Jun Myeon နံရံပေါ်က နာရီကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး အိမ်အပြင်ဖက်ကိုငေးမိသည်။ရှစ်နာရီထိုးလုပြီမို့ အတော်လေး မှောင်နေခဲ့ပြီ။သက်ပြင်းတစ်ရှိုက်နှင့်အတူ နှုတ်ခမ်းနားတေ့ထားသည့် ပေါင်မုန့်ကိုလက်ထဲကပြန်ချလိုက်သည်။ဆာနေတာမှန်သော်ငြား စားမ၀င်ပါ။သူ အိမ်ပြန်နောက်ကျနေတာ တစ်ရက် နှစ်ရက်မှမဟုတ်တော့ပဲလေ။
"ကိုယ်အိမ်ပြန်နောက်ကျမယ်"ဟု ဖုန်းဆက်အသိပေးတတ်ကာ ညနေစာ မလွှတ်စေနဲ့ သူမှာထားပေမဲ့
ညနေတိုင်း သူ့ကိုမျှော်ရင်း သူပြန်ရောက်မှ စိတ်အေးတတ်သည့်ကိုယ်။ထိုအချိန်မှ သူဆူသည့်ကြားက
Jun Myeon စားချင်လည်းစားသည်။သူကတော့ ပင်ပန်းလာပေမဲ့လည်း ကိုယ့်အပေါ် အပြုံးမပျက်ခဲ့။ကားသံကြားတော့ အိမ်ရှေ့ကို အပြေးလေးရောက်သွားရသည်။
"ဦး"
သူအိမ်ထဲဝင်လာပါပြီဆိုသည်နှင့် ကိုယ်ဟာ ကလေးတစ်ယောက်လို သူ့နောက်တကောက်ကောက်။
သူရေချိုးခန်းထဲဝင်တော့လည်း Jun Myeon လိုက်ပါ သွားကာလှုပ်ရှားမှုတိုင်းကို ငေးနေမိတော့ အသာဖွဖွပြုံးကြည့်လာသည့်လူကြီး။"ကိုယ် ရေချိုးမလို့"
အပေါ်ပိုင်း ဗလာကိုယ်ထက်က အမာရွတ်တွေဆီမှာ အကြည့်တွေမှင်သက်နေမိတုန်း သူကဆိုလာ
သည်။ရှက်ကိုးရှက်ကန်းနဲ့ ရေချိုးခန်းတံခါးကို ဆောင့်ပိတ်ခဲ့မိ၏။သူရေချိုးပြီးသည့်အချိန်ထိ လက်ထဲမှာ Suncream ဗူး ကိုင်ကာ စောင့်နေလိုက်သည်။"ထိုင်"
သူအ၀တ်အစားလဲပြီးအနားရောက်လာတော့
လက်ဆွဲကာ ကုတင်ပေါ်ထိုင်စေပြီး မျက်နှာပေါ်လက်ရောက်သည်။လေ့ကျင့်ရေးတွေအပြင်းအထန်ရှိနေပုံရသည်။လူကြီးရဲ့ အသားအရည်က ညိုသည့်ဖက်ပင်ရောက်နေပြီ။သူမလိမ်းရင်တောင် ကိုယ်က ထိန်းသိမ်းပေးရမည်။
