"မငိုပါနဲ့မေမေရဲ့"
"မင်းကလည်းကွာ သားငယ်ကို အားပေးရမဲ့ဟာကို"
"သိတာပေါ့ရှင့် ကျွန်မသားလေးကိုကြည့်ဦး
ကလေးလေး ပင်ပန်းမှာကို သနားလို့ပေါ့ရှင့်"မေမေသည် Jun Myeon နိုင်ငံခြားတွင် ကျောင်းသွားတက်တုန်းက မငိုခဲ့ပါ။ဝမ်းနည်းသည့်အရိပ်အယောင်ပင်မရှိ။
Jun Myeon ဦးနဲ့ လက်ထပ်တုန်းကဆို ပျော်တောင်ပျော်နေသေးသည်။
အခု စစ်မှုထမ်း မဲ့အရေးမှာတော့ဖြင့် မျက်ရည်တွေကို ပုဝါနှင့် တို့ကာ သုတ်ကာ ကိုယ့်လက်ကို မလွတ်တမ်း ဆုပ်ကိုင်ထားရင်း ဆံပင်တိုတိုညှပ်ပစ်ခဲ့ရသည့် ကိုယ့်ခေါင်းကို ဖွဖွလေး ပွတ်သပ်လျှက်ရှိသည်။
ဦးရဲ့အမေ မားမားက ဒီအဖြစ်ကို မိခင်ချင်း ကိုယ်ချင်းစာသလို မေမေ့ကိုနှစ်သိမ့်သည်။တပ်သားသစ် စာရင်းသွင်းခြင်း အခမ်းအနားကို ချစ်ကြည်ရေးခရီးစဉ်ရှိနေသော ဖိုးဖိုးကလွဲရင် မိသားစုအကုန်
Jun Myeon ကိုလိုက်ပို့ကြ၏။မိသားစုဝင်တွေနဲ့ နှုတ်ဆက်စကားဆိုသူဆို ပွေ့ဖက်သူက ပွေ့ဖက် စစ်တန်းလျားထဲဝယ် လူတွေပျားပန်းခတ်လှုပ်ရှားနေကြသည်။Jun Myeon သည်လည်း အားလုံးနှင့် နှုတ်ဆက်ပြီးတော့ နှုတ်ဆိတ်စွာရပ်ကြည့်နေသည့် ဦးရင်ခွင်ထဲတိုးဝင်လိုက်သည်။
ခပ်တင်းတင်းပွေ့ဖက်လာတဲ့ဦးရဲ့လက်အစုံက ကိုယ့်ကို အားအင်တွေပေးလိုက်သလိုပါပဲ။
အကြင်နာမျက်ဝန်းတွေနဲ့ နှုတ်ဆက်အပြုံးတစ်ပွင့်က
ထောင်ချီတဲ့ စကားလုံးတွေထက်ပိုပါတယ်။ကွင်းထဲကိုဝင်သွားတဲ့ ကိုယ့်ခြေလှမ်းတွေသည် တက်ကြွမှုအပြည့်။
ဒါဟာ ဗိုလ်မှူးတစ်ယောက် ဦးရဲ့ခြေလှမ်းအစဖြစ်ခဲ့တာပဲမဟုတ်လား။
နိုင်ငံ့သားကောင်း စစ်သည်တစ်ဦးရဲ့ဦးဆောင်မှုနှင့်အတူ မိသားစုဝင်တွေရှေ့ နိုင်ငံ့တာဝန်ထမ်းဆောင်ကြဖို့ သစ္စာပြုသံတွေသည် ကွင်းကြီးထဲ ဟိန်းညံသွားသည်။
