"အိမ်ကိုပြန် Jun Myeon"
"ဟင့်အင်း"
"ဒါဆိုကိုယ်ဆေးရုံကဆင်းရမလား"
နှုတ်ခမ်းကိုအနည်းငယ်ချွန်လျက် သူ့အားမှုန်ကုပ်ကုပ်ကြည့်လာသည်။မျက်ရည်ကြည်တို့စိုစွတ်နေဆဲဖြစ်သည့် မျက်တောင်ဖျားတွေအောက် မျက်ဝန်းလေးတွေမှိုင်းနေလေပြီ။မျက်နှာလေးနွမ်းနယ်ကာ ကောင်လေး သိပ်ပင်ပန်းနေပြီဖြစ်သည်။
ဆူဆူဆောင့်ဆောင့်ဖြင့် ကုတင်ပေါ်တက်သွားပြီး ဆွဲထုတ်လည်းမပြန်ဘူးသဘောပိုက်ရင်း စောင်
ဆွဲခြုံလိုက်သေးတာမို့ သူကြည့်နေရုံကလွဲ
မတတ်နိုင်တော့ပါ။VIPခန်းမို့ ကုတင်က လူနှစ်ယောက်စာထက်ပင်ကျယ်နေပေမဲ့လည်း ကောင်လေးကို ဆေးရုံခန်းထဲမအိပ်စေချင်။အနားကိုတိုးသွားတော့ အဆိုးအတေလေးလို ပေကပ်အိပ်နေသည့်ကောင်လေး။စာမေးပွဲ ပြီးတာနဲ့ သူ့ဆီအရောက်ပြန်ခဲ့ခြင်းကိုတောင် သူတားချင်ခဲ့သေးသည်။ခုတော့ ခရီးပန်းလာရသည့်ထဲ သူ့ကြောင့်ပါ နာကျင်ငိုကြွေးခဲ့ရသည်မို့
စိတ်မကောင်းဖြစ်ရသည့်ပြင် မျက်ရည်တွေကို
ရင်ဆိုင်ရသဖြင့် ရင်ဘတ်ထဲမှာ ကမ္ဘာပျက်၏။သူ့အား အနာကျင်စေနိုင်ဆုံးလက်နက်တွေက
ကလေးရဲ့မျက်ရည်တွေဖြစ်ကြောင်းကို ဖွဲ့ ကာ
စီကုံး မပြောပြတတ်တာခက်လှသည်။"မုန်းတယ် Zhang Yi Xing" တဲ့။
မျက်ရည်အရွဲသားနဲ့ နာနာကျင်ကျင် ဟစ်အော် ငိုရှိုက်စဉ်က သူ့နားထဲမှာ ဗုံးတစ်လုံးကွဲတာထက်ပင် ပြင်းထန်၏။တုန်လှုပ်ခြောက်ခြားခဲ့ရပြီး အမုန်းစကား
ဒဏ်က ရဖူးသမျှဒဏ်ရာအားလုံးထက် ပိုနာကြောင်းကိုဖြင့်လည်း သူ့မှာ ကလေးနားလည်အောင် မည်သို့ပြောပြရမည် မသိပြီ။ချစ်စကားကိုတောင် တဖွဲ့တနွဲ့ ဆိုမပြနိုင်ခဲ့တဲ့သူက
ကလေးကို နာကျင်စေအောင်သာ ထပ်ခါထပ်ခါ ပြုမိနေခဲ့သည်။
