"Jun Myeonnieလေးက လိမ္မာရဲ့လား"
"ဟုတ်ကဲ့"
မေမေ့ရဲ့အမေးကို အပြုံးတစ်ပွင့်နဲ့ပြန်ဖြေရင်း သူ့လက်တစ်ဖက်က ကိုယ့်လက်ကို ဖွဖွလေး
တင်းလျက်။နူးညံ့မှု အပြည့်ဖြင့်သူ့မျက်ဝန်းတွေသည်
ကြင်နာတတ်သော ခင်ပွန်းကောင်းတို့ဟန်။နှုတ်ခမ်းစွန်းလေးကွေးရုံ ဆွဲဆောင်မှုရှိသည့်အပြုံးတွေကို တွေတွေလေးငေးမိကာ Jun Myeon ကတော့
မပြုံးနိုင်ခဲ့။တာဝန်ဝတ္တရား အရ ဂရုစိုက်ပေးတာမျိုး
ကိုရင်ခုန်နေတတ်တဲ့ကိုယ်က မိဘတွေရှေ့မှာ သူ့ရဲ့ပုံစံတစ်မျိုးကို မြင်ရတာလည်း အဆင်မပြေ။
နှစ်လမှ တစ်ကြိမ်လောက်သာ ဖြစ်သည့် မိသားစုထမင်းဝိုင်းမှာ ပုံမှန်ထက် စကားတွေနည်းကာ ငြိမ်နေမိသည့်ကိုယ်။အမြဲတည်တန့်နေတတ်တဲ့သူကတော့ အားလုံးနှင့်လိုက်လျောညီထွေရှိလှသည်။နေ့စဉ် မျက်နှာချင်းဆိုင်နေမိတဲ့ ကိုယ့်ကိုကျ စကားတွေဖောင်ဖွဲ့ပြောမနေတာကို မကျေမနပ်ဖြစ်၍
လူကြီးတွေရှေ့ ကလေးတစ်ယောက်လို အလိုမကျ
ဖြစ်နေမည့်ကိုယ့်မျက်နှာက ဖိုးဖိုးရဲ့ အကဲဆတ်ဆတ်အကြည့်တွေကြား ဆူပုတ်နေလိမ့်ဦးမှာ။ညစာစားပြီးရင် ထုံးစံအတိုင်း သူရယ် ပါပါး ရယ်
ဖိုးဖိုးရယ်က နိုင်ငံရေး စီးပွားရေးတွေအကြောင်း
စကားဝိုင်းဖွဲ့ကြဦးမည်ဖြစ်ပြီး မေမေနဲ့ မမတို့က
မီးဖိုထဲ အချို ပွဲပြင်ဖို့ အလုပ်ရှုပ်နေစဉ် ကိုယ်က အိမ်ပြန်ဖို့ သူလာခေါ်သည်ထိ မမရဲ့သားလေးနှင့် ဂိမ်းဆော့ရင်း အချိန်ကုန်ရလိမ့်မည်။"ဦးငယ် ပြန်ပြီ Jung Woo"
အိပ်ချင်မူးတူးနှင့်ခေါင်းငြိမ့်ပြလေသည့် တူလေးကို
စောင်သေချာ ခြုံပေးခဲ့ပြီး အိမ်ထဲကလှစ်ခနဲထွက်လာခဲ့တာကို ဘယ်သူမှရိပ်မိပုံမရ။Kyung Soo
တို့အိမ်ရောက်လို့ တစ်နာရီလောက်နေမှ ဖုန်းက
ဆက်တိုက်ဝင်လာတော့သည်။
