抖阴社区

                                    

ညီညီညာညာတန်းဖြုတ်​ရင်း လိုက်​ပါ ​​ပို့​ဆောင်​ခဲ့ကြ​သော ချစ်​ရသူ​တွေကို လက်​ပြနှုတ်​ဆက်​ရချိန်​တွင်​​တော့ ၀မ်းနည်း ၀မ်းသာ ခံစားချက်​။

လူအများကြားမှ​နေ Jun Myeon ကို လှမ်းကြည့်​​နေတဲ့ဦးက နှလုံးသားရှိရာ ဘယ်​ဖက်​ရင်​အုံကို ညာလက်​နဲ့ အသာပုတ်​ပြလာသည်​။

ကိုယ်​ပဲနားလည်​နိုင်​တဲ့ ဘာသာစကား​။

ချစ်​တယ်​ တဲ့။

Jun Myeon ​ကလည်း သိပ်​ချစ်​ပါ​ကြောင်း မျက်​၀န်း​တွေကတစ်​ဆင့်​ သ၀ဏ်​လွှာပါးလိုက်​တယ်​။

Jun Myeon တို့ ဤတပ်​ရင်းတွင်​သုံးည​နှင့်​​လေးရက်​ ​နေရမည်​ဖြစ်​သည်​။

ပထမ တစ်​ရက်​တွင်​Uniform နဲ့Combat boots ​တွေ လက်​ခံယူပြီး​နောက်​ ရုပ်​ပိုင်းဆိုင်​ရာ စိတ်​ပိုင်းဆိုင်​ရာ​ စစ်​ဆေး​မှု​တွေပြုလုပ်​ကြရသည်​။

ဒုတိယ​နှင့်​တတိယရက်​​တွေမှာ​ Jun Myeon တို့ရဲ့ Personal interview နှင့်​ Skill tests ရလဒ်​​တွေကိုအ​ခြေခံပြီး ​စစ်​​ဆေး​ရေးအရာရှိ​များရဲ့ညွှန်​ကြားမှုနှင့်​အတူ သင့်​​လျော်​ရာ ကျွမ်းကျင်​ရာလုပ်​ငန်းနယ်​ပယ်​တို့၌ ​သင်​ကြား​လေ့ကျင့်​​ရေး​တွေရှိမှာဖြစ်​သည်​။

လေးရက်​​မြှောက်​​နေ့တွင်​မူ တပ်​မ​တော်​သား အဖြစ်​ စာရင်းသွင်းပြီး စစ်​​​ရေး​လေ့ကျင့်​မှုအတွက်​ မတူညီတဲ့ တပ်စု​များသို့ အသီးသီး ၀င်​​ရောက်​​ကြရမည်​ဖြစ်​၏။

တပ်​ရင်းကိုလာစဉ်​က ၀တ်​ဆင်​ခဲ့​သော အ၀တ်​တွေကို အိမ်​ပြန်​ပို့ရန်​ ​ပေးထားတဲ့စက္ကူ ပုံး​လေးထဲ Jun Myeon အ၀တ်​တွေကို ​သေသပ်​စွာ ​ခေါက်​ထည့်​ပြီး စီးလာခဲ့တဲ့ဖိနပ်တစ်ရံ​​ကိုထည့်​လိုက်​သည်​။

စာတစ်​​စောင်​ပါ ထည့်​ရမှာမို့ "ဦး" ဟု အစချီကာ
Jun Myeon ​ပြောချင်​တာ​တွေ စာရွက်​ဖြူ ဖြူ ​ပေါ်
ဘောပန်​လ်​ တစ်​​ချောင်းနဲ့ ချ​ရေးလိုက်​ပါသည်​။

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

💌
"ဦး"

အရင်​ဆုံး ကျွန်​​တော့်​ကိုစိတ်​မပူဖို့​ပြောချင်​တယ်​။

ZHANGWhere stories live. Discover now