"အိပ်ပျော်နေတာလား"
တိုးတိုးလေးရေရွတ်မိပြီး စာအုပ်ဆက်ရွေးနေပေမဲ့
ထိုင်ခုံနောက်မှီပေါ်လှဲချ ငြိမ်သက်နေတဲ့သူ့ဆီသို့ အ
ကြည့်တို့ မကြာခဏ ရောက်နေရသည်။ခြေသံကိုဖွလျက် စာအုပ်တွေကို အသာဆွဲယူလျက်ဖြင့် သူကိုယ့်ကြောင့်နှိုးသွားမှာ စိုးတာမို့ ဘာပဲလုပ်လုပ် ဂရုတစိုက်။စာအုပ်တွေက စိတ်ဝင်စားစရာကောင်း၍ ဖတ်ချင်စရာချည်းပဲဖြစ်သည်။သူနဲ့လက်ထပ်ပြီး ဒီအိမ်ကို လိုက်ခဲ့ရတော့ သဘောအကျဆုံးက ဒီစာကြည့်ခန်းပင်။သူက စာဖတ်ဖို့ သီးသန့်အချိန်ပေးတတ်ပြီး စာအုပ်တွေစုဆောင်းရတာလည်း ၀ါသနာထုံ၏။
စာပေ အမျိုးအစားစုံလင်ပြီး ရာဇ၀င် သမိုင်းကျမ်းများအထိ သူ့နေရာသူ နှစ်အလိုက် စီစဉ်ထားသေးတာမို့ သူ့ရဲ့ စည်းစနစ်ကြီးမှုကိုလည်း လေးစားရသည်။
စာဖတ်ရတာကြိုက်တဲ့ကိုယ့်အတွက် ဒီအခန်းက ရတနာသိုက်ကြီးလိုပါပဲ။လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က စာအုပ်တွေဆို စာရွက်တို့အရောင်ပြောင်းနေပေမဲ့ သပ်ရပ် နေဆဲ။ကိုယ့်ကို သူရွေးပေးတဲ့ စာအုပ်တွေဖတ်ရတာကျေနပ်ဖို့ကောင်းသည်။တနေ့က သူဖတ်နေတဲ့ စာအုပ်ကိုပဲရွေးလိုက်ပြီးသူ့ အနားကိုသွားမိသည်။
မျက်နှာချောချောကို စိတ်လွတ်လက်လွတ် ငေးကြည့်ရဲတာ ညို့မျက်ဝန်းတွေကိုရင်မဆိုင်ရ၍ထင်။ခုရက်ပိုင်း သင်တန်းပေးရတာတွေများသည်လား။သူ့အသားအရည်တွေ အနည်းငယ် ညိုယောင် သမ်းချင်နေ၏။Suncream သုံးခိုင်းရမလားလို့ တွေးမိတော့ ဘာကိုရှက်ကိုးရှက်ကန်းဖြစ်မှန်းမသိ။
နက်မှောင်သည့်ဆံစတွေက အမြဲလို သပ်ရပ်နေတတ်ပြီး ခပ်တိုတို ဆံပင်ကေဟာ ဗိုလ်မှူးနဲ့လိုက်ဖက်သည်။မျက်ခုံးတန်းနှစ်ဖက်က ခုတော့ တွန့်ချိုးမနေပါ။မျက်မှောင်ကြုံ့ရင်လည်း ကြည့်ကောင်းတာ ဘာဓာတ်မှန်းမသိ။ဖြောင့်စင်းသည့်နှာတံအောက်က
နီဆွေးဆွေး နှုတ်ခမ်းလွှာတွေကို ငေးမိတိုင်း ရင်ခုန်ရသည်။
