မိုင်ပေါင်း ငါးထောင်ကျော် ခရီးကို ၁၃ နာရီနီးပါး Flight စီးခဲ့ပြီး LHR airport ကိုဆိုက်ရောက်သည့်အချိန်က Landon စံတော်ချိန် ည ၁၀ နာရီကျော်ဖြစ်သည်။ကလေးလိုအပ်သမျှ အစစအရာရာကူညီပေးရန် တာဝန်ရှိသည့် အတွင်းရေးမှူးလေးက သူ့အားလာကြို ပေးပြီး ကလေးနေတဲ့အိမ်ကို လိုက်ပို့သည်။အဖြူ ရောင်နှစ်ထပ်တိုက်ကလေးက မီးရောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်လျက်။
အိမ်တံခါး Passwardနှိပ်ပြီး မီးမှိန်မှိန်လင်းနေသော အခန်းလေးရှိရာ အပေါ်ထပ်ကို တိတ်တဆိတ်တက်သွားလိုက်သည်။အခန်းတံခါး လော့ခ်မချထားတာ ကံကောင်းသည်ဆိုရမည်လား။ညင်ညင်သာသာ တွန်းဖွင့်ဝင်သွားလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အခန်းလေးထဲဝေ့ကြည့်လိုက်တော့ ကုတင်ပေါ်တွင် ငြိမ်သက်နေလေသည့် ချစ်ရသူလေး။
အနားတိုးသွားပြီး ကုတင်နံဘေးဝင်ထိုင်ကာ မျက်နှာလေးကိုကြည့်မိချိန် ရင်ထဲမှာ အအေးလှိုင်းတွေဖြတ်သွားလေ၏။ဖြူ ဥနေတဲ့ ပါးလေးတစ်ဖက်ကို ခပ်ဖွဖွ ထိတွေ့မိသည်။ကောင်လေး အနည်းငယ် ပိန်သွားသည်။ပါးလေးထက် နှုတ်ခမ်းတွေ အပ်လုနီး
လေလေ ရင်ခုန်သံတွေ ပိုမြန်ဆန်လာလေ။သိပ်လွမ်းနေရတာမို့ အနမ်းတစ်ရှိုက်တော့ဖြင့် ၀ပ်ဆင်းချင်ပါ၏။ပါးအိအိထဲ နှုတ်ခမ်းတစ်စုံ မည်မျှကြာအောင် နှစ်နေ
မိသည်မသိ။အသာလှုပ်ရွလာသည့် ခန္ဓာကိုယ်လေးကြောင့် ပန်းနုရောင်လွင်ပြင်မှ အသာရုန်းထမိသည့်အခါ အရောင်လဲ့လဲ့မျက်ဝန်းတို့နှင့်ဆုံလေသည်။"ဦး"
ခေါ်သံတိုးတိုးနှင့်အတူ လက်မောင်းကိုလာဆုပ်ကိုင် သော လက်လေးတစ်ဖက်။နံဘေးကိုလှဲချလိုက်သည်နှင့်တစ်ပြိုင်နက် ရင်ခွင်ထဲ ၀င်တိုးလာတဲ့
ကောင်လေးက ခိုလှုံရာတွေ့သွားသည့် ကလေးငယ်
လို။အိပ်ချင်မူးတူး မျက်နှာကလေးကိုကြည့်ကာ သူ
ူပြုံးမိသည်။
