🎶 Love, love
I need somebody to love 🎶
မနက်ခင်းရဲ့ နွေးထွေးတဲ့ နေရောင်ခြည်က Tee ရဲ့ မျက်လုံးတွေကို ဖြည်းညင်းစွာ ထိတွေ့လိုက်တယ်။ တချိန်တည်းမှာပဲ ဖုန်းမြည်သံကြောင့် သူ အိပ်ရာက နိုးလာခဲ့တယ်။
သူ မျက်လုံးမပွင့်တပွင့်နဲ့ ဖုန်းကို ကောက်ကိုင်လိုက်တော့ ဖန်သားပြင်မှာ သူ့ရဲ့ "Hia" ဆီက ဖုန်းဝင်နေတာ တွေ့လိုက်ရတယ်။
Nani: "tee! အိပ်ရာထပြီလား ညီလေးရဲ့?"
Tee: "ဟုတ် Hia... အခုလေးတင် နိုးတာ။ Hia အသံကြားလို့ ပိုတောင် လန်းဆန်းသွားသလိုပဲ။"
Nani: "နေကောင်းရဲ့လား? အိမ်မှာ အားလုံး အဆင်ပြေကြရဲ့လား? မေမေရော၊ ဖေဖေရော ကျန်းမာရဲ့လား?"
Tee: "အားလုံး အဆင်ပြေပါတယ် Hia ရဲ့။ Hia ရော Canada မှာ အဆင်ပြေရဲ့လား? ကျောင်းစာတွေကကော ဘယ်လိုနေလဲ?"
Nani: "အဆင်ပြေပါတယ် ညီလေး။ စာတွေကတော့ နည်းနည်းများတာပေါ့။ ဒါပေမဲ့ Hia ကြိုးစားနေပါတယ်။ မင်းရော ကျောင်းမှာ စာတွေ လိုက်နိုင်ရဲ့လား? ဒီရက်ပိုင်း Assignment တွေ များတယ်ဆို?"
Tee: "ဟုတ် Hia... ဒီနေ့လည်း Assignment အသစ် ထပ်ရဦးမယ်။ ဒါကြောင့် စောစော နိုးလာတာ။ Hia ကို လွမ်းနေတာ သိလား?"
Nani: "Hia လည်း မင်းကို လွမ်းတာပေါ့ tee ရဲ့။ နောက်လတော့ Hia ပြန်လာဖို့ စီစဉ်နေတယ်။ အဲ့ကျမှ တွေ့ကြတာပေါ့။ မင်း ဂရုစိုက်ဦးနော်။ စောစောအိပ်၊ စောစောထ။ ပြီးတော့ အိမ်က လူကြီးတွေကိုလည်း ဂရုစိုက်ပေးဦး။"
Tee: "ဟုတ် Hia... Hia လည်း ကျန်းမာရေး ဂရုစိုက်နော်။ စာကျက်ရင်း အနားယူဖို့လည်း မမေ့နဲ့ဦး။ လွမ်းတယ် Hia!"
Hia: "အင်းပါ ညီလေး။ Hia လည်း လွမ်းတယ်။ ဒါပဲနော်။ နောက်မှ ဖုန်းထပ်ဆက်မယ်။"
ဖုန်းပြောပြီးတော့ Tee တစ်ယောက် ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုးလိုက်တယ်။ ပြီးတာနဲ့ ကျောင်းဝင်းထဲမှာပဲ နေတာဆိုတော့ လမ်းလျှောက်ပြီး ကျောင်းကို ထွက်လာခဲ့တယ်။ ဒီနေ့ ကျောင်းမှာ Assignment အသစ်တွေ ထပ်ရမှာမို့ သူ စောစော ရောက်ချင်နေတာ။
အော်မေ့နေတာ ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိတယ် ။haiကသိပ်တော်တာ အခုသူက Canadaမှာ environmental scienceကို phDတက်နေတာလေ ကျွတ်တော်ထက်၃နှစ်ပဲကြီးတယ်။
ကျောင်းဝင်းထဲ လျှောက်လာရင်း ကျောင်းသူ ကျောင်းသားတွေရဲ့ လှုပ်ရှားသွားလာနေတဲ့ ပုံရိပ်တွေကို သူ ငေးကြည့်နေမိတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ အတွေးတွေက Dew ဆီကို ရောက်သွားတယ်။
သူနဲ့ Dew နဲ့ ခင်တာ နှစ်ပတ်ကျော်ပဲ ရှိသေးပေမဲ့ ဒီအချိန်လေးအတွင်းမှာ သူတို့ တော်တော်လေး ရင်းနှီးလာခဲ့ကြတယ်။ မနေ့က Dew မျက်နှာ မကောင်းတာကို သူ သတိရမိတော့ ရင်ထဲမှာ တမျိုးကြီး ခံစားနေရတယ်။ "Dew အဆင်ရော ပြေရဲ့လား" လို့ သူ စိတ်ထဲကနေ တီးတိုး ရေရွတ်မိတယ်။
ခဏကြာတော့ Tee သူ့ကိုယ်သူ သတိထားမိသွားတယ်။ "ငါ ဘာလို့ လူတစ်ယောက်အကြောင်းကို ဒီလောက်ထိ စိတ်ဝင်စားနေမိပါလိမ့်" လို့ သူ တွေးရင်း ခေါင်းကို ခါယမ်းလိုက်တယ်။ ပြီးတော့ ကျောင်းကိုပဲ ဆက်လျှောက်လာခဲ့တယ်။
ကျောင်းရောက်တော့ သူနဲ့ ရင်းနှီးတဲ့ Sky ကို တွေ့လိုက်တယ်။
Tee: "ဟေ့ Sky! မင်း အစောကြီးပဲ ဘာလာလုပ်နေတာလဲ?"
Sky: "အမလေး Tee ရယ်! ငါ ညထဲက အိမ်မပြန်ရသေးတာ။ Club မှာ နည်းနည်း များသွားလို့။ အိမ်ပြန်ရင် အမေက ငါ့ကို သတ်မှာ သိလား"
Sky က မျက်နှာငယ်လေးနဲ့ ရွှတ်နောက်နောက် ပြန်ပြောတော့ Tee ရယ်ချင်သွားတယ်။
Tee: "အေးပါကွာ။ ပြီးတော့ Dew ရော? မင်း တွေ့မိသေးလား?"
Sky: "အဲ့ကောင် မနေ့က အိမ်ပြန်သွားတယ်တဲ့။ သူ့အဖေနဲ့ အဆင်ပြေရဲ့လားတော့ မသိဘူး။ သူတို့ သားအဖက မျက်နှာချင်းဆိုင်တာနဲ့ ပြဿနာ တက်နေကြတာလေ"
သူတို့ နှစ်ယောက် စကားပြောနေတုန်း Dew ရောက်လာပြီး သူတို့ ဘေးမှာ ဝင်ထိုင်လိုက်တယ်။
Dew: "ဟင် Tee! မင်း အစောကြီး ရောက်နေတာလား?"
Tee: "အင်း ဟုတ်တယ်။ ငါ ကျောင်းမှာ လုပ်စရာလေးတွေ ရှိသေးလို့။ မင်း ဘာစားပြီးပြီလဲ?"
Dew: "ငါ မစားရသေးဘူး။ ဗိုက်ဆာနေတာ။ တစ်ခုခု သွားစားကြမလား?"
Tee: "ကောင်းသားပဲ သွားမယ်လေ"
သူတို့ သုံးယောက် မုန့်ဆိုင်လေးကို လျှောက်သွားရင်း စကားတွေ တပြောပြောနဲ့။ မုန့်ဆိုင်ရောက်တော့ Dew က အန်တီ့ကို လှမ်းမှာလိုက်တယ်။
Dew: "အန်တီရေ! ဖက်ကဖောင် တစ်ပွဲနော်။" (Phad Kra Pao)
ပြီးတော့ Tee ကို လှည့်မေးတယ်။
Dew: "Tee မင်း ဘာစားမလဲ?"
Tee: "ငါ ဆန်ပြုတ်နဲ့ အီကြာကွေး စားမယ်။"
Sky: "အန်တီ ကျွန်တော်လည်း အဲ့ဒါပဲ မှာမယ်။ ဆန်ပြုတ်နဲ့ အီကြာကွေးပဲ။"
Dew: "အဲ့ဆို အန်တီ ဖက်ကဖောင် တစ်ပွဲ၊ ဆန်ပြုတ် နှစ်ပွဲ၊ ပြီးတော့ အီကြာကွေး ထည့်ပေးပါနော်။"
သူတို့ သုံးယောက် စကားတပြောပြောနဲ့ မနက်စာကို ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီးတော့ သူတို့ရဲ့ သက်ဆိုင်ရာ အတန်းတွေကို သွားတက်လိုက်ကြတယ်။
ဒါလေးကတော့ pad kra paoပါ မြန်မာလိုအလွယ်ခေါ်မယ်ဆို ဖက်ကဖောင်ပေါ့နော်