[အခန်း -၁၉]
" ဟာ ရှင်ဒါဘာလုပ်တာလဲ "
" မင်းမြင်တဲ့အတိုင်းပဲလေ။ဘာလုပ်တယ်
ထင်လို့လဲ "မင်းမြတ်ဗျူဟာဆိုတဲ့ ဘဲကတော့
မိုးလင်းတာနဲ့ လုပ်ချလာပြန်ပါပြီ။ဒီလိုတွေဖြစ်လာမယ်မှန်း ကြိုတွေးမိလို့လည်း
သူ့ကိစ္စဝိစ္စတွေ အားလုံးပြီးစီးတာ
သေချာပြီဆိုတော့မှ ရိုး၀င်လာခဲ့တာပါ။ဒါကို ဘာစိတ်ကူးထပေါက်မှန်းမသိတဲ့သူက
ကိုယ်လုပ်စရာရှိတာ အေးဆေးလုပ်မယ်မရှိဘဲ
ရေချိုးခန်းထဲထိ နောက်တစ်ကျော့လိုက်၀င်လာ
ပြန်တယ်လေ။ပြီးတော့လူကိုဇိုးခနဲဇပ်ခနဲ ကောက်ချီပြီး
ဘေစင်ပေါ် ထိုင်ခိုင်းကာ
သွားတိုက်ဆေးကအစ ညစ်ထည့်ပေးနေရအောင်
သူ့မျက်လုံးထဲမှာ ရိုးကငါးနှစ်သမီးလား။" ဒီမှာ "
" နားထောင်နေတယ် ပြော "
" မျက်နှာသစ် သွားတိုက်တာကအစ
လိုက်လုပ်ပေးနေရအောင် ရိုးက "" မင်းငါးနှစ်သမီးမဟုတ်မှန်း ကိုယ်သိပြီးသား။
ဒေါ်ရှေးရိုးရာက ဘယ်သူ့အကူညီကိုမှမယူတတ်တဲ့
မိန်းကလေးဆိုတာလည်း သိတယ်။အခုလိုတွေ
လုပ်ပေးနေတယ်ဆိုတာက "ရင်ထဲအသဲထဲက ဖြစ်တည်လာလို့ကို
လုပ်ပေးတာ။တကယ်ဆို အဲ့သလိုပြောရမှာ
ဖြစ်သော်လည်း ထိုစကားလုံးတို့က
လည်ချောင်း၀မှာတင် တစ်စို့လို့နေ၏။ဒါကြောင့် သူ့ရှေ့တူရူမှအိပ်မှုန်စုံဖွား
၀င်းမွတ်မွတ်မျက်နှာလေးမှ သဘာ၀အတိုင်း
လှနေသည့် အစိတ်အပိုင်းတစ်ခုချင်းစီကို
စိုက်ကြည့်နေခဲ့မိသည်။" ဘာဖြစ်သလဲ ဆက်ပြောလေ "
" တစ်ညလုံး အဖျားတက်ထားတာနဲ့တင်
ဒီခန္ဓာကိုယ်သေးသေးလေးက ဘယ်လောက်
ပင်ပန်းနေပြီလဲမသိနိုင်တာကို၊ ဒီက
သွားတိုက်ဆေးဘူးကို မင်းလက်တစ်ဖက်တည်းနဲ့
ဘယ်လိုဖွင့်မလဲ။ပါးစပ်နဲ့ ကိုက်ပြီးတော့လား၊
ဒဏ်ရာရပြီးသားလက်ကို နောက်တစ်ကြိမ်
ထပ်အနာခံပြီးတော့လား "သူပြောလာတာကလည်း အချက်လက်
ကျကျပဲဖြစ်နေရာ ရိုးဘာဆက်ပြောရမှန်း
မသိဖြစ်သွားသည်။

YOU ARE READING
????????? ?????????????? (Completed)
Romance????? ????????????? ?????? ????????????????????? ?????? !! ????????????????????????