抖阴社区

???????(??)

317 43 1
                                        

ကူညီပေး

ကျစ်အိမ်တော်တွင် ညစာစားပြီးနောက် ကျစ်ယွီရှီသည် ကျုံးဟေးနှင့်အတူ သူ့မရီးဖြစ်သူ ခေါ်လာပေး‌သော တာ့ဟေး၊ ရှောင်ဟေးတို့ကိုပါ ခေါ်ကာ သူ့အိမ်သို့ ပြန်မောင်းလာခဲ့သည်။ ကြောင်ထည့်ထားသော အိတ်သုံးအိတ်ကို ကားနောက်ခန်းတွင် ထည့်ထားပြီး ကြောင်များက ရံဖန်ရံခါ တညှောင်ညှောင်အော်နေလေ၏။ ကျစ်ယွီရှီ သူ့ကြောင်များနှင့် အပြင်သွားသည့်အချိန်တိုင်း အိမ်မွေးတိရစ္ဆာန်ဆိုင်တစ်ဆိုင်လုံးကို သူနှင့်အတူ သယ်လာသည့်အလား။

မြေအောက်ကားပါကင်တွင် ကားရပ်လိုက်ပြီးနောက် တစ်အိတ်ကိုကျောတွင်လွယ်ကာ ကျန်နှစ်အိတ်ကို လက်တစ်ဖက်တစ်ချက်စီတွင် သယ်လာခဲ့လိုက်သည်။ ကျစ်ယွီရှီ ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်နှင့် လမ်းလျှောက်ထွက်ရာမှ ပြန်လာသော အိမ်နီးချင်းအဒေါ်ကြီးနှင့် ဆုံသည်။

"ရှောင်ကျစ်! "

တစ်ဖက်လူက သူ့ကိုမြင်သော် စိတ်အားထက်သန်စွာ နှုတ်ဆက်လာသည်။

"အလုပ်ခရီးကပြန်ရောက်ပြီလား၊ တော်တော်ကြာကြာ အဝေးရောက်နေတာပဲနော်"

ကျစ်ယွီရှီ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ "

အိမ်နီးချင်းအဒေါ်ကြီးက သူ့ကြောင်အိတ်တစ်အိတ်ကို ကြင်ကြင်နာနာဖြင့် ကူသယ်ပေးပြီး မသွားခင် ကျစ်ယွီရှီ သူ့အိမ်အခန်းတံခါးဖွင့်ပြီးသည်အထိ စောင့်ပေးလာသည်။ ကျစ်ယွီရှီ ကြောင်များကို အိတ်ထဲမှ ထုတ်ပေးလိုက်သည်။ ကြောင်သုံးကောင်လုံးသည် အခန်း၏ထောင့်အနှံ့ ခြေလှမ်းငယ်များဖြင့် ပြေးလွှားသွား၏။ သူတို့၏လည်ချောင်းထဲမှ အော်မြည်သံတိုးတိုးကို ကြားနေရသည်။

ကျစ်ယွီရှီသည် စက္ကန့်ပိုင်းမျှ အောင့်အည်းသည်းခံနေခဲ့သော်ငြား မတတ်သာတော့ဘဲ ထရပ်ကာ အခန်းတံခါးချောင်းကြည့်အပေါက်မှ လှမ်းကြည့်လိုက်တော့သည်။ အပြင်ဘက်ရှိ တိတ်ဆိတ်သော လျှောက်လမ်းထက် အလင်းရောင်များ လင်းနေသေးပြီး သူ့အိမ်ရှေ့တွင် ရပ်ကာ သူ့အိမ်တံခါးကို စိုက်ကြည့်နေသည့်သူ တစ်ယောက်မျှမရှိပေ။ စင်္ကြံလမ်းမှာ လုံးဝလူသူကင်းမဲ့နေ၏။

????????????Where stories live. Discover now