抖阴社区

EPISODE 12

13.5K 1.4K 65
                                    

"ကျန်းမာ​ရေး ဂရုစိုက်​"

အားလုံးနှင့်​အ​ဝေးမှာ...သူနှင့်​အ​ဝေးမှာ က​လေးတစ်​​ယောက်​ ကျန်းကျန်းမာမာရှိဖို့သည်​အဓိက။ထိခိုက်​လွယ်​သည့်​က​လေးမို့ သူစိုးရိမ်​​နေရခြင်းပင်​။ဆရာဝန်​နှင့်​တိုင်​ပင်​ပြီး သူကိုယ်​တိုင်​ စနစ်​တကျ စီစဉ်​ထား​ပေး​သော ​ဆေး​သေတ္တာ​လေးထဲ ထိရာရှရာဖြစ်​မှု​လေး​တွေအတွက်​ကအစ ​ဆေးဝါး အစုံအလင်​။

"အသင့်​စား အစားအစာ​တွေ ခဏခဏ မစားနဲ့"

မိဘဖြစ်​သူ​တွေက စားဖိုမှူးတစ်​​ယောက်​ စီစဉ်​​ပေးတတ်​တာ က​လေး အထက်​တန်းတက်​ကတည်းကဆို​ပေမဲ့ က​လေးဆိုးဟာ သူစားချင်​မှစားတတ်​ပြီး Exam ရှိချိန်​များဆို စာအုပ်​နှင့်​မျက်​နှာ သိပ်​မခွာဘဲ
ကြုံသလို စားတတ်​ခြင်း​ကြောင့်​ ဂရုတစိုက်​ မှာတမ်း​ခြွေ​နေရသည်​​ပေ။

"ဘာအခက်​အခဲပဲရှိရှိ သူငယ်​ချင်း​တွေ မိသားစု​တွေနဲ့တိုင်​ပင်​"

ကိုယ့်​​ခြေ​ထောက်​​ပေါ် ကိုယ်​ရပ်​တည်​နိုင်​​လိုသည့်​ ဆန္ဒဖြင့်​ နိုင်​ငံရပ်​ခြားမှာ အလယ်​တန်းမှ​နေ အထက်​တန်းထိ​ကျောင်းတက်​ဖို့​ရွေးချယ်​ခဲ့သည့်​ က​လေးသည်​ ထိုစဉ်​က အ​ဖေဖြစ်​သူ စီစဉ်​​ပေးထား​သော သက်​​တော်​​စောင့်​​တွေ အနားမှာအမြဲလိုရှိ​နေခြင်းကို မကြိုက်​ခဲ့။အခက်​အခဲတစ်​စုံတစ်​ရာ ​ပေါ်​ပေါက်​ပါက ကိုယ့်​နည်း ကိုယ့်​ဟန်​နှင့်​သာ ​ဖြေရှင်းတတ်​သည်​ကများ၏။

ယခုလည်း က​လေး လုံခြုံ​ရေးအတွက်​ ဂရုစိုက်​ကြမှာဖြစ်​​ပေမဲ့ တစ်​ချို့ကိစ္စ​တွေမှာ က​လေးတစ်​​ယောက်​တည်း ​ရင်​ဆိုင်​ကာ​ ပင်​ပန်း​နေမှာကို စိုးရိမ်​သည်​။
သူက​တော့ဖြင့်​ ဘာကိစ္စပဲဖြစ်​ဖြစ်​ က​လေးနဲ့တိုင်​တိုင်​ပင်​ပင်​​လေးရှိချင်​ပါသည်​။

ကိုယ့်​ဘ၀ကို ရည်​မှန်းချက်​ကြီးစွာ ထုဆစ်​လိုသည့်
လူငယ်​​လေး​ဖြစ်​​​ပေမဲ့ သူနှင့်​မင်္ဂလာကိစ္စကို လူကြီး​တွေစကား မပယ်​ရှား ​ခေါင်းငြိမ့်​နား​ထောင်​ ခဲ့ခြင်းအား သူတန်​ဖိုးထားရပါသည်​။ခန္တီပါရမီ ပြည့်​စုံ​သော
ယောက်ျားတစ်​​ယောက်​ မဟုတ်​သော်​လည်း အကြင်​နာအနမ်းတစ်​ပွင့်​​ခြွေမိရန်​ပင်​ သိပ်​စိုးရွံ့စွာ ထိန်းချုပ်​ခဲ့ခြင်း​တွေသည်​ က​လေးကို​လေးစားမှုနှင့်​မြတ်​နိုးခြင်း​တွေသက်​သက်​သာ။

ZHANGWhere stories live. Discover now