抖阴社区

Part -22

10.5K 324 9
                                    

[အခန်း -၂၂]

လူခေါ်ဘဲလ် တီးထားတာ
အချိန်အတန်ကြာပြီဖြစ်သော်လည်း
ခြံထဲမှာ ဘာအရိပ်အယောင်မှမမြင်ရ။

လက်ထဲကဖုန်းစခရင်ကို ငုံ့ကြည့်လိုက်
ဆံပင်တွေကို လက်ငါးချောင်းဖြင့်
ထိုးလှန်တင်လိုက်ဖြင့် ကျစ်သပ်ခြင်း
လုပ်ငန်းကိုလည်း အကြိမ်ကြိမ်
လုပ်ဆောင်နေမိသည်။

" ကျစ်! တစ်အိမ်လုံး ဘယ်ရောက်နေကြတာလဲ "

နေရောင်ခ မျက်မှောင်ကြီးကြုတ်ကာ
ဟိုဟိုဒီဒီလှမ်းကြည့်လျက် နောက်ဆုံး
ဘယ်လိုမှ စိတ်မရှည်သည့်အဆုံးမှာတော့
ခြံတံခါးကို တဒုန်းဒုန်းနဲ့ပိတ်ကန်ပစ်၏။

ထိုအခါမှသာ တုန်တုန်ချိချိနဲ့ထွက်လာသည့်
ခြံစောင့်ကြီးက ခြံတံခါးနားခပ်သွက်သွက်
လျှောက်လာကာ သော့လာဖွင့်ပေးသည်။

စိတ်ဆတ်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့သူ
ဒီတစ်ခါလည်း ထုံးစံအတိုင်းပင်
အိမ်မကြီးထဲသို့ ဒုန်းစိုင်း၀င်သွားလျက်
ရင်ထဲကသယံဇာတတို့ကို ထုခြေဖို့တွေးထား၏။

စီးထားသည့်ဘွတ်ဖိနပ်ကို ဖြစ်သလိုချွတ်ကာ
ဧည့်ခန်းမကြီး၀င်လာခဲ့လျှင် မျက်နှာချင်းဆိုင်
ထိုင်နေကြသည့် ဟိုလင်မယားကို
တန်းတွေ့လိုက်ရသည်။

သို့သော် တွေ့တွေ့ချင်းမှာဘာတစ်ခုမှ
ပွဲမခံသေးဘဲ ရေခဲသေတ္တာထဲမှ
ရေတစ်ဘူးကို ဦးဆုံးဖွင့်သောက်လိုက်၏။

" အလောတလျင် ရောက်ချလာတယ်ဆိုတော့
ကိစ္စက မသေးတဲ့ပုံဘဲ "

" ဒါကြောင့်လည်း ရေသောက်ပြီး
ရင်ကို အအေးခံနေတာ "

သူ့အပြောကို ခေါင်းတဆတ်ဆတ်ညိတ်ကာ
နားထောင်သည့် စိုင်းနေရောင်က
တဆက်တည်းမှာဘဲ မေးဆတ်ပြလာလျက်!

" ဆိုပါအုံး "

" ကျွန်တော့ခြေလှမ်းတွေကို
အချိန်မနှောင်းခင် ပြင်လိုက်ဆိုတဲ့မက်ဆေ့ခ်ျ !
အစ်ကိုပို့ခဲ့တာလား "

" ဘာရယ်!"

" အံ့ဩသွားပုံ ထောက်ရင်တော့
သေချာပေါက် နောက်ကွယ်ကလူရှိနေတာဘဲ "

" ဟုတ်တယ် ... အဲ့စာကို မင်းဆီ
တို့ကိုယ်တိုင်ပို့ခဲ့တာ "

စကားဝိုင်းထဲ ၀င်လာခဲ့သည့်
ယင်းအမျိုးသမီးကို နေရောင်ခ
ခပ်ချဉ်ချဉ်ဘဲ စိုက်ကြည့်ပစ်သည်။

????????? ?????????????? (Completed)Where stories live. Discover now