抖阴社区

                                    

မမရိုးကလည်း ဖွားစကားကိုပဲ
နားထောင်ကာ ယခုချိန်ထိ နေလာခဲ့တာပါ။
ကြားထဲကသုသုကသာ မမအစား
နေရထိုင်ရမွန်းကြပ်ကာ အပြင်ကို
ခေါ်ထုတ်သွားပေးချင်ခဲ့တာ။

ဒါကြောင့်လည်း ဖွားဆီကခွင့်ပြုချက်ရတာနဲ့
အူမြူး၊တက်ကြွနေတော့တာပေါ့။

" မမရေ ... "

" အင်း သုလေး "

" အပြင်သွားမယ် ဟော့ဒီလက်ရှည်လေးထပ်လိုက် "

" ဗြုန်းစားကြီးပါလားကွယ် "

" အင်းပေါ့ ဖွားဆီကပါမစ်ရတာနဲ့
လက်ရှည်နဲ့အိတ်ပါ တန်းယူပြီးလစ်လာခဲ့တာလေ
တော်ကြာ နေပူသလေးမိုးအုံ့သလေးနဲ့
စိတ်ပြန်ပြောင်းသွားမှာစိုးလို့ ဟီး "

သုမဟာက သွားလေးဖြီးလျက်
ဆွယ်တာလက်ရှည်ပါးလေးကို ၀တ်ကူလေသည်။

" ဒီနေ့တော့ သုက
သင်တန်းက ဆိုင်ခွဲကိုခေါ်သွားပြီး
မန္တလေးမြီးရှည် လုပ်ကျွေးမယ်နော်
အိမ်မှာဆို လက်စွမ်းပြရတာသိပ်မလွတ်လပ်လို့ "

" အိုကေပါရှင် "

ရှေ့ကဦးဆောင်ကာ ခုန်ဆွခုန်ဆွလေး
ထွက်သွားပြီဖြစ်သော သုသုကိုကြည့်၍
ရိုး နှုတ်ခမ်းပါးလေးတွေလှုပ်ခတ်သွားလေသည်။

ဒါဟာ ပြုံးလိုက်သည်ဟုမဆိုနိုင်သော်လည်း
မျက်နှာတည်လေးနှင့်သာနေလာခဲ့သော ရိုးအဖို့
တွေ့ရခဲသော အမူအယာလေးဟုတောင်
ဆိုနိုင်ပါသည်။

သုသုလေး အခေါ်ကောင်းတာနဲ့ပဲ
အိမ်တွင်းအောင်းလေး သူမမှာ
ဆရာစံလမ်းဘက် ရောက်လာခဲ့၏။

စားသောက်ဆိုင်တွေ မှိုလိုများပြားသည့်
ဤလမ်းတစ်လျှောက်၌ မန္တလေး
အစားအစာတွေချည်း သီးသန့်ရောင်းသည့်
မန္တလာမြေစားသောက်ဆိုင်က လူပိုကျလေသည်။

ဘွတ်ကင်ယူဖို့တောင် ခက်ခဲသည့်ဤဆိုင်ထဲ
ရိုးက အခန့်သားနဲ့၀င်ထိုင်ခွင့်ရခဲ့သည်မှာ
သုသုကြောင့်ပဲဖြစ်၏။

အကြောင်းမှာ အချက်အပြုတ်ကို
ဝါသနာပါတယ်ဟုဆိုကာ ဖွားအေထံမှ
ခွင့်ပြုချက် မရ,ရအောင်ယူ၍
ချက်ပြုတ်ရေး သင်တန်းဆင်းလက်မှတ်ကို
အရယူခဲ့သည့်သုသုက ဤဆိုင်ရဲ့
မန်နေဂျာတစ်ယောက်လိုကို ဖြစ်နေပြီလေ။

????????? ?????????????? (Completed)Where stories live. Discover now