抖阴社区

                                    

ခေါင်း​ဆောင်​ကိုယ်​တိုင်​ကလည်း Jun Myeon တို့​ကို​ကျော​ပေးရပ်​ကာ သတိအ​နေအထားဖြင့်
လေ့ကျင့်​​ရေး​ကွင်းထဲ​လျှောက်​လာ​နေတဲ့အထက်​အရာရှိကို ​စောင့်​ဆိုင်း​နေဟန်​။

အကြီးအကဲတစ်​​ယောက်​ စစ်​​ဆေး​ရေးဝင်​လာလို့
ဖြစ်​လိမ့်​မည်​။

တပ်​ခွဲ​ခေါင်း​ဆောင်​ အ​လေးပြုလိုက်​တဲ့ အရာရှိက
ကိုယ့်​လူကြီး ဖြစ်​​နေလိမ့်မယ်​​လို့​တော့ Jun Myeon တကယ်​ကို မ​မျှော်​လင့်ထားခဲ့ပါ။

ယာဖက်​ အစွန်​ဆုံးက​နေ တပ်​သားတစ်​​ယောက်​ချင်းကို ကြည့်​ရှုစစ်​​ဆေးလာ​နေတဲ့ ဦးက ယူနီ​ဖောင်းနဲ့
ခန့်​ညား​နေလိုက်​တာ။

Jun Myeon တို့ရှိရာဖက်​ ​ခြေလှမ်း​တွေ နီးလာ​လေ​ ရင်​ခုန်​သံ​တွေ​က ဗြောင်းဆန်​လာ​လေ။

တပ်​သား​တွေရဲ့ဝတ်​စုံ​တွေမှာ ​ကော်​လာ​ခေါက်​​နေတာမျိုး ဦးထုပ်​ပုံစံမကျတာမျိုး ဖိနပ်​ကြိုး​ပြေ​နေတာမျိုး​တွေကို ပြင်​ခိုင်း​နေတဲ့ဦးရဲ့ အမိန့် ​သံက ဩဇာအပြည့်​။

ကိုယ့်​​ရှေ့တန်းကအရပ်​ရှည်​ရှည်​တပ်​သားကို ​ကျော်​လွန်​ပြီး ဦး မျက်​နှာမြင်​ရဖို့ Jun Myeon ​ခြေဖျား​ထောက်​မိသည်​။

ခန္ဓာကိုယ်​ကို ဟိုသည်​လှုပ်​ယိမ်းလိုက်​​ငေး​နေမိတာ သတိလက်​လွတ်​ပါပင်​။

"ရဲ​ဘော်​!"

ခက်ထန်​​တဲ့​ခေါ်သံနဲ့ စူးရှရှမျက်​၀န်း​တွေ ကိုယ်​ရှိရာဒိုင်းကနဲ​ရောက်​လာ​တော့ ​ကျောက်​ရုပ်​လို ​တောင့်​တင်းသွားရသည်​။

"​Kim Jun Myeon"

ပိရိ​သေသပ်​တဲ့နှုတ်​ခမ်းတစ်​စုံက ကိုယ့်​နာမည်​ကို
တစ်​ခွန်းချင်း ​​ခေါ်လာ​တော့ ​ပျော်​တာလိုလို ၀မ်းနည်းတာလိုလို။

"မင်းကိုဘယ်​သူလှုပ်​ခွင့်​​ပေးသလဲ"

"မ​ပေးပါဘူး ဗိုလ်​မှူး!"

"မင်းမှာအပြစ်​ရှိတာ ၀န်​ခံလား"

"၀န်​ခံပါတယ်​ ဗိုလ်​မှူး!"

ဗိုလ်​မှူးရဲ့အသံက ဩဇာ​ညောင်းလွန်းလို့ Jun Myeon ဒူး​တွေ ​ညွတ်​​ခွေကျ​တော့မလိုပဲ။

ZHANGWhere stories live. Discover now