抖阴社区

                                    

စစ်​သားတစ်​​ယောက်​အ​နေနဲ့ အချိန်​​လေးစားရန်
အလွန်​အ​ရေးကြီးသည်ဖြစ်​၍ အစား စားတာက အစ အချိန်​သတ်​မှတ်​ထားသည်​။

စစ်​ရေး​​လေ့ကျင့်​မှု ပထမအပါတ်​။

တစ်ေ​န့တာကို တစ်​နာရီကြာ အ​ပြေး​လေ့ကျင့်​ခြင်း ကိုယ်​ကာယ​လေ့ကျင့်​ခန်း​များပြုလုပ်​ခြင်း နှင့်​ စတင်​သည်​။

သေနတ်​လွယ်​လျက်​ ဘားတန်းခိုခြင်း
သံဆူးကြိုး​​တွေအောက်​က တွားသွားခြင်း
နံရံတွယ်​တက်​ခြင်း ထိုကဲ့သို့​သော ​လေ့ကျင့်​မှု​တွေက အ​ခြေခံဖြစ်​သည်​။

လက်​နက်​ တပ်​ဆင်​ခြင်းကို Inspectorက
သေချာရှင်းပြပြီး သတ်​မှတ်​ချိန်​အတွင်း ပြီး​မြှောက်​​အောင်​လည်း လုပ်​​ဆောင်​ပြသည်​။

ညွှန်​ကြားသည့်​အတိုင်း တစ်​ဆင့်​ချင်းနဲ့ခပ်​သွက်​သွက်​တပ်​ဆင်​ရန်​အဓိက။

Jun Myeon က​တော့ ပထမတစ်​​ကြိမ်​နဲ့တင်
ဆောင်​ရွက်​နိုင်​လိုက်​သည်​။

ည​နေပိုင်းတွင်​ ​ရေချိုး​ဆောင်​၀င်​ပြီး ည​နေစာစား။

ဒါ​တွေက ပုံမှန်​ လုပ်​ငန်းစဉ်​​တွေဖြစ်​လာသည်​​။

လူမစစ်​ခင်​ ညဦးပိုင်းက အိပ်​​ဆောင်​၌​ တပ်​သား​တွေရဲ့စကား​ပြော ရယ်​​မောသံ​များ ​ဝေစည်​​နေတတ်​ကာ ချစ်​ရသူ​တွေပို့တဲ့စာ​များ လက်​ခံရ​သူ​တွေ ရှိသလို အိမ်​ကို စာထည့်​သူ​တွေလည်းရှိသည်​။

ထို့​နောက်​ ​နောက်​တစ်​​နေ့​လေ့ကျင့်​​ရေးအတွက်​ Video ကြည့်​ပြီး ​ဆွေး​နွေးမှုလည်း ပြုလုပ်​ကြရ​သေးသည်​။

ညဆယ်​နာရီ တပ်​မှူး လူလာစစ်​ပြီးမှ အိပ်ယာဝင်​ကြရ​လေသည်​။

ညဖက်​ ကင်းလှည့်​ရန်​တာဝန်​က​တော့ အလှည့်​ကျ
ဖြစ်​၏။

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

"အားလုံးသတိ!"

Jun Myeon တို့ တပ်​ခွဲ​ခေါင်း​ဆောင်ရဲ့အမိန့်​ အတိုင်း သတိဆွဲအ​နေအထားနှင့်​ တန်းညှိရပ်​​နေ
ကြရသည်​။

ZHANGWhere stories live. Discover now