抖阴社区

???????(??)

552 63 8
                                        

[U]

3 in 1

《1》

မိုးဖွဲများ တဖျောက်ဖျောက်ကျဆင်းနေသည်။
ကောင်းကင်ယံသည် မှိုင်းညို့နေ၏။ စင်္ကြံလမ်းမှကြည့်လျှင် ကောင်းကင်က မလင်းသေးပုံပေါ်သည်။

သူသည် တံခါးကို ပိတ်လိုက်ပြီး သူ့ဖခင်အချိန်ပိုဆင်းရသဖြင့် ယခုည အိပ်ပြန်လာဖို့ မေ့သွားခဲ့လျှင် ‌လမ်းထောင့်က ဆိုင်ဟောင်းလေးဆီမှ ကိတ်တစ်လုံးဝယ်သွားသင့်သည်ဟု သူ့ဘာသာသူတွေးရင်း သူ၏သေးငယ်သောလက်နှစ်ဖက်က ကျောင်းလွယ်အိတ်ကို မသိစိတ်အလျောက် ဆွဲလိုက်မိသည်။

လျှောက်လမ်းရှိမီးအလင်းရောင်များအောက်တွင် သူသည် ခြေလှမ်း၉လှမ်းမြောက်ကို လှမ်းလိုက်ပြီး ထောင့်ချိုးကို ကွေ့လိုက်၏။ ထိုနေရာတွင် တစ်စုံတစ်ယောက်အား သူဝင်တိုက်မိလေသည်။

သူ မော့ကြည့်လိုက်သည်။ တစ်ဖက်လူမှာ ခရမ်းရောင်‌ခေါင်းစွပ်အနွေးထည်ကို ဝတ်ဆင်ထား၏။ ဦးထုပ်က ထိုသူ့မျက်နှာကို ဖုံးကွယ်နေသည်။

ထိုသူသည် သူစိမ်းတစ်ယောက်ဖြစ်သည်။
သူခဏရပ်တန့်လိုက်ပြီး တစ်ဖက်လူသည်လည်း ရပ်သွား၏။ ထို့နောက်တွင်တော့ သူတို့သည် တစ်ယောက်ဘေးမှတစ်ယောက် ဖြတ်လျှောက်သွားလေသည်။

.....

မိုးဖွဲတို့ စဲသွားသောအခါ အောက်ထပ်တွင် ရဲအတားအဆီးကြိုးဝါများ ရှိနေသည်။

သိသိသာသာကို နေ့လယ်ခင်းဖြစ်သော်လည်း ကောင်းကင်ယံမှာ မည်းမှောင်နေဆဲ။ ရဲကားများ၏အသံ၊ ဆေးရုံကားတစ်စီး၏အသံနှင့် ဗရမ်းဗတာခြေသံတို့ကို တဖျတ်ဖျတ်လက်နေသော အနီနှင့်အပြာမီးအလင်းရောင်များအောက်တွင် ကြားနေရသည်။

သူသည် အတားအဆီးကြိုးဝါ၏အပြင်တွင် မတ်တပ်ရပ်နေသည်။ တစ်စုံတစ်ယောက်က သူ့ထံသို့ ပြေးလာပြီး လက်မောင်းများထဲတွင် သူ့အား ထွေးဖက်ထားလေ၏။ ထိုသူ၏တုန်လှုပ်နေသော စကားလုံးများက သူ့ကို နှစ်သိမ့်နေသည်လား၊ သူတို့ကိုယ်သူတို့နှစ်သိမ့်နေသည်လားဆိုတာ မသိရချေ။

"ကျန်းကျန်း..ကျန်းကျန်း"

ရဲအရာရှိတစ်ယောက်က ထိုသူကို အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။ အနည်းငယ်မကြားရ‌သလောက်ရှိ၏။

????????????Where stories live. Discover now