抖阴社区

Part -30

6.1K 231 19
                                    

[အခန်း -၃၀]

အိပ်ခန်းနှင့်ဧည့်ခန်းအပါအ၀င်
အပေါ်ထပ်တစ်ထပ်လုံး နှံ့စပ်နေအောင်
လိုက်ရှာသော်လည်း အရိပ်အယောင်လေးတောင်
မမြင်ရ။

လသာဆောင်မှာများ ရှိနေမလားဟု
တွေးမိကာ အမောတကောပြေးတက်
ကြည့်သော်လည်း သွားမိသည့်ကိုယ်သာ
ခြေထောက်ညောင်းလာတာပဲ အဖတ်တင်သည်။

နောက်ဆုံး စိတ်ပျက်လက်ပျက်နှင့်
အောက်ထပ်ဆင်းလာခဲ့တော့မှ
ဟော ... ဟိုမှာတွေ့ပါပြီ။

ဆိုဖာမှာထိုင်ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တဒုန်းဒုန်းတဒိုင်းဒိုင်း
တိုက်ခိုက်နေသည့် စစ်ကားကိုမှ
အာရုံစူးစိုက်စွာ ပြူးတူးတူးလေး
ကြည့်နေသည့် ဗေဒါရောင်ပုံရိပ်လေး။

အဲဒါကလည်း တခြားသူမဟုတ်
ကယ်လေး၏အသဲအသက်ဖြစ်သူ မမရိုးပင်။

ကြားဖူးနား၀ရှိသလောက်ဆိုရင်တော့
ကိုယ်၀န်ဆောင်ချိန်မှာ ဇိုးခနဲဇပ်ခနဲ
စောင့်ကြွားကြွားနိုင်တာများရင် ကလေးက
ယောက်ျားလေးဖြစ်ဖို့များသည်ဆိုပဲ။

ဒီလိုပြောလို့ မမရိုးရဲ့ကိုယ်၀န်ကို
ယောက်ျားလေးများ ဖြစ်နေမလားလို့
ယောင်လို့တောင် မထင်စေချင်ပါ။

တစ်ခါတစ်ခါ ပန်းအလှလေးတွေပန်တတ်တာ၊
သနပ်ခါးလိမ်းတာထက် မိတ်ကပ်ပစ္စည်းတွေနဲ့
မျက်နှာကိုလှတပတလေး ခြယ်သတတ်တာ၊
အ၀တ်စားတွေဆိုလည်း လှတာလေးတွေကိုမှ
ရွေး၀တ်တတ်တာတွေကိုလည်း မမရိုးက
ထလုပ်တတ်သေးသည်လေ။

သုသုစိတ်ပူတာက တစ်ခုတည်းပါ ...
နေရာတိုင်းမှာ ဂျွပ်ဆတ်ဆတ်နိုင်ခဲ့သူနှင့်
အသဲမာတဲ့နေမှာမှာ ဘယ်သူမှလိုက်မမီနိုင်သူ
နှစ်ယောက်ပေါင်းစပ်ကာ ထွက်လာသည့်
ထုတ်ကုန်က ဟိုမရောက်ဒီမရောက်နှင့်
အကွေးလေးဖြစ်နေမှာကိုပါပဲ။

ယခုလည်း ဖွားက ... မြေး မမကို
အပြင်လေးဘာလေး ခေါ်လည်ချေဟု
ဆိုလာခဲ့သဖြင့် သုသုမှာအပျော်တွေလွန်ကာ
မမရိုးကို ပတ်ရှာနေခြင်းပါ။

ကိုယ်၀န်စဆောင်တည်းက ဆိုင်သွားဖို့တောင်
ခွင့်မပြုတော့တဲ့ဖွားက သမီးနဲ့မြေးကိုတော့
တင်ကျွေးထားနိုင်ပါသေးတယ်ဟုဆိုကာ
မမရိုးကို အိမ်ထဲမှာချည်းအရိပ်တကြည့်ကြည့်နဲ့
ထားတော့တာလေ။

????????? ?????????????? (Completed)Where stories live. Discover now