抖阴社区

                                    

စိန်​​ခေါ်မှု​တွေကို ကျွန်​​တော်​ ကြိုးစား​ကျော်​ဖြတ်​သွားမှာပါ။

စာနဲ့ဆက်​သွယ်​လိုက်​ရ​ပေမဲ့ ကျွန်​​တော်​တို့ မ​ဝေး
ဘူး​နော်​။

ဦး​လျှောက်​ခဲ့တဲ့လမ်း​တွေ​ပေါ် ကျွန်​တော်​​ပြေးလွှားရမှာ​လေ။

ခဏ ခဏ လာ​တွေ့မယ်​ မဟုတ်​လား။

ကျွန်​​တော့်​ ဆုံးဖြတ်​ချက်​​တွေကို အမြဲ အ​လေးထားခဲ့လို့ဦးကို ချစ်​တယ်​။

                                           ဦးရဲ့Jun

                                                     💌

တပ်​သား​လေး ပါးလိုက်​တဲ့ ပထမဆုံး စာ​တစ်​စောင်​က သူ့ရင်​ကို​နွေး​စေသည်​။

ညီညီညာညာ လက်​​ရေးဝိုင်းဝိုင်း​က ချစ်​စဖွယ်​အတိ။

ပုံးထဲကအပြာ​ရောင်​ရင့်​ရင့်​ ​ဘောင်းဘီရှည်​နှင့်​အဖြူ ခံ အပြာ​စင်း ရှပ်​လက်​ရှည်​အ​ရောင်​နုနု​လေးမှာ က​လေးရဲ့ ကိုယ်​နံ့ သင်းသင်း​လေး​ပျံ့ ​နေ​သေးတယ်​။

အ၀တ်​​တွေကိုက​လေးရဲ့ဗီရိုတစ်​​​နေရာတွင်​ သိမ်းဆည်း​ပေးလိုက်​ပြီး စာ​ကို​တော့ စိမ်း​ဖျော့​ရောင်​စာအိတ်​​​လေးထဲ ပြန်​ထည့်​ကာ သူ့စာကြည့်​စားပွဲ အံဆွဲထဲထည့်​သိမ်းလိုက်​သည်​။

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

တပ်ရဲ့စည်းကမ်းတစ်​ခုက မီးဖွင့်​လိုက်​တာနှင့်
တပ်​သားအားလုံး နှိုးကြရမည်​ဖြစ်​သည်​။
အချက်​​ပေးသံ Alarm ဟူ၍မ​ပေး။အ​စောပိုင်းရက်​များတွင်​​ အ​လေ့အကျင့်​မဖြစ်​​သေး၍ အနည်းငယ်
ဝရုန်းသုန်းကားဖြစ်​ကြရသည်​။

အချိန်​ပြည့်​ သတိ ၀ီရိယနှင့်​​နေရန်​ ဤသည်​က ဥပမာ။

ကနဦးအ​နေဖြင့်​ တပ်​သားတစ်​ဦးချင်းကို ရိုင်​ဖယ်​​ပေးအပ်​သည့်​အခမ်းအနားပြုလုပ်​ပြီး မိမိရဲ့ရိုင်​ဖယ်​ကို
၂၄နာရီ အချိန်​ပြည့်​ ကိုယ်​စီသယ်​ပိုးထားကြရသည်​။

စစ်​​ရေး​လေ့ကျင့်​ခြင်းမစတင်​ခင်​ အ​​စောပိုင်းသုံးရက်​တွင်​ယူနီ​ဖောင်းကို စနစ်​တကျဝတ်​ဆင်​တတ်​ရန်
အ​လေးပြု တတ်​ရန်​ သင်​တန်း​ပေးတာ​တွေရှိသည်​။

ZHANGWhere stories live. Discover now