"ဟေ့...ကိုယ့်ကိုကြည့်စမ်း"
မကျေမနပ် နှုတ်ဆိတ် ငြိမ်သက်နေမိပါပြီဆိုလျှင်
သူပြောနေကျ စကားတစ်ခွန်း။ပြတ်သား တည်ကြည်သော အသံက အမိန့်ဆန်ဆန်။"Zhang Jun Myeon!"
မျက်လွှာတွေဝင့်လိုက်ရပေမဲ့ ခန့်ညားတဲ့မျက်နှာက အမြင်အာရုံမှာ ဝေေ၀၀ါးဝါး။
"ကျစ်...မျက်ရည် လွယ်လိုက်တာ"
စိတ်ပျက်သလို သူ့အပြောတစ်ချက်မှာ ရင်ထဲ
နာ၏။တုန်ယင်နေသည့် နှုတ်ခမ်းသားကို အတွင်းကနေ ဖိကိုက်ပစ်မိတာ သွေးမထွက်ရုံတမယ်။"နောက်တစ်ခါ...ကလပ်မှာ လိုက်ခေါ်ရတာမျိုး မဖြစ်စေနဲ့"
အဆုံးထိ ကိုယ့်အပေါ် အလျှော့ပေးလိုခြင်းမရှိခဲ့။
ကျောပြင်ကျယ်ကျယ်ကို ကြည့်ရင်း ခံပြင်းဒေါသတွေနဲ့ ကျန်ခဲ့ရသည်။သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲထဲ အအေးတစ်ခွက်နှင့် ငြိမ်နေမိတာ လက်တစ်ဖက်ကို ဆောင့်ဆွဲ ခံလိုက်ရမှ စိတ်နဲ့ခန္ဓာကပ်သည် ။ကိုယ်ရှိရာ ရုတ်တရက် ရောက်ချလာမယ်လို့လည်း မထင်ခဲ့ရိုးအမှန်။သူဆိုတာ သူ့အလုပ်လောက် ကိုယ့်ကို ခေါင်းထဲရှိတာမှ မဟုတ်ပဲလေ။
Zhang Jun Myeon ရယ်လို့် မဖြစ်ခင်ကတည်းက ကိုယ့်ဘ၀ဟာ အရာအားလုံး အဆင်ပြေပြေ နေသားတကျ။
အထက်တန်းပြီးတော့ တက္ကသိုလ်တက်ရင်း ပါပါး ရဲ့အလုပ်တွေကို ကူညီဖြစ်သည်။အားလပ်ရက်ရရင် ခရီးတွေထွက်ပြီး ပျော်နေတတ်တဲ့ကိုယ်ဟာ မိသားစုနဲ့ အေးအေးချမ်းချမ်းပဲ ဘ၀ကိုဖြတ်သန်းချင်ခဲ့တာပါ။
လက်ထပ်ရမယ်လို့ ဖိုးဖိုးစီစဉ်သမျှ နာခံခဲ့ရတာ
တောင် အတတ်နိုင်ဆုံး ကိုယ့်အိမ်ထောင်ဖက်နဲ့
အဆင်ပြေအောင်နေမယ်လို့ တွေးထားတာ။ခင်ပွန်းဖြစ်လာမဲ့သူက အသက် သုံးဆယ်ခန့်
ယောကျာ်းတစ်ယောက်ဆိုပေမဲ့လည်း ဘာများ
အထွန့်တက်ခွင့်ရှိလို့လဲ။ဖိုးဖိုးရဲ့ မွေးစားသားလို
ပါပါးရဲ့ သူငယ်ချင်းလို ဖြစ်နေတဲ့ သူ့ကို Jun Myeon ငြင်းလို့မရနိုင်ခဲ့ပဲ လူကြီးတွေ အလိုကျသာ။
