူတောင် အသဲထဲ
တရှပ်ရှပ်ဖြစ်သွားတဲ့ထိ ခံစားလိုက်ရတဲ့
အခြေနေမျိုးဖြစ်သွားတာကို ဟင့်အင်းဆိုသည့်
စကားတစ်ခွန်းတည်းနဲ့ တင်းခံထားသောသူမကြောင့်
နုနုမှာ မျက်လုံးအပြူးသားလေးနဲ့သာ
စိုက်ကြည့်မိရင်း ဘာတစ်ခုမှပြန်မပြောနိုင်ပေ။

" မမကို အိတ်ထဲကပဝါလေးပဲ ယူလာပေးနော် "

" ဖြစ်ပါ့မလား မမရယ် ... ဆေးရုံမသွားချင်တောင်
ဆေးခန်းလောက်ဖြစ်ဖြစ်တော့ "

" မဟုတ်တာ ဒဏ်ရာကအဲ့သလောက်လည်း
မကြီးပါဘူး။ ဒီဒဏ်ရာလောက်ကတော့
ဘာမှမပြောပလောက်ဘူးရယ် "

????????? ?????????????? (Completed)Where stories live. Discover now